CREST syndrome (ခရက်စ်ရောဂါစု)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 13, 2019 . 5 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

CREST syndrome (ခရက်စ်ရောဂါစု) ကဘာလဲ။

ခရက်စ်ရောဂါစုကို limited scleroderma ဟုလည်း ခေါ်ကြပြီး အရေပြား၊သွေးကြော၊အရိုးတွင် ကပ်နေသော ကြွက်သားများ နှင့် ကလီစာများတွင် ပြောင်းလဲမှုများဖြစ်ပေါ်စေသည့် တစ်ကိုယ်လုံးအနှံ့ဖြစ်ပွားသော ချိတ်ဆက်တစ်ရှူးရောဂါဖြစ်သည်။

ခရက်စ်ရောဂါစုတွင် ပါဝင်သောလက္ခဏာများသည် ယေဘုယျဖြစ်ပွားသော systemic sclerosis ရောဂါနှင့် ဆက်စပ်မှုရှိသည်။ ခရက်စ်ဟူသည်မှာ ကျောက်တည်ခြင်း၊ရေးနောဖြစ်စဉ်၊အစာမျိုပြွန်စွမ်းဆောင်ရည်မဲ့

သွားခြင်း၊sclerodactyly,telangiectasia စသော ရောဂါများတွင်တွေ့ရသည့် လက္ခဏာများအတွက် တစ်လုံးတည်း နာမည်တပ်ခေါ်သော နာမည်တူဖြစ်သည်။

CREST syndrome (ခရက်စ်ရောဂါစု) က ဘယ်လောက်အဖြစ်များသလဲ

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

CREST syndrome (ခရက်စ်ရောဂါစု) ရဲ့လက္ခဏာတွေကဘာတွေလဲ

ခရက်စ်ရောဂါစုရဲ့ အဖြစ်များသောရောဂါလက္ခဏာတွေကတော့

ကျောက်တည်ခြင်း – ကယ်လ်စီယမ်ဓါတ်များဖြင့်တည်ဆောက်ထားသည့် နာကျင်သော အကြိတ်များအရေပြားတွင်ထွက်ပေါ်လာခြင်းကိုဆိုလိုသည်။ သင်၏လက်ချောင်းများ(သို့) အခြားသော နေရာများတွင်လည်း ထိုသို့ကျောက်တည်တတ်သည်။

ရေးနောဖြစ်စဉ်- သင်သည် ဖိစီးမှုတခုခုကြောင့်(သို့) သင်သည် ချမ်းအေးနေပါက အဖြူရောင် အေးစက်သည့် လက်နှင့် ခြေထောက်များဖြစ်သွားခြင်းကိုဆိုလိုသည်။ ထိုအရာမှာ သွေးလည်ပတ်မှုပြဿနာများကြောင့်ဖြစ်သည်။

အစာမျို ပြွန်စွမ်းဆောင်ရည်မဲ့သွားခြင်း – မျိုချရန်ခက်ခဲခြင်း(သို့)ပြန်အန်ထွက်ခြင်းတို့ကိုဆိုလိုသည်။ သင်၏ပါးစပ်မှ အစာအိမ်အထိ ဆက်သွယ်ထားသည့် အစာပြွန်တွင် အမာရွတ်တည်သွားခြင်းကြောင့်ဖြစ်သည်။

Sclerodactyly- လက်ချောင်းများ(သို့)ခြေချောင်းများ၏အရေပြားများသည် ထူ၍တင်းမာလာခြင်းကိုဆိုလိုသည်။ သင်၏လက်ချောင်းများ

ကွေးရန်လည်းခက်ခဲစေနိုင်သည်။

Telangiectasias – လက်၊လက်ဖဝါးများ၊လက်ဖျံ၊မျက်နှာ နှင့် နှုတ်ခမ်းများတွင် အနီစက်များဖြစ်ပေါ်လာခြင်းကိုဆိုလိုသည်။ သွေးကြောများ ကျယ်သွား၍ဖြစ်သည်။ ထိုရောဂါပုံစံရှိသော သူများတွင်

