home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လေဒီလေးတို့ သွေးအမျိုးအစားအလိုက်ဂရုစိုက်သင့်တဲ့ အလှအပရေးရာ

လေဒီလေးတို့ သွေးအမျိုးအစားအလိုက်ဂရုစိုက်သင့်တဲ့ အလှအပရေးရာ

မြင်သူတိုင်းမငေးရင်တောင် အသားအရေကြည်ကြည်လင်လင်လေးနဲ့လှချင်မိတဲ့ စိတ်ကူးမိန်းကလေးတိုင်းလိုလိုမှာရှိကြမှာပါ။ မိန်းကလေးဆိုတာ အလှကြိုက်တဲ့အမျိုးလို့တောင်ပြောကြတာမျိုးရှိတယ်နော်။ ဒီတစ်ခေါက်တော့ Helloဆရာဝန်ရဲ့လေဒီပရိသတ်လေးတို့အတွက်သွေးအမျိုးအစားအလိုက် သိထားသင့်တဲ့ အလှအပဆိုင်ရာအကြောင်းလေးတွေဆွေးနွေးပေးချင်ပါတယ်။

သွေးအမျိုးအစားအလိုက် သိထားဖို့လိုမယ့် အလှအပရေးရာ

သွေးအမျိုးအစားကိုလိုက်ပြီး အလှအပထိန်းသိမ်းမှုပုံစံက ကွာခြားပါတယ်။ ဒီတော့အရင်ဆုံး ကိုယ့်ရဲ့သွေးအမျိုးအစားကို အတိအကျသိဖို့လိုပါမယ်နော်။

Aသွေးပိုင်ရှင်ေလဒီတို့အတွက်

Aသွေးပိုင်ရှင်တွေအတွက်အရေးကြီးဆုံးတစ်ချက်က အာဟာရမျှတအောင်စားသုံးပေးဖို့ပါ။ အသားတွေတော့အများကြီးမစားသင့်ပါဘူး။ အသီးရွက်များများစားပြီး အသားနည်းနည်းပဲစားတာက Aသွေးပိုင်ရှင်လေဒီလေးတွေကို စိုပြည်တဲ့အသားအရေပိုင်ဆိုင်စေနိုင်မှာပါ။ချွေးထွက်နည်းပြီး အဆီပြန်တာမျိုးသိပ်မရှိတဲ့ အသားအရေပိုင်ရှင်မျိုးပါ။ မျက်နှာပေါ်မှာချွေးပေါက်တွေကျယ်နေတာမျိုးလည်းမရှိတာကြောင့်အခြားသွေးအမျိုးအစားလေဒီတွေနဲ့ ယှဉ်ရင် အသားအရေကောင်းတယ်လို့ဆိုရပါမယ်။အောက်ခံမိတ်ကပ်အထူကြီးလူးစရာမလိုတဲ့ အသားအရေပိုင်ရှင်မျိုးပေါ့။ အသားအရေလးမှာလိုအပ်တဲ့အာဟာရတွေပြည့်နေပြီး လှပစေဖို့ သံလွင်ဆီစစ်လေးလူးပေးလို့ရပါတယ်နော်။ သံလွင်ဆီနဲ့ တကယ်တည့်လွန်းတဲ့ အသားအရေမျိုးပါ။ မျက်လုံးလေးကိုတောက်တောက်ပပလေးခြယ်သဖို့တော့ မမေ့ပါနဲ့။

