Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) ကဘာလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အဓိပ္ပါယ်ဖွင့်ဆိုချက်

Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) ကဘာလဲ။

Delirium tremens ဆိုသည်မှာ အရက်အလွန်သောက်သူများ အရက်ဖြတ်လိုက်သောအခါ ဖြစ်ပေါ်လာသော ရုတ်တရက် စိတ်ရှုပ်ထွေးခြင်း တစ်မျိုး ဖြစ်ပါသည်။ စိတ်ရှုပ်ထွေးရာတွင် ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ခံစားမှုများ ပြောင်းလဲခြင်း၊ မျက်စိလည်ခြင်း နှင့် ရန်လိုသော သောင်းကျန်းသော အပြုအမှုများ ပါဝင်ပါသည်။

Delirium tremens (DT) သည် အရက်ဖြတ်ခြင်းကြောင့် ဖြစ်သော ဆိုးရွားသော ရောဂါတစ်မျိုး ဖြစ်ပါသည်။

Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) က ဘယ်လောက်အဖြစ်များသလဲ

အရက်ကြောင့်ဖြစ်သော Delirium tremens သည် အရက်ဖြတ်ရောဂါနှင့် ဂနာမငြိမ်ဖြစ်မှု မှတ်တမ်းများ ရှိသော အချိန်အကြာကြီး အရက်အလွန်အကျွံသောက်သောသူများတွင် ဖြစ်ပွားပါသည်။ အန္တရာယ်ရှိသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက်အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရောဂါလက္ခဏာများသည် လျင်မြန်စွာ ဆိုးရွှားနိုင်ပါသည်။ အောက်ပါတို့ပါဝင်ပါသည်။

  • ခန္ဓာကိုယ်တုန်ရီခြင်း
  • စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း
  • တုန်လှုပ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း
  • စိတ်ရှုပ်ထွေးခြင်း၊ မျက်စိလည်ခြင်း
  • အာရုံစိုက်မှု အတိုင်းအတာ လျော့ကျခြင်း
  • တစ်နေ့ သို့မဟုတ် ပို၍ကြာစွာ အိပ်ပျော်ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • စိတ်လှုပ်ရှားခြင်း
  • ကြောက်ရွံ့ခြင်း
  • ထင်ယောင်ထင်မှားဖြစ်ခြင်း ( တကယ်မရှိသောအရာများကို မြင်ရ ခံစားရခြင်း)
  • လှုပ်ရှားမှုများ မြန်ခြင်း
  • စိတ်ပြောင်းလဲမှုမြန်ခြင်း
  • အငြိမ်မနေနိုင်ခြင်း၊ ရင်ခုန်စိတ်လှုပ်ရှားခြင်း
  • အလင်း၊အသံ၊ အထိတွေ့တို့ကို အထိမခံနိုင်ခြင်း
  • ထိုင်းမှိုင်းခြင်း၊ အိပ်ငိုက်ခြင်း၊ မောပန်းခြင်း

တက်ခြင်း( DT ၏အခြားလက္ခဏာများမရှိဘဲဖြင့် လည်းဖြစ်နိုင်သည်)

  • နောက်ဆုံး အရက်သောက်ပြီး ပထမ ၁၂-၄၈ နာရီတွင် အဖြစ်အများဆုံး ဖြစ်သည်။
  • အရက်ဖြတ်ခြင်းမှ ဆိုးကျိုးများ ရှိခဲ့ဖူးသောသူများ တွင် အဖြစ်များသည်။
  • ယေဘုယျအားဖြင့် tonic-clonic တက်ခြင်းဖြစ်သည်။