အနည်းဆုံး အောက်ပါလက္ခဏာနှစ်ခု ရှိနေတတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

CREST syndrome (ခရက်စ်ရောဂါစု) ကိုဘာတွေကဖြစ်စေသလဲ

ခရက်စ်ရောဂါစုရှိသော သူများ၏ ခုခံအားစနစ်သည် fibroblasts ခေါ်သောဆဲလ်များအား ကော်လေဂျင်များကို လွန်ကဲစွာထုတ်လုပ်ရန် အားပေးသည်။scleroderma ၏အဓိကလက္ခဏာမှာ တစ်ရှူးများတွင် အမျှင်ဓါတ်များပို၍ပို၍ ဖုံးလွှမ်းလာခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ထို firbroblastsများသည် ကော်လေဂျင်ဓါတ်များကို အနာကျက်စေရန်သာ ထုတ်လုပ်သော်လည်း ယခုကဲ့သို့ရောဂါမျိုးတွင် ကော်လေဂျင်ပရိုတိန်းဓါတ်များအား မလိုသောအခြေအနေများတွင်ပါထုတ်လုပ်လာပြီး အရေပြား၊သွေးကြောနှင့် တခါတရံ အတွင်းကလီစားများ၏ပတ်လည်တွင်ထူထဲသော ချိတ်ဆက်တစ်ရှူးများကို ဖြစ်ပေါ်စေသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ CREST syndrome (ခရက်စ်ရောဂါစု) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘယ်အရာတွေက ခရက်စ်ရောဂါစဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ခရက်စ်ရောဂါစဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

မျိုးရိုးဗီဇ – ခုခံအားစနစ်နှင့် ပတ်သတ်သော ရောဂါရှိသည့် မိသားစုဝင်များရှိခြင်း

လိင် – အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။

လူမျိုး – လူမည်းများနှင့် မူလ အမေရိကန်လူမျိုး များသည် လူဖြူများထက်ပိုဖြစ်တတ်သည်။

ပတ်ဝန်းကျင် – ပိုလီဗီနိုင်းကလိုရိုက်၊ဘန်ဇင်း၊ဆီလီကာ နှင့် tricholoethylene ကဲ့ သို့သော အဆိပ်များကို ထိတွေ့မှုရှိပါက ထိုရောဂါ မျိုးရိုးဗီဇရှိသူများတွင် ခရက်စ်ရောဂါစုဖြစ်ပွားစေတတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

CREST syndrome (ခရက်စ်ရောဂါစု) ကို ဘယ်လိုအတည်ပြုပါသလဲ

ခရက်စ်ရောဂါစုသည် အဖြေရှာအတည်ပြုရန် ခက်ခဲနိုင်ပါသည်။ ရောဂါလက္ခဏာများသည် ကျယ်ပြန့်စွာ ကွဲပြားလှပြီး မကြာခဏပင် အခြားသော ချိတ်ဆက်တစ်ရှူးရောဂါများနှင့် ခုခံအားစနစ်ရောဂါများ၏ လက္ခဏာများဖြင့်ပင်ဆင်တူတတ်သည်။ နောက်ဆက်တွဲပြဿနာ

မှာ ခရက်စ်ရောဂါစုသည် polymyositis,lupus and rheumatoid arthritis ကဲ့သို့သော အခြား ခုခံအားစနစ်ရောဂါများနှင့် တွဲ၍ဖြစ်နေတတ်ခြင်းဖြစ်သည်။

ရောဂါအားအဖြေရှာအတည်ပြုပုံမှာ ဖြစ်ပွားနေကျ လက္ခဏာများအပေါ်တွင်သာအခြေခံလေ့ ရှိသည်။ အဓိက လက္ခဏာငါးခုထဲမှ အနည်းဆုံး သုံးခုသည် ဝေဒနာရှင်များတွင် ဖြစ်ပွားလေ့ရှိသည်။ ရောဂါအားအဖြေရှာအတည်ပြုနိုင်သည့် အခြားသော စစ်ဆေးစမ်းသပ်မှုများမှာ

