မြင်သူတိုင်းငေးတဲ့ ခြေထောက်လှလှလေးဖြစ်ဖို့

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူတစ်ယောက်ကိုစကြည့်ရင် မျက်နှာကနေစကြည့်တယ်နော်။ပြီးရင် ဘယ်အစိတ်အပိုင်းကိုဆက်ကြည့်မိမယ်ထင်လဲ။ လက်နဲ့ခြေထောက်လေးတွေပါ့။ လူတစ်ယောက်ကို စွဲဆောင်မှုရှိစေတဲ့အချက်တွေထဲမှာ မျက်နှာသွင်ပြင်လှတာက အရေးပါသလိုခြေထောက်လေးတွေ လက်လေးတွေဖြူဖွေးသန့်စင်မှုကလည်းတော်တော်လေးအရေးပါတာပါ။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ပရိသတ်ကြီးကို စွဲဆောင်မှုပြည့်ဝတဲ့သူတစ်ဦးဖြစ်စေဖို့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ခြေချောင်းလေးတွေဖြူဖွေးသန့်စင်အောင်ဘယ်လိုလုပ်ရမလဲပြောပြပါရစေနော်။

ခြေထောက်ကိုနေ့တိုင်းသန့်စင်မိရဲ့လား

ဒီအမေးကို အင်း….လုပ်တာပေါ့။နေ့တိုင်းပဲလေလို့ ဖြေလိုက်မိတယ်ဆိုရင်တော့ ပရိသတ်ကြီးက စမတ်ကျတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုတာသေချာနေပြီနော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ လူတော်ေ်တာ်များများကရေသာချိုးလိုက်ကြတာ၊ခြေထောက်ကိုကြေးတွန်းဖို့ကျတော့မေ့နေတတ်တယ်လေ။ တကယ်တော့ရေချိုးတိုင်းမှာခြေထောက်ကြေးတွန်းတဲ့ အလေ့အကျင့်ကိုမွေးမြူသင့်ပါတယ်။ ဒါမှလည်း ကြည့်လိုက်တိုင်းခြေထောက်လေးတွေကဖြူဖွေးသန့်စင်နေတော့မှာပေါ့။

ခြေထောက်လေးကိုမြင်သူငေးစေချင်တယ်ဆိုရင်

ကိုယ့်ရဲ့ခြေထောက်လေးကိုမြင်သူငေးရတဲ့ခြေထောက်လေးဖြစ်စေဖို့ဆိုရင် မဖြစ်မနေလုပ်ရမှာကကြေးချွတ်သန့်စင်ဖို့ပါ။

ခြေထောက်ကိုကြေးချွတ်သန့်စင်ဖို့ ဒါလေးတွေလိုပါမယ်

  • ခြေထောက်ကြေးချွတ်သန့်စင်တော့မယ်ဆိုရင်
  • ဇလုံတစ်လုံး (ခြေထောက်ထည့်စိမ်လို့အဆင်ပြေမယ့် အနေအထား)
  • ချည်သားတဘက်တစ်ထည်
  • ကြေးတွန်းကျောက်တုံး (ဆဲလ်သေတွေကိုဖယ်ရှားနိုင်ဖို့ပါ)
  • ခြေထောက်လိမ်းလို့ရမယ့် ခရင်မ်တစ်မျိုးမျိုး

ခြေထောက်ကြေးချွတ်ရအောင်

ခြေထောက်ကို အခုပြောပြမယ့်နည်းလေးတွေထဲက ကိုယ်နှစ်သက်လွယ်ကူတဲ့နည်းနဲ့ကြေးချွတ်လို့ရပါတယ်။

သံပရိုသီးသုံးမယ်

ခြေထောက်ကကြေးတွေကိုဖယ်ရှားပေးပြီးခြေထောက်ကွဲတာကို သက်သာစေနိုင်ပါတယ်။ ဇလုံထဲကိုရေနွေး တဝက်လောက်ထည့်လိုက်ပါ။ပြီးရင်ရေနွေးထဲကို သံပရိုသီး အရည်ညှစ်ထည့်လိုက်ပါ။ ဒီရောစပ်ထားတဲ့ရေခပ်နွေးနွေးလေးထဲကိုခြေထောက်တွေကို မိနစ် ၂၀လောက်စိမ်ထားပေးပါ။ပြီးရင်တော့ကြေးတွန်းကျောက်ကိုသုံးလို့ ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ပြီးရင်တော့ခြေထောက်ကိုရေခြောက်အောင်သုတ်ပြီး အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်ခုခု လူးပေးလို့ရပါတယ်နော်။

