တမာရွက်က ပိုးတွေကိုသေစေနိုင်ပြီး အနာကျက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရော်ငရမ်းမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် တမာရွက်ကို ရေစင်အောင်ဆေးပြီး အနှစ်ကြိတ်လို့ ရလာတဲ့အနျစ်ကို ဝက်ခြံပေါ်မှာ အုံထားပေးပါ။ အရည်တို့ပေးလို့လည်းရပါတယ်။
လက်ဖက်စိမ်းရေနွေးကြမ်း
ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို ဝက်ခြံဖြစ်စေနိုင်တဲ့အဆီတွေထွက်ရှိမှုကို အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကိုလည်း အထိရောက်ဆုံးတားဆီးပေးနိုင်ပါတယ်။ အအေးခံထားတဲ့ လက်ဖက်စိမ်းရေနွေးကြမ်းကို ဂွမ်းစလေးမှာတို့ပြီး ဝက်ခြံကိုတို့ပေးပါ။
ပျားရည်
ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး အနာကျက်မြန်စေနိုင်ပါတယ်။ အရောင်ကျစေနိုင်ပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ပျားရည်လေးကို ဝက်ခြံပေါ်မှာ တို့ထားပေးရုံနဲ့ သက်သာလာမှာပါ။
နနွင်း
အရောင်ကျစေနိုင်ပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးသလို အဆီဖြစ်ပေါ်မှုကို လျှော့ချပေးနိုင်ပါတယ်။ နနွင်းမှုန့်ကို ဒိန်ချဉ်နဲ့ရောပြီး အနှစ်၇အောင်မွှေပါ။ ရေနဲ့ပဲခပ်ပျစ်ပျစ်လေးအနှစ်ဖြစ်အောင်လုပ်ရင်လည်းရပါတယ်။ ရလာတဲ့အနှစ်ကို ဝက်ခြံပေးမှာ လိမ်းပေးလိုက်ပါ။ ခြောက်သွားရင် ရေဆေးချလိုက်ပါ။
သတိထားရမယ့်အချက်တွေက ဘာတွေဖြစ်မလဲ……
နှုတ်ခမ်းမှာ ဝက်ခြံဖြစ်တဲ့အခါ သက်သာစေဖို့ အပေါ်ကနည်းလမ်းလေးတွေကို အသုံးပြုလို့ရသလို ဒီအချက်တွေကိုလည်း သတိထားဖို့လိုပါမယ်။
နှုတ်ခမ်းနီမဆိုးပါနဲ့ – နှုတ်ခမ်းမှာ ဝက်ခြံဖြစ်နေချိန်မှာ နှုတ်ခမ်းနီဆိုးတာက ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။
သန့်ရှင်းအောင်ထားပါ – အစားတစ်ခုခုစားပြီးတိုင်း ပါးစပ်တဝိုက်နဲ့နှုတ်ခမ်းကို သန့်စင်ပေးပါ။ တဘက်စနုနုလေးနဲ့ဖြစ်ဖြစ်ပေါ့။
သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ သွားတိုက်ဆေးကိုသုံးပါ – နှုတ်ခမ်းမှာ ဝက်ခြံပေါက်နေချိန်မှာ ဓာတုပစ္စည်းတွေပါတဲ့ သွားတိုက်ဆေးက ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံဖြစ်နေချိန်မှာ သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ သွားတိုက်ဆေးကိုသုံးပါ။
ပွတ်တိုက်တာမျိုးမလုပ်ပါနဲ့ -ပုံမှန်တော့ နှုတ်ခမ်းက ဆဲလ်သေတွေကိုဖယ်ရှားဖို့ သွားတိုက်တဲ့အခါ နှုတ်ခမ်းသားကိုပါ တိုက်ရတယ်ဆိုပေမယ့် ဝက်ခြံပေါက်နေချိန်မှာတော့ မလုပ်ပါနဲ့။ ဒီလိုလုပ်တာက ဝက်ခြံကို ပိုဆိုးစေပါလိမ့်မယ်။
လက်နဲ့မကိုင်ပါနဲ့ – လက်က ဘက်တီးရီးယားအများဆုံး စုဝေးရာနေရာပါ။ ဒါကြောင့် ပိုးဝင်ပြီး ဝက်ခြံပိုဆိုးမသွားစေဖို့ လက်နဲ့ ဝက်ခြံကို ကိုင်တွယ်တာမျိုးမလုပ်ပါနဲ့။
မညှစ်ပါနဲ့ – ဝက်ခြံဖြစ်ရင် ညှစ်ထုတ်ပစ်ချင်တာမှန်ပေမယ့် မညှစ်ပါနဲ့။ ကြ်ခြံပိုဆိုးသွားပါလိမ့်မယ်။ ဒါကြောင့် ဝက်ခြံကို မညှစ်ဖို့ သတိထားပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။