လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လိပ်ခေါင်းထွက်တယ်ဆိုတဲ့ ပြဿနာဟာ တစ်ကယ်ကို နေရထိုင်ရ ခက်ပြီး သက်တောင့်သက်တာ မရှိစေတဲ့ ရောဂါတစ်ခုပါ။ လိပ်ခေါင်းထွက်ရတဲ့ အကြောင်းအရင်းကတော့ အားလုံးသိကြတဲ့အတိုင်း ဝမ်းချုပ်တာကြောင့် အများအားဖြင့် ဖြစ်ရတာပါ။ ဒီတော့ ဝမ်းချုပ်စေတဲ့ အကြောင်းအရာ အာလုံးဟာ လိပ်ခေါင်းထွက်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အစားအသောက်က အရေးကြီးဆုံးပါ။

ဝမ်းမှန်စေတဲ့ စားသောက်မှုပုံစံမျိုး ကိုယ့်မှာ မရှိတာကြောင့် ဝမ်းချုပ်သွားခဲ့ရင် လိပ်ခေါင်းအပြင် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ရောဂါတွေက အများကြီးပါ။ ကိုယ့်ရဲ့ နေထိုင် စားသောက်မှု ပုံစံက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်တဲ့နေရာမှာ အရေးကြီးသလို လိပ်ခေါင်းဖြစ်နေတဲ့သူတွေမှာလည်း ဖြစ်နေတဲ့ လိပ်ခေါင်းပိုဆိုး မသွားအောင် ရှောင်သင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။

လိပ်ခေါင်းရောဂါဖြစ်နေတဲ့သူတွေ ရှောင်သင့်တဲ့ အစားအစာများ ။ ။

ကဖင်းပါတဲ့ အစားအသောက်တွေ ကော်ဖီတို့ လက်ဖက်ရည်တို့၊ အားဖြည့်အချိုရည်တို့မှာပါတဲ့ ကဖင်းဓါတ်ဟာ ဝမ်းချုပ်စေပြီး ဝမ်းကိုခြောက်စေတဲ့ အာနိသင်ရှိတာကြောင့် လိပ်ခေါင်းရောဂါကို ပိုဆိုးသွားစေတတ်ပါတယ်။

တာရှည်ခံအောင် လုပ်ထားတဲ့ အစားအသောက်တွေ – တာရှည်ခံအောင် လုပ်ထားတဲ့ အသားတွေ၊ ငါးတွေ၊ အသင့်စား အစားအစာတွေမှာပါတဲ့ ဓါတုပစ္စည်းတွေက သင့်အစာခြေစနစ်ပို ပိုဆိုးသွားအောင်လုပ်တဲ့ အရာတွေ ဖြစ်လို့ ဒီလို အစားအသောက်တွေကို လိပ်ခေါင်းဖြစ်နေတဲ့ သူတိုင်းရှောင်သင့်ပါတယ်။

ဖုတ်ထားတဲ့ မုန့်တွေ – ကိတ်မုန့် ပေါင်မုန့်တို့လိုမျိုး သကြားတွေ ၊ ဂျုံမှုန့်တွေနဲ့ ဖုတ်ထားတဲ့ မုန့်တွေမှာ အမျှင်ဓါတ်ပါဝင်မှုက သုညဖြစ်လို့ ဝမ်းပိုချုပ်စေပြီး လိပ်ခေါင်းကိုပိုးဆိုးစေမှာပါ။

နို့နဲ့နို့ထွက်ပစ္စည်းတွေ- နို့နဲ့နို့ထွက်ပစ္စည်းတွေက လိပ်ခေါင်းရောဂါကို ပိုဆိုးသွားစေတာတော့မဟုတ်ပေမယ့် အဆီထုတ်ထားတဲ့ နို့တွေကတော့ ဝမ်းချုပ်ခြင်းကို ပိုဆိုးစေမှာပါ။

ဆီကြော်မုန့်တွေ – ဆီကြော်မုန့်တွေကို အစာအိမ်က ချေဖျက်ရခက်တဲ့အတွက ်အစာမကြေခြင်းကို ဖြစ်စေနိုင်သလို အမျှင်ဓါတ်ပါဝင်မှုလည်း နည်းတဲ့အတွက် ဝမ်းချုပ်စေပြီး လိပ်ခေါင်းရောဂါကို ပိုဆိုးစေပါတယ်။

အစပ်များတဲ့ အစားအသောက်တွေ- ပူစပ်လွန်းတဲ့ အစားအစာတွေ စားပြီးနောက်သွားတဲ့ ဝမ်းဟာလည်း ပူနေတတ်တာကြောင့် နဂိုတည်းကမှ သူ့ဟာသူနေရင်တောင် နာနေတဲ့ လိပ်ခေါင်း ပိုနာသွားတတ်ပါတယ်။

သံဓါတ်ဖြည့်အားဆေး – သံဓါတ်ဖြည့်အားဆေးေတွဟာ ဝမ်းချုပ်စေတတ်တာကြောင့် လိပ်ခေါင်းရှိနေတဲ့သူတွေ သံဓါတ်ဖြည့်အားဆေး သောက်ခြင်းကို ရှောင်သင့်ပါတယ်။

