သင့်မှာ ဆီးသွားချင်လျက် အောင့်ထားတတ်တဲ့ အကျင့်ရှိလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 5, 2020 . 2 mins read
Share now

ဆီးဝမ်းကိစ္စတွေနဲ့ ပတ်သက်လာရင် အမြဲတမ်း စောစောသွားထားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ တမင်တကာ ဆီးသွားရမှာ ပျင်းလို့ ထမသွားတဲ့ အကျင့်ကတော့ လုံးဝ မကောင်းဘူးဆိုပေမဲ့ အလုပ်ကိစ္စ၊ အစည်းအဝေး ထိုင်နေတာ၊ အိမ်သာ မလွတ်တာ၊ အပြင်သွားနေစဉ် အိမ်သာရှာမရတဲ့ ပြဿနာတွေကြောင့် မလွှဲသာမရှောင်သာ ဆီးအောင့်ထားလိုက်ရတဲ့ အခြေအနေတွေလည်း ကြုံရတတ်ပါတယ်။

လူတစ်ယောက်က ဆီးပမာဏ ဘယ်လောက်ကို သိမ်းဆည်းထားနိုင်လဲ။

လေ့လာတွေ့ရှိချက်အရ

၁။ အသက် ၂ နှစ်အောက် ကလေးတွေရဲ့ ဆီးအိမ်ဟာ အလွန်သေးငယ်တဲ့အတွက် ၄ အောင်စ (ကော်ဖီခွက် တစ်ဝက်) ကိုသာ သိမ်းဆည်းထားနိုင်ပါတယ်။

၂။ အသက် ၂ နှစ်အထက် ကလေးတွေမှာတော့ ကလေးရဲ့ အသက်ကို ၂ နဲ့ စားပြီး ၆ ပေါင်းခြင်းဖြင့် ပျမ်းမျှ သိမ်းဆည်းထားနိုင်တဲ့ ပမာဏကို တွက်ဆလို့ ရပါတယ်။ (ဥပမာ – အသက် ၈ နှစ်အရွယ် ကလေးဆိုရင် ၂ နဲ့စားပြီး ၆ ပြန်ပေါင်းလိုက်တဲ့အခါ ၁၀အောင်စအထိ သိမ်းဆည်းထားနိုင်ပါတယ်)

၃။ အသက် ၁၈ နောက်ပိုင်း လူငယ်၊ လူကြီးအရွယ်တွေမှာတော့ ဆီးအိမ်ဟာ အများဆုံး ၁၆ အောင်စ (ကော်ဖီခွက် ၂ခွက်စာ) ပမာဏထိ သိမ်းဆည်းထားနိုင်ပြီး အဲ့ပမာဏထက် ကျော်လွန်လာရင်တော့ ဆီးသွားချင်စိတ်က အရမ်း ပြင်းထန်လာပါလိမ့်မယ်။

ဆီးပမာဏသည် ကိုယ် သောက်လိုက်တဲ့ ရေပမာဏပေါ် မူတည်ပြီး အချိန်ပိုင်းအတွင်းမှာ တိုးလာနိုင်ပါတယ်။

ဆီးအောင့်တာ ကောင်းသလား။

တချို့သော အခြေအနေမှာဆိုရင်တော့ ကောင်းတယ်လို့ ဆိုရမှာပါ။ ဆီးမထိန်းနိုင်သူတွေ၊ အိပ်နေရင်း ဆီးပေါက်ချတတ်တဲ့ ကလေးတွေဆိုရင်တော့ ဆီးကို မိနစ်ပိုင်းလောက် အောင့်ထားခြင်း၊ ဆီးသွားစဉ် တောက်လျှောက် မသွားဘဲ နည်းနည်းသွား ၃ စက္ကန့်လောက် နားတဲ့ ပုံစံမျိုးနဲ့လည်း ဆီးထိန်းနိုင်အောင် ကျင့်ပေးလို့ ရပါတယ်။ အကြာကြီး ဆီးအောင့်လို့တော့ မရပါဘူး။

