ဒီဘက်ခေတ်မှာ လူကြီးလူငယ်မရွေး အရက်နဲ့တော့ မကင်းကြတော့ပါဘူး။ လူမှုရေးအရရော အသက်ငယ်သေးတဲ့အတွက် ကိုယ့်အပေါင်းအသင်းနဲ့အတူ ပျော်ဖို့ ရွှင်ဖို့အတွက် စားပွဲဝိုင်းလေးမှာ အရက်ကလေးပါမှ မြိန်တတ်ကြတာကိုး။ အဲ့လိုသောက်ချင်သလို သောက်ပြီး နောက်နေ့ဆိုရင် အလူးအလဲခံရမယ့် ဒုက္ခကတော့ အရက်နာကျတဲ့ဝေဒနာပါပဲ။ သောက်တဲ့ပမာဏနဲ့ လူပေါ်မူတည်ပြီး ဝေဒနာပြင်းထန်မှုက ကွာသွားနိုင်တယ်ဆိုပေမယ့် လူအများစုအနေနဲ့တော့ ဒီပြဿနာကို မလွဲမသွေ ကြုံကြရတတ်ပါတယ်။