အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 6, 2021 . 2 mins read
Share now

ကျန်းမာကြံ့ခိုင်တဲ့အရိုးတွေပိုင်ဆိုင်ဖို့ စားသုံးရမဲ့အစားအသောက်တွေသိရှိရုံနဲ့မပြီးသေးပါဘူး။ အရိုးကိုတဖြည်းဖြည်းအားနည်းစေနိုင်တဲ့ အစားအသောက်တွေကိုလည်းလျှော့ပြီးစားသောက်ဖို့လိုအပ်ပါသေးတယ်။ ဘယ်လို အစားအစာတွေလည်းဆိုတာ တစ်ချက်လေ့လာကြည့်ပါအုံး။

အရိုးတွေက ခန္ဓာကိုယ်တစ်ခုလုံးကိုထောက်ကန်ပေးထားတဲ့ စနစ်ကြီးပါပဲ။ ကိုယ်တွင်းကလီစာတွေကို ကာကွယ်ပေးထားတယ်၊ ကြွက်သားတွေ ကူညီတည်ဆောက်ပေးတယ်၊ နောက်ပြီးလူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကိုလည်း ဆုံးဖြတ်ပေးနိုင်တဲ့အတွက် သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတွေလို့ပြောရမှာပါ။ ငယ်ငယ်ကတည်းက တဖြည်းဖြည်းသန်မာလာတဲ့အရိုးတွေကို ဆက်ပြီးထိန်းသိမ်းဖို့အတွက် အစားအစာတွေကို ရွေးချယ်စားသုံးပေးဖို့လိုပါတယ်။

အရိုးကျန်းမာရေးအတွက်တတ်နိုင်သလောက်လျှော့ပြီး စားသုံးသင့်တဲ့ အဓိကအစားအစာ (၃) မျိုးရှိပါတယ်။ဒါတွေကတော့

နံပါတ် (၁) – ဆားပါဝင်မှုများတဲ့အစားအသောက်များ

ဆားဆိုတဲ့အမျိုးက စားတိုင်းကောင်းတာ မဟုတ်ပါဘူး။ အငန်ဓာတ်ကဲတဲ့ အစားအသောက်တွေက သွေးတိုး၊ နှလုံးရောဂါတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ အစားအသောက်တွေမှာ ဆားကို လိုအပ်တာထက် ပိုထည့်ပြီး စားသုံးခြင်းက အရိုးပွရောဂါဖြစ်စေနိုင်ပါတယ်။ ဆားစားသုံးမှုများလေ ကိုယ်ထဲကကယ်လ်စီယမ်ဓာတ်တွေ ပိုဆုံးရှုံးလေဖြစ်ပါတယ်။

ယေဘုယျအားဖြင့် ဆား ၂၃၀၀မီလီဂရမ်လောက်စားသုံးလိုက်တိုင်း ဆီးထဲကနေ ကယ်လ်စီယမ်ဓာတ် ၄၀မီလီဂရမ်လောက်ဆုံးရှုံးသွားတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် အရွယ်ရောက်ပြီးသူ လူကြီးတစ်ယောက်ဟာ တစ်ရက်ကို ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းပမာဏထက်ပိုပြီး မစားသုံးဖို့အကြံပြုချင်ပါတယ်။

ဆားပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ အသင့်စားသရေစာတွေ(ဟမ်ဘာဂါ၊ ပီဇာ၊အာလူးကြော်)၊ စည်သွပ်ဘူးအမျိုးမျိုး၊ ဝက်ပေါင်ခြောက်နဲ့ အသားပြားတွေ၊ ပေါင်မုန့်နဲ့ ကိတ်မုန့်တွေကို တတ်နိုင်သလောက် လျှော့စားပါ။ ဒီအစားအစာတွေ စားတော့မယ်ဆိုပါဝင်တဲ့ ဆားပမာဏကို သေချာစိစစ်ပါ။

ဘယ်သူမှတော့ ဆားကိုဇွန်းလိုက်ခပ်မစားပါဘူး။ ဒါပေမဲ့ ကိုယ်နေ့စဉ်မသိလိုက်မသိဖာသာ စားသုံးနေမိတဲ့အစားအသောက်တွေထဲမှာပါဝင်တဲ့ဆားပမာဏတွေ အားလုံးပေါင်းလိုက်ရင် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာမက ရှိနေနိုင်ပါတယ်။ အငန်တွေစားမိတာများနေပြီလို့ ကိုယ့်ကိုယ်ကိုသံသယရှိရင် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားပေးပါ (ဒါမှမဟုတ်) ဆရာဝန်နဲ့ တိုင်ပင်ပြီး ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီပါတဲ့ အားဆေးသောက်ပေးပါ။

