ခွေးရူးပြန်ရောဂါပိုးက လူတွေအတွက်ပဲ အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ အတွက်လည်း အရေးကြီးပါတယ်။ လူတွေမှာ ကူးစက်ခံရရင် အသေအပျောက်များသလိုပဲ သူတို့လေးတွေမှာလည်း ကုစရာ ဆေးမရှိဘဲ သေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ မွေးထားတဲ့ ချစ်စရာကောင်လေးတွေကိုလည်း ခွေးရူးရောဂါကနေ ကာကွယ်ပေးဖို့လိုပါတယ်။