ပဋိဇီဝ ပိုးသတ်ဆေး (Antibiotics) ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ ဆေးပြင်းတစ်မျိုးပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ခံစားနေရချိန်မှာ ဆရာဝန်အနေနဲ့ ပိုးသတ်ဆေး သောက်ဖို့ ညွှန်ပေးပါလိမ့်မယ်။ ကိုယ့်သဘောနဲ့ကိုယ် သောက်လို့ရတဲ့ ဆေးထဲမှာတော့ ပိုးသတ်ဆေး မပါဝင်ပါဘူး။ ပုံမှန်ဆေးတွေမှာလည်း အာနိသင်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလို ပိုးသတ်ဆေးလို ဆေးပြင်းတွေမှာဆို ပိုပြီးတောင် ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမယ့် အရမ်းစိုးရိမ်စရာမလိုတဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့အတွက် ရောဂါကုဖို့ အဓိက၊ ဘေးထွက်ဆိုးကျိုး လက္ခဏာတွေကို နောက်မှ ဖြည်းဖြည်းချင်း ဖြေရှင်းတာက သာမညလို့ မှတ်ယူထားဖို့ လိုပါတယ်။