ဘယ်လိုအခြေအနေမှာ ဒုက္ခဖြစ်စေနိုင်လဲ။

ဆီးလမ်းကြောင်း ပိုးဝင်နေတဲ့အချိန်မှာ ဆီးအောင့်လိုက်ရင် အထဲမှာ ဘက်တီးရီးယားပိုးတွေ ပြန့်တဲ့ နှုန်းကို မြန်သွားစေတဲ့အတွက် ရောဂါအခြေအနေ ပိုဆိုးနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရေသောက်တဲ့ ပမာဏ၊ အချိန်အတိုင်းအတာ၊ ဆီးအိမ် အရွယ်အစား မတူညီတဲ့အတွက် ဘယ်လောက်ကြာကြာ ဆီးအောင့်လို့ရလဲဆိုတာတော့ တွက်ဆလို့ မရပါဘူး။ ကိုယ်က ရေအများကြီး သောက်ထားရင်တော့ ဆီးအောင့်တာ ကြာလာတာနဲ့အမျှ ဆီးအိမ်နဲ့ ကျောက်ကပ်ကို သွားပြီး ဒဏ်ဖြစ်စေသလို ဆီးကျိတ်ကြီးခြင်း၊ ကျောက်ကပ် ပုံမှန်အလုပ်မလုပ်တော့ခြင်း၊ ဆီးကျန်နေသလို ခံစားရခြင်း စတဲ့ ပြဿနာတွေလည်း ကြုံလာရနိုင်ပါတယ်။

ဆီးသွားတယ်ဆိုတာ တစ်နည်းအားဖြင့် ကျွန်တော်တို့ ဆီးအိမ်အတွင်းမှာ ရှိနေတဲ့ ဆီးနဲ့ အနည်တွေကို အပြင်ကို စွန့်ထုတ်ပေးတာဖြစ်ပြီး ဆီးလမ်းကြောင်း တစ်လျှောက်မှာ ရှိနေတဲ့ ဘက်တီးရီးယားပိုးတွေပါ အပြင်ကို ပါသွားတဲ့အတွက် ပိုးကောင်ရေ ပွားများနိုင်ခြင်း မရှိတော့ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ ဆီးအိမ်နဲ့ ကျောက်ကပ် ကျန်းမာရေးအတွက် အချိန်အကြာကြီး ဆီးအောင့်တာ၊ ဆီးမသွားတာမျိုးတော့ မလုပ်သင့်ပါဘူးနော်။ ရေလေး ပုံမှန်သောက်၊ ဆီးလေး ပုံမှန်သွားပေးခြင်းဖြင့် ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာကို ပုံမှန်လေး ထမ်းဆောင်ကြပါစို့နော်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဆုတ်ကင်ဆာ ကာကွယ်ပါ

မဖြစ်ခင်က ကြိုတင်ကာကွယ်ပါ။ ဒီလို ကြိုတင်ကာကွယ်ရမယ့်အထဲမှာ အဆုတ်ကင်ဆာကလည်း တစ်ခုအပါအဝင်ပါပဲ။ အဆုတ်ကင်ဆာ သတိပြု ကာကွယ်လို့ ကျန်းမာရေးဂရုပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
အဆုတ်ကင်ဆာ, ကျန်းမာရေးစင်တာ အောက်တိုဘာ 6, 2020 . 2 mins read

အူအတက်ခွဲစိတ်ကုသခြင်း

အူအတက်ခွဲစိတ်ကုသခြင်း (Appendectomy) ဆိုတာဟာ ရောင်ရမ်းလာတဲ့ အူအတက်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ အရေးပေါ် ခွဲစိတ်ကုသမှုတမျိုး ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သီးသီးအကြောင်း သိကောင်းစရာ

သီးသီးက အပြင်ခွံမာမာလေးနဲ့ လုံးဝန်းပါတယ်။ အထဲမှာ အနှစ်လေးတွေရှိပြီး အစေ့ အဖြူလေးတွေ ပါရှိပါတယ်။ မြင်သာအောင်ပြောပြရရင် ဥသျှစ်သီး အသေးစားလေးနဲ့ တူပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရင်သားထွားထွား ရောဂါများများ

ရင်သားထွားထွား ရောဂါများများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 14, 2020 . 2 mins read
အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read
အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

COVID-19 လက္ခဏာတစ်မျိုးဖြစ်တဲ့ လည်ချောင်းနာခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read