အဆစ်အမြစ်ရောင်ရမ်းတာကို ကာကွယ်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

အဆစ်အမြစ်ရောင်ရမ်းတာကို ဆေးပညာ ဝေါဟာရနဲ့ osteoarthritis လို့ခေါ်ပြီး အရိုးတစ်ခုနဲ့တစ်ခုကြားက အရိုးနုတွေပွတ်တိုက်ပါများပြီး ပျက်စီးကုန်တဲ့အခါ ခံစားရတဲ့ ဝေဒနာဖြစ်ပါတယ်။ အရိုးနုတွေက အရိုးတစ်ခုခုနဲ့တစ်ခုကြား မှာ အခုအခံ ကူရှင်သဘောမျိုးလုပ်ပေးထားတာကြောင့် သူတို့ပျက်စီးသွားတဲ့အခါ လှုပ်ရှားရင်အဆစ်တွေနာကျင်လာတယ်၊ ရောင်လာတယ်၊ နောက်ပြီး အချိန်ကြာလေ လှုပ်ရှားရတာလည်း မကောင်းတော့ပါဘူး။ ဒါ့ကြောင့် ဒီလိုပြဿနာတွေပေးနိုင်တဲ့ အဆစ်အမြစ်ရောင်ဝေဒနာကို ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

အဆစ်အမြစ်ရောင်ရမ်းမှုဝေဒနာကို လုံးဝပျောက်ကင်းအောင်ကုသလို့မရဘဲ ခံစားရတဲ့လက္ခဏာတွေသက်သာအောင်နဲ့ မဖြစ်အောင်အနေအထိုင်ဆင်ခြင်လို့ပဲရပါတယ်။ ကံကောင်းစွာပဲ ဝေဒနာဖြစ်ပွားမှုနည်းအောင် လိုက်နာနိုင်တဲ့နည်းလမ်းတချို့ရှိနေပါတယ်။

ဒါတွေကတော့

၁.အဆစ်အမြစ်တွေကို ဂရုစိုက်ပါ

ကိုယ်နေ့စဉ်လုပ်နေရတဲ့အလုပ်တွေကိုပြန်ဆန်းစစ်ကြည့်ပ။ ခဏခဏဒူးထောက်ရတာ၊ အလေးအပင်မတာ၊ လမ်းအကြာကြီးလျှောက်တာ စတာတွေကို အသက်ကြီးလာတာနဲ့ တတ်နိုင်သလောက်လျှော့လုပ်ပါ။ အဆစ်အမြစ်တွေကို အသုံးပြုမှုများလေ ပိုပျက်စီးနိုင်လေပါပဲ။

၂. လေ့ကျင့်အားအစွမ်းကို လျှော့မတွက်ပါနဲ့

ခန္ဓာကိုယ်အတွက် အရမ်းဒဏ်ဖြစ်စေမယ့် လေ့ကျင့်ခန်းမျိုးတွေမဟုတ်ဘဲ အဆစ်အမြစ်တွေသန်စွမ်း စေမယ့် လေ့ကျင့်ခန်းတွေကို ရွေးလုပ်ကြည့်ပါ။ မျက်စိထဲမြင်အောင်ပြောရရင် အေရိုးဗစ်လေ့ကျင့်ခန်းတွေပေါ့။ လေ့ကျင့်ခန်းလုပ်တာက အဆစ်အမြစ်ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ စိတ်ဖိစီးမှုလျော့နည်းစေသလို ကြွက်သားနာကျင်မှုကိုလည်း သက်သာစေတာတွေ့ရပါတယ်။ နောက်ပြီး အသက်ကြီးသူတွေခံစားရလေ့ရှိတဲ့ အရိုးကြွက်သားပမာဏလျော့နည်းသွားတာကိုလည်း ကာကွယ်နိုင်ပါတယ်။

၃. ရှိသင့်တဲ့ကိုယ်အလေးချိန်ပဲထားပါ

လေ့ကျင့်ခန်းတော့ လုပ်ချင်ပါရဲ့၊ ခန္ဓာကိုယ်ကအရမ်းဝနေပြန်ရင်လည်း အဆင်မပြေပါဘူး။ နောက်ပြီး ကိုယ်အလေးချိန်အရမ်းများလာရင် အဆစ်အမြစ်တွေပေါ်ဝန်ပိပြီး အရိုးနုတွေမြန်မြန်ပျက်စီးစေနိုင်ပါတယ်။ အဝလွန်တာက သွေးတိုး၊ ဆီးချိုရောဂါတွေနဲ့လည်း ဆက်စပ်နေတာကြောင့် ကိုယ်အလေးချိန်ထိန်းထားဖို့က အရေးကြီးလှပါတယ်။