အထက်တွင် ဖော်ပြမထားသော ရောဂါလက္ခဏာ အချို့လည်းရှိနိုင်ပါသည်။ ရောဂါ လက္ခဏာ တစ်ခုကို သံသယရှိပါက သင်၏ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အစာစားပြီးနောက် အစာဓာတ်မတည့်ခြင်းဖြစ်ပါက ဆရာဝန်နှင့် သွားရောက်ပြသပါ။ ဖြစ်နိုင်ပါက ဓာတ်မတည့်မှုဖြစ်နေသည့် အချိန်တွင် သွားရောက်ပြသပါ။ ၎င်းသည် ရောဂါအဖြေရှာခြင်းကို ကူညီနိုင်ပါသည်။ ဓာတ်မတည့်ခြင်း၏ ရောဂါလက္ခဏာများ တွေ့ရပါက အရေးပေါ်ကုသမှု ကို ရှာဖွေရယူပါ။

အကြောင်းရင်းများ

Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) ကိုဘာတွေကဖြစ်စေသလဲ

အထူးသဖြင့် ဘာအစာမှမစားဘဲ အရက် အလွန်အကျွံ သောက်သုံးနေစဉ်မှ အရက်သောက် ခြင်း ကို ရပ်တန့်လိုက်သောအခါ Delirium tremens ဖြစ်ပွားနိုင်ပါသည်။

Delirium tremens သည် ဦးခေါင်းဒဏ်ရာရခြင်း၊ ရောဂါပိုးကူးစက်ခြင်း နှင့် အရက်အလွန် သောက်သူများ ဖျားနာခြင်း တို့ကြောင့် လည်း ဖြစ်နိုင်ပါသည်။

အရက်ဖြတ်သော မှတ်တမ်းရှိသော သူများတွင် အဖြစ်အများဆုံး ဖြစ်ပါသည်။ အထူးသဖြင့် နေ့စဉ် ဝိုင် ၄-၅ ပိုင့်၊ ဘီယာ ၇-၈ ပိုင့်၊ အရက်ကြမ်း ၁ ပိုင့် လောက် ကို လအတော်ကြာ သောက်သောသူ များတွင် အဖြစ်များပါသည်။ delirium tremens သည် အရက် ၁၀ နှစ် ကျော် သောက်သုံးသူများတွင် ဖြစ်ပွားနိုင်ပါသည်။

 

Risk factors

Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

အစာဓာတ်ပြုခြင်း ကို ဖြစ်စေနိုင်သော အချက်များမှာ

  • အရက်အလွန်သောက်ခြင်းနှင့် ပုံမှန်သောက်သုံးခြင်းသည် အရက်အပေါ် ရုပ်ပိုင်းဆိုင်ရာ မှီခို စွဲလန်းမှု ဖြစ်ပေါ်စေပါသည်။
  • အသက်။ ငယ်ရွယ်စဉ်တွင် အရက်စသောက်သူများသည် အရက်ပေါ်တွင် ရုပ်ပိုင်းဆိုင်ရာ စွဲလန်းမှု ပို၍ဖြစ်ပွားပါသည်။
  • မိသားစုမှတ်တမ်း။ မိဘများနှင့် ဆွေမျိုးများက အရက်သောက်သူများ ဖြစ်ပါက အရက်စွဲခြင်း ဖြစ်နိုင်ရန် အခွင့်အရေးပိုများပါသည်။
  • စိတ်ဓာတ်ကျခြင်းနှင့် အခြားစိတ်ကျန်းမာရေး ပြဿနာများ။ DT သည် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း နှင့် စိတ်နှစ်ခွဖြစ်ခြင်း စသော စိတ်ကျန်းမာရေး ချို့ယွင်းမှု ရှိသောသူများတွင် ပို၍အဖြစ်များပါသည်။
  • လူမှုရေးအချက်များနှင့် ယဉ်ကျေးမှု။ မကြာခဏ အရက်သောက်သော သူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်ရှိခြင်းသည် အရက်စွဲနိုင်မှုကို မြင့်တက်စေပါသည်။ လူထုဆက်သွယ်ရေး ကဏ္ဍများတွင် အရက်သောက်ခြင်းကို ပြသခြင်းသည် အရက်အလွန်သောက်ခြင်းက ပုံမှန် ဖြစ်သည်ဟူသော မှားယွင်းသော သတင်းများကို ပြန့်နှံ့နိုင်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) ကို ဘယ်လိုအတည်ပြုပါသလဲ