သွေးစစ်ဆေးမှုများ – သွေးနမူနာယူ၍ ခရက်စ်ရောဂါဖြစ်သည့်သူများ၏သွေးတွင် အကြိမ်ဖန်များစွာ တွေ့ရသည့် antibodies များကို စစ်ဆေးခြင်းဖြစ်သည်။ ထိုစစ်ဆေးမှုသည် အဓိကစစ်ဆေးမှုမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ခရက်စ်ရောဂါရှင်တိုင်းတွင် ထို antibodies များကို မတွေ့ရ၍ဖြစ်သည်။

အရေပြားအသားစယူခြင်း – အရေပြားကို အသေးစား နမူနာယူ၍ ဓါတ်ခွဲခန်းရှိ မှန်ပြောင်းအောက်တွင် စစ်ဆေးကြည့်ခြင်းဖြစ်သည်။ အသားစယူကာစစ်ဆေးမှုများသည် အထောက်အကူပြုနိုင်သော်လည်း ခရက်စ်ရှိကြောင်းကို ယတိပြတ် အတည်ပြုပေးနိုင်ခြင်းမရှိပေ။

ထပ်မံ စစ်ဆေးမှုများ – သွေးစစ်ဆေးမှုများနှင့် အရေပြားအသားစယူခြင်းတို့နှင့် အတူ အဆုတ်၊နှလုံး (သို့) အစာအိမ်လမ်းကြောင်းရှိနောက်ဆက်တွဲရောဂါများအား စမ်းသပ်မှုများကိုလည်း ပြုလုပ်ရတတ်သည်။ ကျောက်တည်ခြင်းကိုလည်း ဓါတ်မှန်စစ်ဆေးမှုများဖြင့် သိရှိအတည်ပြုနိုင်သည်။ များပြားလှသော ဓါတ်မှန်စစ်ဆေးမှုများဖြင့် အစာမျိုပြွန်၏ လှုပ်ရှားနိုင်မှုကို သိရှိနိုင်သည်။ ထိုးဖောက်မှုအနည်းဆုံး စမ်းသပ်စစ်ဆေးမှုတွင် ရေဒီယိုသတ္တိကြွ ဘေရီယမ် ဓါတ်မှန်စစ်ဆေးမှုများပါဝင်သည်။

CREST syndrome (ခရက်စ်ရောဂါစု) ကို ဘယ်လိုကုသပါသလဲ

ကံမကောင်းစွာဖြင့် ခရက်စ်ရောဂါစုကို ကုသနိုင်သည့်နည်းလမ်းမရှိသေးပါ။ ရောဂါသည် စိတ်ရောလူပါထိခိုက်မှုများဖြစ်စေသောကြောင့် ကုသရာတွင် စိတ်ရောလူပါအပြည့်အဝကုသမှုများကို ရယူသင့်သည်။ ကုသမှုများတွင် လက္ခဏာများသက်သာအောင်ပြုလုပ်ပေးခြင်း နှင့် နောက်ဆက်တွဲရောဂါများမဖြစ်ရန်ကာကွယ်ခြင်းတို့ပါဝင်သည်။

ကျောက်တည်ခြင်း – ကျောက်တည်ခြင်းအား ကုသရန် ကာကွယ်ရန် နည်းလမ်းမရှိသေးပေ။ ကြီးမားနာကျင်လှသော ကယ်လ်စီယမ် အခဲများသည် တခါတရံတွင် ခွဲစိတ်ဖြတ်ထုတ်ပေးရန်လိုအပ်ပြီး အရေပြားအနာများမှ ပုပ်သွားသည်အထိဖြစ်လာပါက လက်ထိပ်များကို ဖြတ်တောက်ကုသရန်လည်းလိုအပ်တတ်သည်။ အောက်ပါ

ကုသမှုများမှတခု (သို့) ပေါင်းစပ်ထားသောကုသမှုများအား ရောဂါတခုပြီးတခု အချက်အလက်များပေါ်မူတည်၍ အသုံးပြုရနိုင်သည်။ သို့သော် ထိရောက်မှုအားသက်သေပြရန် ပိုမိုကြီးမားသော စစ်ဆေးမှုများလိုအပ်နေသေးသည်။