နံပါတ် (၂) – အချိုရည်များ

အသင့်သောက်အချိုရည်အတော်များများထဲမှာ ဖော့စ်ဖော်ရစ်အက်စစ်ပါဝင်ပြီး ဒီအက်စစ်ဓာတ်က ကယ်လ်စီယမ်ဓာတ်တွေကို စွန့်ပစ်ဖို့အားပေးပါတယ်။ နောက်ပြီး အချိုရည်အမျိုးအစားအကုန်လုံးနီးပါးမှာ ကယ်လ်စီယမ်မပါဝင်ပါဘူး။ ဒီ (၂) ချက်နဲ့တင် သင့်အနေနဲ့အချိုရည်တွေကို လက်ရှောင်သင့်နေပါပြီ။ အချိုရည် ခဏခဏသောက်တတ်သူတွေမှာ အရိုးပွရောဂါဖြစ်ပွားမှုမြင့်မားတာလည်း ဒီ(၂)ချက်ကသက်သေပြနေပါတယ်။

နောက်ထပ်ပြဿနာတစ်ခုကတော့ လူတစ်ယောက်က အချိုရည်သောက်သုံးမှုများလာလေ သစ်သီးဖျော်ရည်တွေ၊ နွားနို့နဲ့ ဒိန်ချဉ်လို ကယ်လ်စီယမ်ပါဝင်ပြီး အရိုးအတွက်အကျိုးရှိစေမဲ့သောက်စရာတွေကို သောက်သုံးမှုနည်းလာလေပါပဲ။ ဒီလိုပြောလို့ ကိုကာကိုလာတို့၊ ပက်စီတို့လို အသင့်သောက်အချိုရည်တွေကို တစ်သက်လုံးမသောက်ရတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ခါတစ်လေသောက်သုံးတာမျိုးကတော့ ပြဿနာမရှိပါဘူး။ ဒါတွေပဲ တောက်လျှောက်သောက်နေရင်တော့ အရိုးကိုတဖြည်းဖြည်းအားနည်းလာစေမှာ ဖြစ်တဲ့အတွက် ဆင်ခြင်ကြဖို့ အကြံပြုတာဖြစ်ပါတယ်။

နံပါတ် (၃) – ကဖိန်းပါဝင်သော သောက်စရာများ

ကဖိန်းဓာတ်က အရိုးထဲက ကယ်လ်စီယမ်တွေကို စုပ်ယူတဲ့အတွက် အရိုးတွေကို အားနည်းစေပါတယ်။ ဆားစားသုံးခြင်းလောက် အန္တရာယ်မများပေမဲ့ ကဖိန်းပါဝင်တဲ့သောက်သုံးရင်လည်း အရိုးပွရောဂါဖြစ်စေနိုင်တာကို တွေ့ရပါတယ်။ ကော်ဖီမှုန့်အကြမ်း (ground coffee) တွေက အသင့်သောက်ကော်ဖီ (instant coffee) တွေထက် ကဖိန်းပိုပါဝင်ပါတယ်။

ကိုယ်က ကော်ဖီကြိုက်တဲ့သူဖြစ်နေလို့ မသောက်ရမနေနိုင်ဖြစ်နေမယ်ဆို သောက်တဲ့ပမာဏကိုလျှော့ကြည့်ပါ (တစ်ရက်ကို လေးခွက်ထက်မပိုသင့်ပါ)။ ကဖိန်းဓာတ်ကြောင့် ဆုံးရှုံးသွားတဲ့ ကယ်လ်စီယမ်ဓာတ်ကို ပြန်ဖြည့်နိုင်ဖို့ ကော်ဖီနဲ့ နွားနို့ရောဖျော်သောက်သင့်ပါတယ်။ ဒါမှမဟုတ်လည်း ကဖိန်းထုတ်ထားတဲ့ ကော်ဖီလိုမျိုး သောက်ကြည့်ပါ။

လူတိုင်းနီးပါးအသက်ကြီးလာရင် အရိုးအားနည်းလာပြီး အရိုးပွဝေဒနာခံစားရနိုင်ပါတယ်။ ဒါပေမဲ့ အရိုးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင်ဒီဓာတ်တွေကို ရှိသင့်တဲ့ပမာဏထဲမှာကောင်းကောင်း ထိန်းသိမ်းထားနိုင်လေ အရိုးပွလာဖို့ ပိုကြာလေပါပဲ။ ဒါ့ကြောင့် ကိုယ်ရဲ့ နေ့စဉ်စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲပြီး အရိုးပွရောဂါအန္တရာယ်ကို ကာကွယ်နိုင်ကြောင်း ပြောကြားလိုပါတယ်။

Dr. Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်တည်တာက ဆီးလမ်းကျောက်တည်တယ်လို့ ပြောကြပေမယ့် များသောအားဖြင့်ကတော့ ကျောက်ကပ်မှာ ကျောက်တည်တာပါ။ ဆီးလမ်းကြောင်း တလျှောက်မှာလည်း ဖြစ်နိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ကျန်းမာရေးနဲ့ညီညွတ်ဖို့အတွက် ငွေကုန်ကြေးကျခံပြီးစားသောက်ဖို့မလိုပါဘူး။ ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေကပဲ ကျန်းမာရေးအတွက်အကျိုးရှိစေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

သီဟိုဠ်စေ့မှာ အရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့ copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ် ကြွယ်ဝတဲ့ သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာ (Bone Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 11, 2021 . 3 mins read
သွေးတိုးရောဂါ (Hypertension)

သွေးတိုးရောဂါ (Hypertension)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 30, 2020 . 2 mins read