အရေပြားပြောင်းလဲမှုများအတွက် အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သင့်အရေပြားဟာ အချိန်တိုင်း တသမတ်တည်း ရှိနေမှာ မဟုတ်ပါဘူး။ အသက်အရွယ်၊ ကိုယ်ဝန်ဆောင်ချိန်၊ အပျိုဖော် လူပျိုဖော်ဝင်ချိန်၊ ဝက်ခြံ၊ ဓါတ်မတည့်မှု စတဲ့ အခြေအနေ အချိန်အခါ အမျိုးမျိုးကြောင့် အရေပြားပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ ကံကောင်းတဲ့အချက်ကတော့ အရေပြားပြောင်းလဲမှု အများစုက ကျန်းမာရေးကို မထိခိုက်စေနိုင်သလို သင့်ကို အနှောင့်အယှက်မဖြစ်စေသရွေ့ ကုသမှုခံယူဖို့ လိုမှာမဟုတ်ပါဘူး။ အကယ်၍ ကုသမှုနဲ့ပတ်သက်ပြီး သိချင်တာတွေရှိမယ်ဆိုရင်တော့ ဒီဆောင်းပါးမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

အသုံးဝင်သည့် အိမ်တွင်းကုထုံးများ

၁။ အရေပြားကို သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းပါ

သင့်အရေပြားကို သန့်စင်စေဖို့ ရေနွေး၊ အပျော့စား ကိုယ်တိုက်ဆပ်ပြာ သို့မဟုတ် သန့်စင်ဆေးရည်များ အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ မျက်နှာနဲ့ ခန္ဓါကိုယ်အတွက် မတူညီတဲ့ သန့်စင်ပစ္စည်းတွေ ခွဲခြားအသုံးပြုဖို့ လိုကောင်းလိုမှာ ဖြစ်ပါတယ်။ မျက်နှာသန့်စင်ရာမှ အတင်းပွတ်တိုက်ပစ်တာမျိုး မပြုလုပ်သင့်ပါဘူး။ အရေပြားကို သန့်စင်ပေးခြင်းအားဖြင့် အဆီပိုများ၊ ဆဲလ်သေများနဲ့ မသန့်ရှင်းတဲ့ အမှုန်အမွှားများကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။

၂။ အရေပြားထိခိုက်စေမည့် အပြုအမူများကို ရှောင်ပါ

အရေပြားပြောင်းလဲမှု ဖြစ်နေတဲ့နေရာတဝိုက်ကို လက်နဲ့ဆွခြင်း၊ ညှစ်ခြင်း၊ ကုတ်ခြင်း မပြုလုပ်သင့်ပါဘူး။ ဝက်ခြံနဲ့ အခြားအဖုအပိမ့်တွေကို မိမိဘာသာ ဖယ်ရှားပစ်ခြင်းကြောင့် အရေပြားပိုးဝင်နိုင်တဲ့အတွက် ၎င်းအပြုအမူများကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ အဝတ်အစားနဲ့ အရေပြားပွတ်တိုက်မှုကို တတ်နိုင်သမျှ လျှော့ချဖို့ ပွပွချောင်ချောင် အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အချို့အခြေအနေတွေမှာ အရေပြားပြောင်းလဲမှုဖြစ်နေတဲ့ နေရာပေါ် ပတ်တီးစည်းပြီး ဖုံးအုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

အမွှေးနံ့ပါဝင်တဲ့ အစွန်းချွတ်ဆေး၊ ရေမွှေး၊ အဝတ်လျှော်ရာမှာ အသုံးပြုတဲ့ fabric softenerနဲ့ မျက်နှာလိမ်းအလှကုန်တွေဟာ အရေပြားကို ထိခိုက်စေနိုင်တဲ့အတွက် အမွှေးနံ့မပါဝင်တဲ့ ပစ္စည်းအမျိုးအစားတွေကို ရွေးချယ်အသုံးပြုခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

၃။ ရေကူးပြီးတိုင်း ရေပြန်ချိုးပါ

ရေကူးကန်မှာ ရေကူးပြီးတိုင်း ရေနွေးနဲ့ ရေပြန်ချိုးပါ။ ရေကူးကန်ထဲမှာ ရှိနေတဲ့ ကလိုရင်း၊ ဆားနဲ့ ပိုးမွှားတွေဟာ သင့်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။

၄။ အာဟာရရှိမယ့် အစားအသောက်များကို စားသုံးပါ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးပါ။ အသားအရေစိုပြေစေရန် ရေများများသောက်ပါ။

