၁။ မနက်ခင်း နေရောင်ခြည်ခံပေးခြင်းဟာ ဇီဝနာရီကို အချိန်မှန် (ပုံမှန်) အလုပ်လုပ်အောင် လှုံ႔ဆော်ပေးတယ်။
ဇီဝနာရီက ခန္ဓာကိုယ်မှာ ဘယ်အချိန်တော့ ဘာဓာတ်ထွက်ရမယ် ၊ ဘယ်အချိန် ဘယ်ကလီစာက ဘာအလုပ်လုပ်ရမယ်၊ ဘယ်အချိန် ဗိုက်ဆာရမယ် စသဖြင့် ထိန်းညှိပေးနေတာမို့ တစ်နေ့တာမှာ သူသာပုံမှန်ဖြစ်ပြီဆိုရင် ကျန်တဲ့ဇီဝဖြစ်စဉ်တွေဟာလည်း သူ့နေရာနဲ့သူ အစီအစဉ်တကျဖြစ်သွားပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်တာပေါ့။ မနက်နေရောင် မျက်လုံးထဲဝင်လာတာနဲ့ ခန္ဓာကိုယ်ကနေ melatonin ခေါ် အိပ်ချင်စေတဲ့ ဓာတ်ကို မထွက်အောင် တားလိုက်တယ်။ ပြီးတာနဲ့ cortisol လို့ခေါ်တဲ့ တက်ကြွရေးဟော်မုန်းထွက်ပြီဆိုတော့ တစ်နေ့တာ လုပ်ငန်းခွင်အတွက် အားအင်ဖြည့်ပေးလိုက်သလိုပါပဲ။
၂။ နေရောင်ဟာ စိတ်ကျရောဂါကို ကုစားနိုင်တယ်
နေရောင်နဲ့ ထိတွေ့ရတဲ့အခါ လူ့ခန္ဓာကိုယ်ကနေ serotonin (ခေါ်) ပျော်ရွှင်ရေးဟော်မုန်းဓာတ်တစ်မျိုး ထုတ်ပေးတယ်လေ။ ဒီဟော်မုန်း က အဓိက စိတ်ငြိမ်ပြီး အာရုံစူးစိတ်မှု မြင့်မားစေတယ်။ စိတ်ခံစားမှုကောင်းစေတယ်။ ကြည်လင်စေတယ်။ စိတ်ဓာတ်ကျတာ၊ စိတ်ညစ်ညူးတာတွေ လျော့သွားစေတယ်။ ပြီးတော့ ဒီအကျိုးဆက်က ညအိပ်ရာဝင်တဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သေးတယ်။
၃။ နေရောင်ခြည်ရဲ့ အလင်းဓာတ်ကပေးတဲ့ သက်စောင့်စွမ်းအင်
နေရောင်ထိတဲ့အခါ ကိုယ်ခန္ဓာက ထုတ်ပေးတဲ့ သဘာဝ ဗီတာမင် ဒီ ကို ဖြည့်စွက်သောက်ဆေး ဘယ်လောက်သောက်သောက် အစားထိုးလို့မရပါဘူး။ သဘာဝ ဗီတာမင် ဒီ ကို မီကို မမီတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။