၄. အနားယူပါ

လေ့ကျင့်ခန်းလုပ်ရင် အရိုးနဲ့အဆစ်အမြစ်တွေ သန်မာစေတာမှန်ပေမယ့် တန်ဆေးလွန်ဘေးဆိုတာလည်း မမေ့နဲ့နော်။ အသုံးပြုတာများရင်လည်း အဆစ်အမြစ်ရောင်တတ်တာပါပဲ။ အဲ့ဒါကြောင့် လေ့ကျင့်ခန်းလုပ်လိုက်၊ အနားယူလိုက်ပဲလုပ်ပါ။ အဆစ်အမြစ်တွေရောင်ကိုင်းလာတဲ့အထိလည်း ပြင်းပြင်းထန်ထန်မလုပ်ပါနဲ့၊ ဖြစ်ပြီးမှကုသတာထက် မဖြစ်ခင်ကတည်းက ဆင်ခြင်တာပိုကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးရင်လည်း ကြွက်သားတွေ ပြည့်ပြည့်၀၀ပြန်ကြီးထွားနိုင်ဖို့ အိပ်ရေး၀၀အိပ်ဖို့လိုအပ်ပါတယ်။

၅. သွေးတွင်းသကြားဓာတ်မျှတအောင်ထိန်းထားပါ

သွေးတွင်းသကြားဓာတ်များလာရင် ဆီးချိုရောဂါဖြစ်ပွားနိုင်ပြီး ဆီးချိုရောဂါက အဆစ်အမြစ်ရောင်ရမ်းစေတဲ့အချက်တွေထဲမှာ တစ်ချက်အပါအဝင်ဖြစ်တာကို သတိပြုရပါမယ်။ သွေးတွင်းမှာများလာတဲ့အဆီဓာတ်တွေကဖွဲ့စည်းပေးလိုက်တဲ့ မော်လီကျူးတွေက အရိုးနုတွေကို မာတောင့်လာစေပြီး ပိုမြန်မြန်ပျက်စီးသွားစေပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းခြင်းက အဆစ်အမြစ်ရောင်ရောဂါကိုပါ တစ်ခါတည်းကာကွယ်ရာရောက်ပါတယ်။

အဆစ်အမြစ်ရောင်ဝေဒနာက ကုသလို့မရနိုင်သေးပေမယ့် အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေကိုလိုက်နာပြီးကျန်းမာတဲ့ စားသောက်နေထိုင်ပုံကို ထိန်းသိမ်းထားရင် ရောဂါဖြစ်နှုန်းကို သိသိသာသာလျှော့ချကာကွယ်နိုင်တာကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နိုင်အောင် ယနေ့ပဲ လိုက်နာကျင့်သုံးလိုက်ကြရအောင်နော်။

ရေးသားသူ – Dr. Htoo Tint Ko Ko

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    ကိုဗစ်ကြောင့် အိပ်မပျော်ဖြစ်နေသလား

    COVID-19 အရက်အလွန်အကျွံ မသောက်ပါနဲ့ ကိုယ်လက်လှုပ်ရှား အိပ်ရာ စိတ်အပြောင်းအလဲ စိတ်ပူပန်ခြင်း လေ့ကျင့်ခန်း စိုးရိမ်စိတ်တွေ အိပ်ရေးပျက်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin

    ပန်ခရိယရောင်ရမ်းခြင်းအတွက် စားသောက်မှုပုံစံ

    ပန်ခရိယ သွေးတွင်းသကြားဓာတ် အမျှင်ဓာတ် အစားအသောက်တွေ ဆေးလိပ် အာလူးချောင်းကြော် ပုံပြောင်းဆီတွေ အဆီများသော နို့ထွက်ပစ္စည်းများ အနီရောင်အသား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin

    ကျောက်ကပ် အားကောင်းစေမယ့် အစားအသောက် (၇) မျိုး

    ကျောက်ကပ် အစားအသောက် အာဟာရ အာဟာရဓာတ် အသီးအနှံ အသီးအရွက် ဗီတာမင် သတ္တုဓာတ် နေ့စဉ်အာဟာရ အကျိုးကျေးဇူး ကျောက်ကပ်ကျန်းမာရေး သဘာဝအာနိသင်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    သင့်ကိုယ်ခန္ဓာထဲက အစာခြေအင်ဇိုင်းများအကြောင်း

    အင်ဇိုင်း ကြွက်သားများ အစာခြေအင်ဇိုင်း အစာခြေ အာဟာရဓာတ် အစားအသောက်တွေ ကိုယ်ခန္ဓာအပူချိန် မိခင်နို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin

    သင့်အတွက် ရွေးချယ်ထားသည်

    အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့။

    အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020
    Scrub လုပ်တိုင်း ကောင်းသလား.............

    Scrub လုပ်တိုင်း ကောင်းသလား………….

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020
    Mulberries ကပေးတဲ့ ကျန်းမာရေး

    Mulberries ကပေးတဲ့ ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 2, 2020
    အမျိုးသား တွေကို သေဆုံးစေတဲ့ ရောဂါများ

    အမျိုးသား တွေကို သေဆုံးစေတဲ့ ရောဂါများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020