သင့်၏ ဆရာဝန်သည် အရက်ဖြတ်သော မှတ်တမ်းများမှ ရောဂါ အဖြေရှာခြင်းကို ပြုလုပ်ပါလိမ့်မည်။ ထို့အပြင် အောက်ပါစစ်ဆေးမှုများလည်း ပြုလုပ်နိုင်ပါသည်။

  • သွေးတွင်း မန်းဂနီးသတ္တု ပမာဏ
  • သွေးတွင်း phosphate ပမာဏ
  • Comprehensive metabolic panel
  • Electrocardiogram (ECG)
  • Electroencephalogram (EEG)
  • Toxicology screen

Delirium Tremens (အရက်ဖြတ်ရာမှဖြစ်လာသည့် စိတ်ရှုပ်ထွေးမှု) ကို ဘယ်လိုကုသပါသလဲ

DTs သည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပြီး ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ များဖြစ်နိုင်ပါသည်။ အများစုသည် detox ဖြင့် ကုသမှု ခံယူနိုင်ပါသည်။ အဆိပ်အတောက် ဖယ်ခြင်းသည် ရက်အနည်းငယ်မှ တစ်ပတ်အထိ ကြာနိုင်ပါသည်။ စိတ်တုန်လှုပ်ခြင်းနှင့် တက်ခြင်းကို ကာကွယ်ရန် အကြောဆေးအရည်များ ပေးခြင်းလိုအပ်ပါသည်။ အခြား ဆေးဆိုင်ရာ ခွဲစိတ်မှု ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ ကိုလည်း ကုသရပါမည်။

ရေရှည်အတွက် လူနာများသည် ပြန်ဖြစ်ခြင်းမှ ကာကွယ်ရန် အောက်ပါကုသမှုများ လိုအပ်ပါမည်။

  • အရက်ကို အပြီးတိုင် ဖြတ်ခြင်း
  • တိုင်ပင်ခံဆရာဝန်များနှင့် တွေ့ဆုံခြင်း
  • သူငယ်ချင်းများနှင့် ဘီယာသောက်ခြင်း စသော မကောင်းသောအကျင့်ဟောင်းများနှင့် အပြုအမှုဟောင်းများကို ပြောင်းလဲခြင်း

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမသုံးကုထုံးတွေအသုံးပြုခြင်းကDelirium tremensကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါလူနေမှုပုံစံများနှင့် အိမ်သုံးကုထုံးများသည်Delirium tremens ကို ကုသသော နေရာတွင် အကူအညီပေးနိုင်ပါသည်။

  • သင့်ကို အကူအညီပေးနိုင်သော အရက်စွဲသူများအတွက် ကူညီသော အဖွဲ့များကိုရှာပါ။
  • ဆရာဝန်ကမပြောဘဲ မိမိကိုယ်ကို သက်သာပြီဟုထင်သောကြောင့် ပေးထားသော ဆေးများသောက်ခြင်းကို ရပ်ခြင်း သို့မဟုတ် ဆေးတစ်ခါသောက်ပမာဏနှင့် ဆေးသောက်သည့် အကြိမ်ကို ပြောင်းခြင်း မပြုရ။
  • အရက်သောက်ခြင်းအကြောင်းကို သင်၏ ကျန်းမာရေးစောင့်ရှောက်သူအား လိမ်ညာ၍ မပြောရ။ ကျန်းမာရေး စောင့်ရှောက်သူက မမေးပါက သင်က ပြောပြရမည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိပါက သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ရန် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

တည်းဖြတ်သည့်နေ့ စကျတငျဘာ 28, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 28, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