ဒါတွေကို ရှောင်သင့်တယ်ဆိုတော့ ဘယ်လို အစားအသောက်တွေ စားပေးရမှာလဲ ။

  • အရေးကြီးဆုံးကတော့ အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေ များများစားပါ။ ဝမ်းချုပ်ခြင်းကို နိုင်တာ အမျှင်ဓါတ်ပဲ ဖြစ်တာကြောင့် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်တဲ့ အသီးအနှံတွေ ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ။
  • အမျှင်ဓါတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုးလည်း စားပေးလို့ရပါတယ်။
  • ရေများများသောက်ပါ။ အရည်များများသောက်ရမယ်ဆိုပြီး ကော်ဖီတို့ အချိုရည်တို့သောက်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ အဓိက လိုချင်တာက ဝမ်းသွားချင်အောင် အူမကြီးကို လှုံ့ဆော်ပေးဖို့နဲ့ ဝမ်းပျော့သွားအောင် လုပ်ချင်တာကြောင့် ရေလိုအပ်တာကြောင့် တတ်နိုင်သမျှ ရိုးရိုးရေပဲ သောက်ပေးပါ။

အစားအသောက်တွေနဲ့တင် မပြီးသေးပါဘူး။ လိပ်ခေါင်းရှိသူတွေ လိုက်နာရမယ့် အချို့အချက်တွေ ကျန်ပါသေးတယ်။

အလေးအပင်မ ရင် သတိထားပါ။အလေးအပင်မ ရင် အသက်ရှူမအောင့်ထားပါနဲ့။ ပုံမှန်အသက်ရှူထုတ်ပါ။

အောင့်မထားပါနဲ့။အန္တရာယ်မလွယ်ထားသင့်ပါဘူး။ ဆီးဖြစ်စေ၊ ဝမ်းဖြစ်စေအောင့်ထားရင်ကောင်းကျိုးမရှိပါဘူး။ ဝမ်းသွားချင်နေတဲ့အချိန်အောင့်ထားလိုက်ရင် ဝမ်းချုပ်ခြင်းကိုအားပေးသလိုဖြစ်ပြီး လိပ်ခေါင်းရှိပြီးသားလူတစ်ယောက်ဆိုရင် ပိုဆိုးစေနိုင်ပါတယ်။ အိမ်သာသွားချင်လာပြီဆိုတာနဲ့ ချက်ချင်းသွားပါ၊ အလုပ်အားမှ ထသွားမယ်ဆိုတာမျိုး ခဏတောင်အောင့်မထားပါနဲ့။

ဘိုထိုင်အိမ်သာနဲ့ဆို ပိုသင့်တော်ပါတယ်။ဆောင့်ကြောင့်ထိုင်ရတဲ့ ရိုးရိုးအိမ်သာတွေနဲ့ဆို လိပ်ခေါင်းပိုထွက်စေနိုင်တယ်၊ ပိုညှစ်ထုတ်သလိုဖြစ်စေနိုင်လို့ ဘိုထိုင်နဲ့သွားတာ ဒါမှမဟုတ် အိမ်သာခုံနဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အူအတက်ခွဲစိတ်ကုသခြင်း

အူအတက်ခွဲစိတ်ကုသခြင်း (Appendectomy) ဆိုတာဟာ ရောင်ရမ်းလာတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အရေးပေါ် ခွဲစိတ်ကုသမှုတမျိုး ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဦးနှောက်ထိုင်းမှိုင်းသွားခြင်း (Brain Fog) ဖြစ်ပွားစေသော အကြောင်းများ

စာမေးပွဲဖြေနေတုန်း သိပ်မခက်ခဲလှတဲ့ သင်သိပြီးသား အကြောင်းအရာကို ချမရေးနိုင်ဖြစ်နေပါသလား၊ သင့်တနေ့တာမှာ ပိုက်ဆံကို ဘာတွေ သုံးခဲ့သလဲဆိုတာ မမှတ်မိဖြစ်နေပါသလား၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကိုဗစ်ကာလမှာ စည်သွပ်ဘူးပိတ်အစားအစာတွေကို ပြန်စားနေမိပြီလား

Covid-19 Mask ကိုဗစ် ကပ်ဘေး စည်သွပ်ဘူး တာရှည်ခံ စျေးဝယ် အလုပ်ခွင် မိသားစု စားစရာ အသားငါး ဟင်းသီးဟင်းရွက် အာဟာရ ပဲ ပင်လယ်စာ အချိုမှုန့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
Corona Virus, COVID-19 စက်တင်ဘာ 30, 2020 . 2 mins read

ဆယ်ကျော်သက်နဲ့အရေပြား ပြဿနာ

အသားအရေ စတင် ပြောင်းလဲတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဘယ်လို အရေပြားပြောင်းလဲမှုတွေ ဖြစ်ပြီး ဘယ်လို အရေပြား ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို သတိထားလို့ရစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 19, 2020 . 2 mins read
သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

သွေးဝမ်းသွားခြင်း၊ ကတ္တရာဝမ်းသွားခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

သဘာဝအတိုင်း ချဉ်ဆီရည် ဖြည့်နိုင်မယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read