Colchicine

Intravenous Corticoids: Oral or intralesional

Probenecid

Diltiazem

Warfarin

Aluminum hydroxide

Bisphosphonate

Minocycline

immunoglobulin therapy

ရေးနောဖြစ်စဉ် – အောက်ပါကုသမှုများသည် ရေးနောလူနာများအားကုသရာတွင် အသုံးပြုနိုင်သည်။

ဖြစ်ပွားနိုင်သည့်အကြောင်းအရင်းများနှင့်

ဖြစ်နိုင်ချေများကိုလျှော့ချပါ။ ဆေးလိပ်ဖြတ်ပါ။ ဘီတာဘလော်ကာဆေးများကိုရှောင်ပါ။ ဖြစ်ပွားစေနိုင်သည့်မည်သည့်အကြောင်းအရင်းမဆို ဥပမာ တုန်ခါမှုပေးနိုင်သော ပစ္စည်းများအသုံးပြုခြင်းတို့ကို ရှောင်ကြဉ်ပါ။ လက်နှင့် ကိုယ်နွေးအောင်ပြုလုပ်သည့် လေ့ကျင့်ခန်းများကို သင်ကြားပါ။ ကြာရှည်စွာအာနိသင်ပေးနေမည့် calcium channel blockers ဆေးများကို သုံးပါ။ ထိုကုသမှုတွင် နိုက်ထရိုဂလစ်စရင်း အဆီအား လူးခြင်းလည်း ထည့်သွင်းနိုင်သည်။

အစာမျိုပြွန်အလုပ်မလုပ်ခြင်း – အစာမျိုပြွန်အလုပ်မလုပ်ခြင်း နှင့် အစာအိမ်နှင့် အစာမျိုပြွန်ကြားတွင် အက်စစ်များ ပြန်တက်ခြင်းတို့ကို ကုသမှုသည် ခရက်စ်ရောဂါမရှိသူများတွင် ကုသမှုနှင့်တူညီသည်။ အနေအထိုင်အစားအသောက်ပြောင်းလဲခြင်း၊H2blockersဆေးများပေးခြင်းနှင့် အစာမျိုပြွန်အားပြန်ဖောင်းကားစေသောကုသမှုများ သည် ရောဂါပိုမိုပြင်းထန်ပါက ပါဝင်လာတတ်သည်။ အစာမျိုရခက်ခြင်း(သို့)အစာမျိုပြွန်ကျဉ်းရာမှ

ပြန်အန်ထွက်ခြင်း တို့ပြင်းထန်ပါက ထိုသို့အစာမျိုပြွန်အားပြန်လည်ဖောင်းကားစေခြင်းသည်အထောက်အကူပြုနိုင်သည်။

Sclerodactyly – ကော်တီကို စတီးရွိုက်၊စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ၊ဒီ ပန်နီဆလင်မင်း၊IFN-gamma,cyclosporineနှင့် cytostatic drugs များသည် ကုသမှုတွင်ပါဝင်သည်။ အရေပြားအားခရက်စ်ရောဂါမှထိခိုက်မှုသည် ပုံမှန်အားဖြင့် သိပ်မပြင်းထန်တတ်သောကြောင့် အရေပြားပြဿနာများအား ကုသရန် ပြုလုပ်လေ့မရှိကြပါ။

Telangiectasia – Pulsed-dye လေဆာကုသမှုသည် မျက်နှာ telangiectasia ကုသရာတွင် ထိရောက်မှုရှိသော်လည်း ခရက်စ်ရောဂါရှင်များတွင် ထိရောက်မှုရှိမရှိ ကို အထူးပြုမလေ့လာရသေးပေ။ ကုသမှုတွင် အီစရိုဂျင်-ပရိုဂျက်စတီရုန်း (သို့) ဒက်စ်မိုပရက်စင်၊လေဆာဖြင့် ဖြတ်ထုတ်ခြင်း(သို့) sclerotherapy တို့ပါဝင်တတ်သည်။

