အာရုံကြော ညပ်ရာကနေ ဘာတွေဖြစ်လာမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 1 min read
Share now

ဦးနှောက်နဲ့ ကျောရိုးမကြီးကနေ ဖြန့်ထွက်လာတဲ့ အာရုံကြောတွေက ခန္ဓာကိုယ်အတွက် သိပ်ကို အရေးပါပါတယ်။ ဒါ့ကြောင့် အာရုံကြောညပ်တဲ့အခါ မပေါ့ဆသင့်တာပါ။ အာရုံကြောညပ်တဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲထိခိုက်မှုတွေက ခဏတာပဲဖြစ်နိုင်သလို၊ ကာလတာရှည်လည်း ဖြစ်သွားနိုင်ပါတယ်။

ဘယ်လိုမျိုး ဖြစ်လာတာလဲ

အာရုံကြော တစ်ခုခုအပေါ်မှာ ဖိမိတာမျိုး ဖြစ်လာခဲ့ရင် ဒီအခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖိမိတာက အကြိမ်ကြိမ်လှုပ်ရှားမှုကြောင့်လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် အဲဒီအစိတ်အပိုင်းကို အနေအထားတစ်ခုတည်းမှာ အချိန်ကြာကြာ နေမိစေလို့လည်းဖြစ်နိုင်တယ်။ ဥပမာ – ညအိပ်ချိန် လက်ကို တစ်ဖက်တည်း ဖိအိပ်မိတာမျိုးပေါ့။

ဘာတွေ ဖြစ်လာနိုင်လဲ

ကျောရိုးမကြီးကနေဖြာထွက်တဲ့ အာရုံကြောပေါ်မှာ ဖိမိနေတာတစ်ခုခု ဒါမှမဟုတ် ရောင်ရမ်းမှု ဖြစ်ရာကနေ ဇက်နာတာ သို့မဟုတ် ခါးနာတာ တွေဖြစ်လာနိုင်တယ်။ လည်ပင်းကနေ ပခုံးနဲ့ လက်မောင်းတို့ကို နာကျင်မှုဖြာထွက်လာတာလည်း ရှိနိုင်တယ်။ ဒါမှမဟုတ် ခြေထောက်နဲ့ ခြေဖဝါးအထိ နာကျင်တာ၊ တောင့်တင်းတာ တွေရှိလာနိုင်တယ်။ အဲဒီနောက်ပိုင်း ခါးဆစ်ရိုးပြား ကျွံတာလည်း ဖြစ်နိုင်ပါတယ်။

လည်ပင်း သို့မဟုတ် လက်မောင်းမှာ အာရုံကြောညပ်တဲ့အခါ –

  • တံတောင်ဆစ်
  • လက်ဖျံ
  • လက်ကောက်ဝတ်
  • လက်ချောင်း တို့မှာ လက္ခဏာပြတတ်တယ်။

ဒီလို လက္ခဏာပြလာရင် –

  • Peripheral neuropathy
  • Carpal tunnel syndrome တို့လို အာရုံကြော နဲ့ဆိုင်တဲ့ရောဂါအခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။

အာရုံကြောညပ်တာကို မကုသဘဲ ကြာလာတဲ့အခါ အာရုံကြောပတ်လည်က အကာအကွယ်လေးတွေ ပျက်စီးလာပါမယ်။ အရည်တွေ စုလာမယ်၊ ပြီးရင် ဖောရောင်တာ၊ ဖိအားပိုများတာ၊ ဒဏ်ဖြစ်စေတာတွေ ရှိလာနိုင်တယ်။ ဒဏ်ဖြစ်လာတဲ့အခါ အာရုံကြောရဲ့လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

အာရုံကြောညပ်တဲ့ လက္ခဏာ

အာရုံကြောညပ်တဲ့အခါ တစ်ခါတလေ နာကျင်ကိုက်ခဲမှုတစ်ခုတည်းဖြစ်တတ်ပေမယ့် နာကျင်မှုမဟုတ်တဲ့ တခြားလက္ခဏာတွေလည်း ရှိတတ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေက –

  • ဇက်နာတာ၊ ခါးနာတာလိုမျိုး အာရုံကြောဖိမိတဲ့နေရာတဝိုက် နာကျင်တာ၊
  • ဖြာထွက်တဲ့ နာကျင်ကိုက်ခဲမှု(ဥပမာ စိုင်ယာတီကာ အကြောနာလိုမျိုး ပေါင်အထိ တန်းစေတာ)၊
  • ခြေလက်တွေ ထုံတာ၊
  • စူးခနဲ ကျဉ်တာ၊ ပူတာ မျိုး ခံစားရတာ၊
  • အားနည်းတာ (တစ်ခုခုလုပ်ရင် အရင်လို မသန်တာ၊ လက်မမြဲတာလိုမျိုး)

တစ်ခါတလေ ခေါင်းကို လှည့်လိုက်တာ၊ လည်ပင်းစောင်းလိုက်တာ လိုမျိုး လှုပ်ရှားမှုလောက်နဲ့ လက္ခဏာပိုဆိုးသွားနိုင်ပါတယ်။

ဖြစ်လာတဲ့အခါ သက်သာစေဖို့ –

  • ပိုအိပ်၊ ပိုနားပါ။
  • ကိုယ်နေဟန်ထား ပြောင်းလဲပါ။
  • ခြေထောက်ကို မြှင့်ထားပါ။
  • ရေခဲကပ်၊ ရေနွေးအိတ်ကပ်ပါ။
  • နေထိုင်မှုပုံစံပြောင်းလဲပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ် antibody တွေဘယ်လောက်ခံသလဲ

ကိုဗစ်ဟာ နောက်တစ်ကြိမ်ဖြစ်ပွားနိုင်ခြေနည်းပါတယ်။ ကိုဗစ်ကူးစက်ခံရချိန်ကထွက်လာတဲ့antibodies တွေက  ခန္ဓာကိုယ်ထဲမှာအနည်းဆုံး (၅)လကနေ (၇)လလောက်အထိ ရှိနေနိုင်တယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

နှလုံးသွေးကြောကျဉ်းရောဂါ သေချာဂရုစိုက်ပါ။

နှလုံးခုန်သံ စည်းချက်မှန်မှန်လေးက ရှင်သန်နေတယ်ဆိုတာကို အသိပေးနေတယ်။ ဒီနှလုံးလေး ခုန်နေစေဖို့ ထောက်ပံ့ပေးထားတာက နှလုံးသွေးကြောတွေလေ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကာလမှာ ကလေးတွေဂိမ်းပိုဆော့လာတာကို အပြစ်မမြင်သင့်တော့ပါ

ကိုဗစ်ကာလမှာ မိဘတွေနဲ့ တီးခေါက်ကြည့်မိသလောက် ကလေးတွေနဲ့ ကျောင်းတက်နေဆဲဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်တွေ အရင်ကထက် ပိုပြီး ဂိမ်းဆော့လာတယ်လို့ ပြောနေကြတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

ပြဿနာတခုခုကြောင့် သွေးနီဥဆဲလ်များဟာ ပုံမှန်ထက် အရွယ်အစား ကြီးမားနေတတ်ပါတယ်။ သွေးဆဲလ်တွေ ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အခါ သွေးအားနည်းတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
anemia, ကျန်းမာရေးစင်တာ အောက်တိုဘာ 12, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

အာရုံကြောမှာ အဖြစ်များတဲ့ ရောဂါများ

အာရုံကြောမှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 2 mins read
ရိုးရိုးခါးနာတာလား.......... စိုးရိမ်ရမယ့် အနေအထားလား......................

ရိုးရိုးခါးနာတာလား………. စိုးရိမ်ရမယ့် အနေအထားလား………………….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 2 mins read
သုက်ရည်နှင့် ဓာတ်မတည့်ခြင်း

သုက်ရည်နှင့် ဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
Cyclothymia ခေါ် အပျော့စားစိတ်နှစ်ခွရောဂါ

Cyclothymia ခေါ် အပျော့စားစိတ်နှစ်ခွရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read