backup og meta

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ် ….. လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ် အလှအပအတွက်သာမက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ကလေးဘဝက စလို့ လူကြီးဖြစ်လာတဲ့အထိ လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် အရွယ်တင်နုပျို ကျန်းမာစေသလို ရုတ်တရက်သေဆုံးနိုင်ခြေကိုလည်း ၃၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ် ဆိုတော့

  • လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး

အားကစား လုပ်ခြင်းဖြင့် အဆုတ်၊ နှလုံးကို အားကောင်းလာစေတယ်။ အသက်ကို ဝဝလင်လင် ရှူရှိုက်ရတဲ့အပြင် သွေးလည်ပတ်မှုနှုန်း မြန်ဆန်လာခြင်းကြောင့် နှလုံးကို ကျန်းမာစေတယ်။ အဆီနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ အဝလွန်ခြင်းကို ကာကွယ်ပေးပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်တစ်ခု ဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်း လုပ်ခြင်းဟာ လူတစ်ယောက်ရဲ့ အစာစားချင်စိတ်ကို မြှင့်တင်ပေးသလို ကျန်းမာစွာ စားသောက်နေထိုင်ခြင်းကို လိုက်နာစေဖို့ အားပေးအားမြှောက်ပြုပေးတယ်။ အလုပ်ခွင်မှာ ပင်ပန်းညောင်းကိုက်နေသမျှ ဒဏ်တွေကို အားကစားလုပ်ခြင်းဖြင့် သက်သာလန်းဆန်းသွားစေသလို ညဘက်မှာ ကောင်းစွာ အိပ်ပျော်နိုင်ဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

  • လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာအကျိုးပြုပုံ

စိတ်နဲ့ ခန္ဓာသည် အပြန်အလှန် မှီခိုဆက်စပ်နေတာ သဘာဝပါ။ ရုပ်ခန္ဓာက ကျန်းမာလာတဲ့အခါ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေနဲ့ ကြုံလာရရင်တောင် လူတွေက ပိုပြီး ခံနိုင်ရည်ရှိသွားတယ်။ လောကကြီးနဲ့ လူတွေအပေါ် အကောင်းမြင်စိတ်တွေ ထားတတ်လာမယ်။ လန်းလန်းဆန်းဆန်း ဖြစ်လာပြီး တစ်နေ့တာကို ပျော်ရွှင်စွာနဲ့ ဖြတ်ကျော်သွားနိုင်မယ်။ ခန္ဓာကိုယ်ကပါ အရင်ကလို မဟုတ်ဘဲ ပြောင်းလဲလှပလာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း တိုးလာစေနိုင်ပါတယ်။

တစ်နေ့တာနေထိုင်မှုပုံစံကို ပြောင်းလဲဖို့ ယနေ့က စတင်လိုက်ပါ။

၁။ ကလေးတွေအတွက် အပြင်ထွက်ပြီး အချိန်နဲ့ ဆော့ကစားခွင့်ပေးလိုက်ပါ။ အားလပ်ရက်တွေမှာ မိသားစုလိုက် လေ့ကျင့်ခန်းလုပ်တာ၊ ရေကူးသင်ပေးတာမျိုး၊ လုပ်ပေးပါ။ မိဘတွေပါ သားသမီးတွေနဲ့ အတူ လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် ပိုပျော်ဖို့ကောင်းသလို ကလေးတွေအတွက်လည်း လေ့ကျင့်ခန်း လုပ်ချင်စိတ် ပိုဖြစ်မိမှာပါ။

၂။ လူငယ်ပိုင်းတွေအနေနဲ့ အမြဲတမ်း ငြိမ်ငြိမ်လေး ထိုင်တာမျိုး မလုပ်ပါနဲ့။ တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀၊ နာရီဝက်ခန့် လမ်းလျှောက်တာ၊ ပြေးတာမျိုး လုပ်ပေးပါ။ အချိန်ပေးနိုင်ရင်တော့ Gym မှာ နည်းပြဆရာနဲ့ အတူ စနစ်တကျ လေ့ကျင့်ခန်းလုပ်၊ အလေးမတာမျိုး လုပ်ပေးပါ။

၃။ လူကြီးပိုင်းတွေအနေနဲ့ အပြင်းအထန် လေ့ကျင့်ခန်း လုပ်တာမျိုးထက်စာရင် ပေါ့ပေါ့ပါးပါးနဲ့ အားစိုက်ထုတ်စရာ မလိုတဲ့ လေ့ကျင့်ခန်းမျိုးတွေကို ဦးစားပေးပါ။ လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ အေရိုးဗစ် ကိုယ်ကာယ လေ့ကျင့်ခန်းမျိုးဆိုရင် အဆင်ပြေပါတယ်။

၄။ လေ့ကျင့်ခန်းကို လုံးဝမလုပ်တာထက် တစ်နေ့အနည်းငယ်ပဲ လုပ်ပေးနိုင်ရင်တောင် အကျိုးထူးရှိပါတယ်။ နေ့စဉ် လုပ်ပေးနိုင်ရင်တော့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်မှာပါ။

၅။ လေ့ကျင့်ခန်းကို အလှအပ တစ်ခုတည်းအတွက် မဟုတ်ဘဲ ကျန်းမာရေးရှုထောင့်ကနေပါ လိုက်စားပေးဖို့တော့ လိုပါတယ်။ လေ့ကျင့်ခန်းအပြင် အစာအာဟာရကို ဂရုစိုက် စားသုံးခြင်း၊ အိပ်ချိန်ကို ပြည့်ဝစွာ အိပ်စက်အနားယူခြင်း၊ ကျန်းမာရေးကို ထိခိုက်စေမယ့် အပြုအမူတွေကို ရှောင်ရှားခြင်းဖြင့်လည်း လူ့ဘဝသက်တမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health-news/staying-physically-active-may-lower-your-risk-of-death-by-30-percent#Less-exercise-is-still-beneficial (June 20, 2020)

ယခုပုံစံ

18/01/2024

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

လေ့ကျင့်ခန်းလုပ်မယ့် ဆီးချိုဝေဒနာသည်တွေ လုံးဝမမေ့လျော့သင့်တဲ့ အချက် ၆ ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 18/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement