မိတ်ထွက်ခြင်း ။ ကုသခြင်း နှင့် ကာကွယ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 1 min read
Share now

မိတ်ဖုတွေဟာ အဝတ်နဲ့ဖုံးကွယ်ထားတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာ နေထိုင်သူတွေမှာ ချွေးပေါက်တွေပိတ်ဆို့မှုကြောင့် ပိုဖြစ်တတ်ပါတယ်။

ဘယ်လိုကုသမလဲ

မိတ်ဖု အစက်တွေပေါ်လာတဲ့နေရာကို ခြောက်သွေ့အေးမြအောင်ထားနိုင်ရင် အများစုဟာရက်အနည်းငယ်အကြာမှာ သူ့အလိုလိုပျောက်သွားလေ့ရှိပါတယ်။
ကလေးငယ်လေးတွေမှာ ထိုမိတ်ဖုတွေပေါ်ရင် အဝတ်အစားများဖယ်ပစ်ခြင်း၊ ဒါမှမဟုတ် အဝတ်ပွပွဝတ်ပေးပြီး အေးမြတဲ့နေရာမှာထားသင့်ပါတယ်။ ပုဝါမသုံးဘဲအရေပြားကို ပုံမှန်ခြောက်သွေ့စေပြီး ချွေးပေါက်ပိတ်နိုင်တဲ့ လိမ်းဆေးများလည်းရှောင်သင့်ပါတယ်။
လူကြီးတွေမှာလက္ခဏာမပြင်းရင်တော့ ကလေးငယ်လေးတွေလိုပဲ ကုသမှုတူပါတယ်။ အေးမြတဲ့ပတ်ဝန်းကျင်ရအောင် လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲနေတာ၊ ပန်ကာဖွင့်တာ၊ ရေအေးအေးနဲ့ချိုးတာ၊ လေတိုက်ရာအရပ်မှာနေပြီး သာမန်လေဖြင့် အရေပြားခြောက်သွေ့စေတာတွေ လုပ်လို့ရတယ်။ အရေပြားအေးမြခြောက်သွေ့သွားတာနဲ့ အနီစက်တွေလျင်မြန်စွာပျောက်သွားတတ်ပါတယ်။ ဆိုးရင်တော့ ရောဂါပိုးဝင်မှုကိုကာကွယ်ဖို့နဲ့ သက်တောင့်သက်သာမရှိမှုကိုသက်သာစေဖို့ အရေပြားကိုလိမ်းလို့ရမယ့် လိမ်းဆေးတစ်မျိုးလိမ်းပေးဖို့ လိုပါလိမ့်မယ်။ ယားယံမှုအတွက် Calamine လိုးရှင်းနဲ့ ချွေးပြွန်တွေကိုကာကွယ်ဖို့ Anhydrous lanolin တွေကသင့်တော်ပါတယ်။ ရက်အနည်းငယ်အတွင်းမပျောက်ရင်၊ ဒါမှမဟုတ် ရောဂါပိုးဝင်သွားရင်တော့ သေချာဆေးကုသဖို့လိုပါလိမ့်မယ်။ ဖျားမယ်၊ နေထိုင်မကောင်းဖြစ်မယ်၊ ဒါမှမဟုတ် အနီစက်တွေဟာ ပဋိဇီဝဆေးသောက်ပြီးမှပေါ်လာတာဆိုရင်တော့ ချက်ခြင်းဆေးကုသမှုခံယူဖို့လိုပါလိမ့်မယ်။