ဗီနီကာသုံးမယ်

ခြေဆီထွက်တာ၊ခြေထောက်အနံ့ဆိုးတာတွေကို ပါသက်သာစေနိုင်တာပါနော်။ရေနွေးထဲကို ဗီနီကာလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာထည့်ပြီးရေအေးသွားတဲ့အထိစိမ်ပေးပါ။ ၁၀ မိနစ်ကနေ မိနစ် ၂၀လောက်ထိစိမ်ပေးပါနော်။ပြီးရင်တော့ ပုံမှန်အတိုင်းရေချိုးသန့်စင်လိုက်ပါ။

ပျားရည်သုံးမယ်

ခြေထောက်အသားခြောက်သူတွေအတွက် အသုံးတည့်မယ့်နည်းလမ်းလေးပါနော်။ခြေထောက်အသားအရေလး အိစက်နေစေချင်သူတွေလုပ်သင့်ပါတယ်နော်။ ခုံတစ်ခုမှာထိုင်လို့ ခြေထောက်ကို ပျားရည်နဲ့ ၁၀ မိနစ်လောက်နှိပ်ပေးပါ။ပြီးရင်ခြေထောက်ကိုရေနွေးနွေးလေးထဲမှာ စိမ်လို့ကြေးတွန်းကျောက်ကို သုံးပြီး ဆဲလ်သေတွေကို ဖယ်ရှားလိုက်ပါ။ပြီးရင်တော့ တဘက်နဲ့ရေခြောက်အောင်သုတ်ပြီး ခရင်မ်တစ်ခုခုလူးပေးပါ။

ခရမ်းချဉ်သီးသုံးမယ်

ခြေထောက်အရေပြားပေါ်ကနေလောင်ကွက်တွေကို သက်သာစေမယ့် နည်းလေးတစ်ခုပါ။ ဖနောင့်ကွဲတတ်သူတွေအနေနဲ့နေ့တိုင်းလုပ်ပေးလို့ရပါတယ်နော်။ ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းလိုက်ပြီး ဖနောင့်ကွဲတဲ့နေရာတွေကို ပွတ်ပေးလိုက်ပါ။ပြီးရင်တော့ အပေးမှာပြောခဲ့သလိုပါပဲနော်။ရေနွေးနွေးလေးထဲကိုခြေထောက်ထည့်စိမ်ပြီးကြေးတွန်းကျောက်နဲ့ကြေးတွန်းလိုက်ပါ။ ပုံမှန်လေးလုပ်ပေးရင် သိသာတဲ့ရလဒ်ကို ရလာမှာပါနော်။

ကြက်သွန်နီကိုသုံးမယ်

ခြေဖနောင့်ကွဲလို့ နာတောင်နာတယ်ဆိုတဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။ အနံ့တော့ပြင်းနိုင်ပေမယ့် တကယ်ကိုလည်း ထိရောက်ပါတယ်နော်။ တစ်ပတ်ကို နှစ်ကြိမ်လောက်သုံးပေးရင်တောင်တော်တော်လေးသက်သာစေမှာပါ။ရေနွေးထဲကို ကြက်သွန်နီတစ်လု့းကနေရတဲ့ သတ္တုရည်ကို ထည့်လိုက်ပါ။ ပြီးရင်ခြေထောက်ကို မိနစ် ၂၀လောက်ထည့်စိမ်လို့ကြေးချွတ်လိုက်ပါနော်။နောက်တစ်ဆင့်ကတော့ရေခြောက်အောင်သုတ်ပြီး ခရင်မ်လူးပေါ့။

ဆားကိုသုံးမယ်

အလွယ်ဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းပါ။ခြေထောက်ပေါ်က ဆဲလ်သေတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။ လက်ဖဝါးထဲမှာ ဆားထည့်ပြီးခြေဖဝါးမှာ ပွတ်ပေးလိုက်ပါ။ပြီးရင်ရေနွေးနွေးလေးထဲမှာ ၁၀ မိနစ်လောက်ထည့်စိမ်ပေးလိုက်ပါ။ပြီးရင်တော့ကြေးတွန်းကျောက်ကိုသုံးလို့ကြေးတွေစင်အောင်တွန်းပေတော့။ပြီးရင်ရေဆေးချပြီးခြေထောက်ကိုရေခြောက်အောင်သုတ်လို့ ခရင်မ်တစ်ခုခုလူးပေးနော်။

ဒီနည်းလေးတွေကိုသုံးလို့ ကိုယ့်ခြေထောက်လေးတွေကိုမြင်သူငေးအောင်လုပ်လိုက်တော့နော်………………………

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဧပြီ 10, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။