၅။ အရေပြားကို ဂရုတစိုက် စစ်ဆေးပါ

သင့်အရေပြားကို အမြဲ ဂရုတစိုက်စစ်ဆေးခြင်းအားဖြင့် အစက်အပြောက်တွေ နဂိုထက်ပိုပြီး ညိုမဲလာခြင်း၊ အဖုအပိမ့်ထွက်ခြင်း စတဲ့အခြေအနေတွေကို ချက်ချင်း သတိပြုမိမှာ ဖြစ်ပါတယ်။

၆။ မွေးရာပါအမှတ်အသားများကို ဖုံးကွယ်ထားပါ

မွေးရာပါအမှတ်အသားကြောင့် စိတ်အနှောင့်အယှက် မဖြစ်သူတွေအနေနဲ့ ဒီအချက်ကို ကျော်သွားနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဆိုရင်တော့ အလှကုန်ပစ္စည်းတွေ အသုံးပြုပြီး ဖုံးကွယ်နိုင်ပါတယ်။ မိမိဘာသာ ဖယ်ရှားပစ်ခြင်းဟာ သင့်အရေပြားကို ထိခိုက်စေနိုင်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်သလဲ

ဆရာဝန်နဲ့ သွားရောက်ပြသသင့်တဲ့ အခြေအနေတွေကတော့

  • အရေပြားအတွက် စိုးရိမ်ပူပင်ရခြင်း
  • သွေးထွက်ခြင်း၊ ပုံမမှန်သည့် အရည်များထွက်ခြင်း၊ ယားယံခြင်း၊ နာကျင်ခြင်း
  • ခန္ဓါကိုယ်ရှိ အဖုအပိမ့် အစက်အပြောက်များ အရောင်၊ အရွယ်အစားပြောင်းခြင်း
  • အရေပြားပြဿနာ မသက်သာခြင်း
  • ဓါတုပစ္စည်းများနှင့် ထိတွေ့မိခြင်း

အိမ်တွင်းကုထုံးတွေဟာ အချို့သော အရေပြားပြောင်းလဲမှုများကို သက်သာစေနိုင်ပေမယ့် ပြင်းထန်တဲ့အခြေအနေတွေမှာတော့ ဆေးကုသမှုခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အိမ်တွင်းကုထုံးတွေနဲ့မှ အရေပြားပြဿနာ မသက်သာရင် ဒါမှမဟုတ် သွေးထွက်ခြင်း၊ နာကျင်ခြင်း၊ ယားယံခြင်း စတဲ့ လက္ခဏာတွေဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်မေမေ ရေခဲရေသောက်လို့ရလား…………

    ကိုယ်ဝန်ဆောင်ချိန် ဆရာဝန် ဘေဘီလေး အယ်လ်ကိုဟော ရေခဲရေ ရေခဲတုံး ဗိုက်အောင့် အစာချေဖျက်မှု အာဟာရစုပ်ယူနိုင်မှု

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ချက်တစ်ဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

    ချက်တဝိုက် အောင့်နေတယ် နာကျင်တာ လက္ခဏာတွေ ဆရာဝန် ကိုယ်ဝန် ရှိနေတာ ကျန်းမာရေးပြဿနာ အစာခြေစနစ် ခွဲစိတ်မှု အမျိုးသမီးတွေ အစာမကြေတဲ့အခါ 

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ချက် ပိုးဝင်ကူးစက်တာကို သက်သာစေဖို့

    ပိုးဝင်ကူးစက်တာ ချက် နာမယ် ရောင်ရမ်းမယ် မအီမသာ ပြည်ထွက် အိမ်တွင်းကုထုံး လက္ခဏာ အုန်းဆီ အသားအရေ ဘက်တီးရီးယား ဆားရည် ယားယံမှု မှိုပိုး အရက်ပြန် 

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ကျန်းမာရေးအသိပညာ ကြွယ်ဝသူတစ်ယောက် ဖြစ်လာဖို့

    ကျန်းမာရေးဗဟုသုတ COVID – 19 လက်ကိုခဏခဏဆေးပါ ရောဂါဆိုးကြီး လူမှုကွန်ယက် ကျန်းမာရေးဝန်ထမ်း ကျန်းမာရေးပြဿနာ ဖေ့စ်ဘုတ် သတင်းအချက်အလက်တွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    သင့်အတွက် ရွေးချယ်ထားသည်

    ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

    ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2020 . 2 mins read
    ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

    ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 19, 2020 . 3 mins read
    လူနာတွေ ဘာကြောင့် လိမ်ပြောတာလဲ။

    လူနာတွေ ဘာကြောင့် လိမ်ပြောတာလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 17, 2020 . 2 mins read
    ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

    ပိုးကောင်ကိုက်တာကို သက်သာစေမယ့် သဘာဝနည်းလမ်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 9, 2020 . 1 min read