နေထိုင်မှုပုံစံနဲ့ ကာကွယ်မှု

မိဘတွေက ကလေးငယ်လေးတွေကို နွေရာသီ၊ ပူလောင်တဲ့နေ့တွေမှာ တတ်နိုင်သမျှ အဝတ်အစားပါးပါးပဲဝတ်ပေးသင့်ပါတယ်။ အသက်ရှူကြပ်လောက်အောင် တင်းကြပ်တဲ့အဝတ်အစားတွေရှောင်သင့်တယ်။ ပူနွေးတဲ့ရာသီဥတုတွေမှာဆိုရင် ပေါ့ပါးပြီး ချွေးထွက်မှုကို သက်သာစေမယ့် အဝတ်အစားမျိုးသာ ဝတ်ဆင်သင့်တယ်။ ပူလွန်းတဲ့အခါ အပူလွန်ခြင်းကိုကာကွယ်ရန် အရိပ်ရနေရာများ၊ လေအေးပေးစက်တပ်ထားသော အခန်းများမှာနေသင့်ပါတယ်။ အရေပြားမခြောက်စေသောဆပ်ပြာမျိုးနဲ့ ရေအေးအေးနဲ့ ရေချိုးပါ။ တဘတ်ပုဝါ သုံးမယ့်အစား အရေပြားကို သာမန်အတိုင်းပဲခြောက်သေ့ွပါစေ။ ယားယံမှုကိုသက်သာစေရန် calamine လိုးရှင်း သို့မဟုတ် ရေခဲကပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ချွေးဂလမ်းပိတ်စေနိုင်တဲ့ တွေပါတဲ့ ခရင်မ်များကိုရှောင်သင့်ပါတယ်။
မိတ်ဖုဆိုတာ ရက်အနည်းငယ်အတွင်းကောင်းသွားမယ့် ပြဿနာအသေးစားလေးပါ။ ဒါပေမယ့် ခဏခဏဖြစ်နေမယ်၊ တခြားကြီးမားတဲ့ပြဿနာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လက်သန့်ဆေးရည် နဲ့ လက်ဆေးတာ စိတ်ချရပါ့မလား

    လက်သန့်ဆေးရည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်မှု လက်ဆေးခြင်း ကျန်းမာရေး သန့်ရှင်းမှု hand gel ပိုးသတ် ကာကွယ် ရောဂါပိုး ဗိုင်းရပ်စ် ဝူဟန်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 ဖေ‌ဖော်ဝါရီ 6, 2020 . 2 mins read

    ဆောင်းရာသီ မှာ ကလေးတွေကြုံရတတ်တဲ့ အရေပြားပြဿနာများ

    ဆောင်းရာသီ ကလေး ကလေးအရေပြား အသားအရေ အရေပြားကျန်းမာရေး မိဘများအတွက်လမ်းညွှန် သံလွင်ဆီ baby oil အသားပပ်ခြင်း မိတ်ထွက်ခြင်း သေးခံလောင်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    မိတ်ပျောက်သွားတဲ့အခါ အမာရွတ်လေးတွေကြောင့် အရုပ်မဆိုးစေဖို့

    နွေရာသီမှာ မိတ်ပေါက်တာမဆန်းပေမယ့် မိတ်တွေပျောက်သွားရင်တော့ဖြစ်ကျန်ခဲ့တဲ့ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    ယားစပ်စပ်နဲ့မိတ်တွေ အမြန်သက်သာစေမယ့် နည်းလမ်း (၈) ခု

    နွေရာသီရောက်ပြီဆို မိတ်ထွက်မှာ စိတ်ပူနေတဲ့လူတချို့ရှိတယ်နော်။ နေများပူပြီဆို ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်အတွက် ရွေးချယ်ထားသည်

    စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ စောနေသေးလား…

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
    နှင်းခူရှိသူ ကျန်းမာစေဖို့

    နှင်းခူရှိသူ ကျန်းမာစေဖို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 1 min read

    အယ်လ်ဇိုင်းမားရောဂါ ကာကွယ်ဖို့ ရှောင်ရမယ့် အစားအစာတွေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 29, 2020 . 2 mins read
    Mask တွေ လက်အိတ်တွေကို စွန့်ပစ်မယ်ဆိုရင်

    Mask တွေ လက်အိတ်တွေကို စွန့်ပစ်မယ်ဆိုရင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 28, 2020 . 2 mins read