Bသွေးပိုင်ရှင်ေလဒီလေးတွေအတွက်

Bသွေးပိုင်ရှင်လေဒီလေးတွေကတော့ အရေပြား ခပ်ပါးပါးလေးဖြစ်ပြီး တုံပြန်ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် ခပ်ပျော့ပျော့နဲ့ အနံ့မပြင်းတဲ့ မျက်နှာသစ်ဆေးမျိုးကအသင့်တော်ဆုံးဖြစ်မှာပါ။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေပါ။ အသင့်တော်ဆုံးအသားအရေထိန်းသိမ်းမှုကတော့ ဆဲလ်သေတွေကိုဖယ်ရှားတာပါပဲ။ရွှေအိုရောင်ရှိတဲ့အေက်ခံမိတ်ကပ်က အကောင်းဆုံးဖြစ်မှာပါရွှေအိုရောင်သန်းတဲ့ အိုင်းရှဲဒိုးလေးနဲ့ရွှေညိုရောင်သန်းတဲ့ ပစ္စည်းလေးတွေက Bသွေးပိုင်ရှင်လေဒီလေးတွေနဲ့ အလိုက်ဖက်ဆုံးပါနော်။ Bသွေးပိုင်ရှင်လေးတွေနဲ့ အသင့်တော်ဆုံးအသားအရေထိန်းသိမ်းမှုကတော့ ဆဲလ်သေတွေကို ဖယ်ရှားတာပါ။

ABသွေးပိုင်ရှင်လေဒီလေးတွေအတွက်
ABသွေးပိုင်ရှင်လေဒီလေးတွေအတွက် အသင့်တော်ဆုံးကတော့ သဘာဝပစ္စည်းတွေနဲ့ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေပါ။ မျက်နှာကိုရေနွေးနဲ့သစ်တာမျိုးမလုပ်သင့်ပါဘူး။ ABသွေးပိုင်ရှင်လေဒီလေးတွေရဲ့ အားသာချက်ကနေရောင်ဒဏ်ကိုခံနိုင်တာနဲ့ အရွယ်တင်တဲ့ အသားအရေကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ ကြက်ဥအကာက ABသွေးပိုင်ရှင်လေဒီတို့အတွက် အကောင်းဆုံးသော အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းပါ။ ကြက်ဥအကာနဲ့ မျက်နှာပေါင်းတင်ပြီး အသားအရေထိန်းသိမ်းသင့်ပါတယ်။ရေနွေးကို အအေးခံထားတဲ့ရေနဲ့ မျက်နှာသစ်တာအကောင်းဆုံးပါ။ သတိထားသင့်တာလေးတစ်ချက်က ABသွေးပိုင်ရှင်လေဒီတွေအနေနဲ့ Concealer ကိုသေချာရွေးချယ်ဖို့လိုတယ်ဆိုတာပါ။
Oသွေးပိုင်ရှင်လေဒီလေးတွေအတွက်
Oသွေးပိုင်ရှင်လေးတွေအတွက် အလှအပလျှို့ဝှက်ချက်က အိပ်ရေးဝဝအိပ်စက်ခြင်းပါ။ပြည့်ဝကောင်းမွန်စွာအိပ်စက်အနားယူနိုင်လေလေ Oသွေးပိုင်ရှင်လေးတွေက လှပလာလေပေါနော်။ Oသွေးလေဒီလေးတွေကချွေးပေါက်ကျယ်သလို အဆီလည်းပြန်တတ်ကြပါတယ်။ မျက်နှာကိုတော့ ခပ်ပျော့ပျော့ ဂျယ်လ်အမျိုးအစား မျက်နှာသန့်ဆေးလေးသုံးပြီး သန့်စင်ပါ။ မိတ်ကပ်ရွေးတဲ့အခါ SPF ပါတဲ့ အမျိုးအစားကိုရွေးချယ်တာ အသင့်တော်ဆုံးဖြစ်မှာပါ။ Oသွေးလေဒီလေးတွေလှပဖို့အတွက်ကတော့ Eyelinerလေးကောင်းကောင်းလေးတစ်ချောင်းဆောင်ထားဖို့လိုပါမယ်နော်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

7 Beauty Tips According to Your Blood Type …https://beauty.allwomenstalk.com/beauty-tips-according-to-your-blood-type/ Accessed Date 14 February 2019

Beauty Tips For Every BloodTypehttps://beautifullyinternational.wordpress.com/2010/09/20/beauty-tips-for-every-blood-type/ Accessed Date 14 February 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ ခုလေးတင် တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။