အဓိပ္ပါယ်ဖွင့်ဆိုချက်
Acquired Lipodystrophy (မွေးရာပါမဟုတ်တဲ့ အဆီလျော့နည်းရောဂါ) ကဘာလဲ။
Lipodystrophy ဆိုတာ သင့်ခန္ဓါကိုယ်ကနေ အဆီကို သိုလှောင်ခြင်း အသုံးချခြင်းနဲ့ ပတ်သက်ပြီး ဖြစ်ပွားတဲ့ ပြသနာဖြစ်ပါတယ်။ မွေးရာပါ မဟုတ်ဘဲ ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပါတယ်။ အရေပြားအောက်က အဆီများပေါ် သက်ရောက်မှုရှိတာကြောင့် သင်မြင်တွေ့ရပုံ ပြောင်းလဲနေနိုင်ပါတယ်။ ကိုယ်ခန္ဓါကိုလည်း ပြောင်းလဲနိုင်ပါတယ်။ HIV ပိုးရှိသူအချို့မှာ Lipodystrophy တွေ့ရပါတယ်။ သောက်နေတဲ့ ဆေးတွေကြောင့် ဖြစ်နိုင်သလို ရောဂါသီးသန့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။