လက်ချောင်းများ၏လှုပ်ရှားနိုင်မှုများမဆုံးရှံူးသွားရန် ကွေးခြင်းဆန့်ခြင်း လေ့ကျင့်ခန်းများပြုလုပ်ရန်အရေးကြီးပါသည်။ ကာယပိုင်းဆိုင်ရာကျွမ်းကျင်ဆရာဝန်သည် ပါးစပ်နှင့် မျက်နှာ အားလွယ်ကူစွာလှုပ်ရှားမှုပြုနိုင်ရန်အထောက်အကူပြုသည့် မျက်နှာလေ့ကျင့်ခန်းများကို ပြသနိုင်သည်။ နေ့စဉ်အလုပ်များကို ခရက်စ်ရောဂါကြောင့် ထိခိုက်လာပါက အလုပ်ပိုင်းဆိုင်ရာကာယပညာရှင်မှ နည်းလမ်းအသစ်များဖြင့် ကူညီပေးနိုင်ပါသည်။ဥပမာ အထူးပြုလုပ်ထားသော သွားတိုက်ခြင်းနှင့် ပလုတ်ကျင်းစက်များသည် သွားများအား ကုသမှုပေးရန်လွယ်ကူစေသည်။ အချို့သော ဝေဒနာရှင်များသည်လည်း ခွဲစိတ်မှုများလိုအပ်လာတတ်သည်။

စိတ်ကျရောဂါသည် 45ရာခိုင်နှုန်းသော systemic sclerosisရောဂါဝေဒနာရှင်များနှင့် anxiety ဝေဒနာရှင်များတွင် ဖြစ်ပေါ်တတ်သောကြောင့် စိတ်ပိုင်းဆိုင်ရာကို စောစီးစွာ စမ်းသပ်ကုသမှုများသည် လိုအပ်လှသည်။

စမ်းသပ်လေ့လာမှုများအရ အောက်ဆီကိုဒုန်းသည် ပြင်းထန်သော အရေပြားအနာများတွင် အနာသက်သာစေရန်အတွက် ဘေးကင်းပြီး ထိရောက်ကြောင်းသိရပြီး လိမ်းဆေး လီဒိုကိန်းသည်လည်း systemi scleroderma ဝေဒနာရှင်များ ၏ လက်ချောင်း ခြေချောင်းများတွင်လည်း အနာသက်သာစေကြောင်းသိရသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ခရက်စ်ရောဂါစုကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ခရက်စ်ရောဂါစုကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ခရက်စ်ရောဂါဝေဒနာရှင်များအတွက် အသုံးဝင်သည့် အနေအထိုင်အပြုအမူအချို့ရှိပါသည်။

ရေးနောဖြစ်စဉ်၏လက္ခဏာများသက်သာစေရန် အပြင်တွင်ရာသီဥတုအေးသောအခါနှင့် အိမ်ထဲတွင် ရေခဲသေတ္တာ ကိုကိုင်တွယ်အသုံးပြုသောအခါ လက်အိတ်များဝတ်ဆင်သင့်ပါသည်။ ကိုယ်အပူချိန်ကို ထိန်းညှိရန်လည်း ဦးထုပ်ဝတ်ခြင်း၊အနွေးထည်ဝတ်ခြင်း၊လည်စည်းနှင့် ခြေစွတ်၊သွေးကြောပိတ်လောက်အောင် မတင်းပဲ သင့်တော်သောရှူးဖိနပ်များစီးခြင်းတို့ကို လည်းပြုလုပ်သင့်ပါသည်။

ဆေးလိပ်သောက်သူများကလည်း ဆရာဝန်အား ဆေးလိပ်ဖြတ်ရန်နည်းလမ်းကိုမေးမြန်းသင့်ပါသည်။ ဆေးလိပ်ရှိ နီကိုတင်းဓါတ်သည် သွေးကြောများကို ကျဉ်းစေပြီး ရေနောဖြစ်စဉ်အား ပိုမိုဆိုးစေသည်။ အစာမျိုရန်ခက်ခဲနေသူများသည် ချောမွတ်ပျော့ပျောင်းစိုစွတ်သော အစားအသောက်များကို သေသေချာချာဝါး၍စားရန်လိုအပ်ပါသည်။ အက်စက်များပြန်တက်နေသောလူနာများသည်လည်း အစားအစာကို မကြာခဏနည်းနည်းစီ စားသောက်သင့်ပြီး အရက်၊အစပ်၊ချောကလက်၊အဆီများသောအစားအသောက်များနှင့် ကဖင်းဓါတ်များ၊အစာစားပြီးနှင့် အစာမစားခင် ချက်ချင်း လေ့ကျင့်ခန်းလုပ်ခြင်းများ စသည်တို့ကို ရှောင်ကြဉ်သင့်ပါသည်။ အစာစားပြီး နာရီအနည်းငယ်ကြာတိုင်း တည့်တည့် ထိုင်ခြင်းဖြင့် လည်း အထောက်အကူပြုနိုင်သည်။

အရေပြားအားပျော့ပြောင်းနေစေရန် ဆပ်ပြာကြမ်းများနှင့် ချွတ်ဆေးများအသုံးပြုခြင်းကို ရှောင်၍ ပျော့ပြောင်းချောမွတ်သော ဆပ်ပြာရည်များနှင့် စိုထိုင်းမှုပါသော ရေချိုးဆီများကို အသုံးပြုနိုင်သည်။ ရေခဏဏမချိုးပဲ အချိန်တိုမျှသာရေချိုးခြင်းနှင့် ရေပူထက်စာလျှင် ရေနွေးနွေးဖြင့်သာ ရေချိုးခြင်းတို့ကိုလည်းပြုလုပ်သင့်သည်။ အိမ်တွင်းစိုထိုင်းစကိုထိန်းညှိပေးရန် လေထုအားထိန်းညှိစက်ဖြင့်လည်း အရေပြားအားချောမျွတ်ကာသက်သောင့်သက်သာဖြစ်စေပြီး အသက်ရှူလမ်းကြောင်းကိုလည်းကောင်းမွန်စေသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ပုံမှန်မဟုတ်တဲ့ စိုးရိမ်ပူပန်လွန်ကဲခြင်း လက္ခဏာများ

    လူအများစုရဲ့ ဘဝမှာ တစ်ခါလောက်တော့ စိုးရိမ်ပူပန်တာမျိုး ဖြစ်တတ်ကြပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဝှေးစေ့ကင်ဆာအကြောင်း တစေ့တစောင်း

    လိင်ကျန်းမာရေး အမျိုးသားရောဂါ ကင်ဆာကုထုံး ရောဂါလက္ခဏာများ ဝှေးစေ့ကင်ဆာ ဘယ်သူတွေမှာ အဖြစ်များလဲ ရောဂါရှိမရှိ ဘယ်လိုစစ်ဆေးမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာများ

    When invisible germs enter the urinary tract for a variety of reasons, they begin to show symptoms of urinary tract infection. bacteria , Fungal infections; In very rare cases, it can be caused by a virus. Studies ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    လည်ချောင်းခြောက်ပြီး ယားနေတာ ဒါတွေကြောင့် ဖြစ်နိုင်တယ်နော်

    အအေးမိဖျားနာ ဓါတ်မတည့်ခြင်း ခံတွင်းခြောက်ခြင်း ရောဂါလက္ခဏာများ ရာသီအကူးအပြောင်းကာလ အိပ်နေစဉ်အသက်ရှုရပ်တန့်ခြင်း ပျောက်ကင်းသက်သာအောင်ဘယ်လိုလုပ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သင့်အတွက် ရွေးချယ်ထားသည်

    နှလုံးရောဂါ အကြောင်း

    နှလုံးရောဂါ အကြောင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 5 mins read
    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ကြက်ညှာချောင်းဆိုးရောဂါ အချိန်မှီကာကွယ်ပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 mins read
    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    မိုးရာသီရဲ့နတ်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 8, 2020 . 3 mins read

    ကလေးများတွင်ဖြစ်သော မျက်လုံးတိမ်စွဲခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2020 . 2 mins read