သွေးပေါင်ချိန်စက်ကဖော်ပြနေတဲ့ နံပါတ်တွေ ပြောပြတဲ့ သင့်ကျန်းမာရေးအကြောင်း ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လူတိုင်းနီးပါး သွေးပေါင်ချိန်ဖူးကြပါတယ်။ သူကလုပ်ရတာလွယ်တယ်လေ။ အိမ်မှာ သွေးပေါင်ချိန်တဲ့ စက်လေးတစ်လုံးဝယ်ထား။ ကိုယ့်သွေးပေါင်ချိန်ဘယ်လောက်လဲသိချင်ရင် စက်လေးနဲ့ ချိန်ကြည့်လိုက်ရုံပဲ။ သွေးတိုး ရောဂါကိုလူတိုင်းက ကြောက်ကြတော့ သွေးပေါင်ဘယ်လောက်ရှိလဲ အမြဲတိုင်းကြည့်ချင်နေကြတဲ့သူချည်းပါပဲ။

ဒီနေရာမှာ အာလုံး အကြမ်းဖျင်းသိကြတာက ပုံမှန်သွေးပေါင်ချိန်ဆိုရင် အပေါ်သွေး ၁၂၀/ အောက်သွေး၈၀ ရှိရမယ်။ အပေါ်သွေး၁၄၀လောက်ရောက်နေပြီဆိုရင်သွေးတိုးနေပြီ အပေါ်သွေး၉၀ပဲရှိတယ်ဆိုရင်သွေးပေါင်ကျနေပြီဆိုပြီး သိကြပါတယ်။ ဒါက အကြမ်းဖျင်းလောက်ပဲ သိကြတာပါ ။ ကိုယ်က အိမ်မှာ သွေးပေါင်ချိန်စက်လေးဝယ်ထားပြီး တိုင်းလိုက်တဲ့အခါ အမြဲ ၁၂၀/၈၀ ကတော့ တန်းမနေဘူးလေ။ တစ်ခါတစ်လေ ၁၀၀/၇၀ ဖြစ် တစ်ခါတစ်လေ ၁၃၀/၉၀ ဖြစ်နေတတ်ပြန်ရော။ ဒီတော့ ကိုယ့်ကသွေးတိုးနေလား သွေးပေါင်ကျနေတာလား ရေရေရာရာ မသိတဲ့သူတွေရှိပါတတယ်။ ဒီလိုအချိန်မှာ သွေးပေါင်ချိန်စက်ကပြောနေတဲ့နံပါတ်တွေအကြောင်းပိုပြီး သိချင်မလားဘူးလား။ ။

သွေးပေါင်ချိန်စက်တစ်ခုကနေ သိနိုင်တာတွေကတော့

  • Blood pressure ေသွးပေါင်ချိန် ပမာဏ
  • Pulse pressure နဲ့
  • Heart beat – နှလုံးခုန် အကြိမ်အရေအတွက်တို့ပဲ ဖြစ်ပါတယ်။

သွေးပေါင်ချိန်စက်က နံပါတ်တွေ ပြောပြနေတဲ့ သင့်ကျန်းမာရေးအကြောင်း

Blood pressure

– ၁၂၀/၈၀ mmHg ( အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ )– ပုံမှန် သွေးပေါင်ချိန်
– ၁၂၀-၁၂၉ / ၈၀ mmHg ( အပေါ်သွေး ၁၂၀-၁၂၉ အောက်သွေး ၈၀)– သွေးပေါင်တက်ချင်သလိုလို ဖြစ်နေ
– ၁၃၀-၁၃၉/၈၀-၈၉ mmHg ( အပေါ်သွေး ၁၃၀-၁၃၉ အောက်သွေး ၈၀-၈၉)– သွေးတိုး အဆင့် ၁
– ၁၄၀/၉၀ mmHg ( အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ ) သွေးတိုး အဆင့် ၂
– ၁၄၀-၁၆၀ / ၉၀-၁၁၀ ( အပေါ်သွေး ၁၄၀-၁၆၀ အောက်သွေး ၉၀-၁၁၀ )– သွေးတိုးအဆင့် ၃
– >၁၈၀/ >၁၂၀ mmHg ( အပေါ်သွေး၁၈၀ ထက်များနေ အောက်သွေး ၁၂၀ ထက်ကျော်နေပြီဆိုရင်)– သွေးတိုး အမြင့်ဆုံးအဆင့်)

ခုပြောပြခဲ့တဲ့ ဇယားလေးကတော့သွေးတိုးဖြစ်နေပြီဆိုတဲ့အကြောင်း ကို သွေးပေါင်ချိန်စက်က နံပါတ်လေးတွေက ပြောပြပေးနေတာပါ။

သွေးပေါင်ကျ နေပြီဆိုရင်ရော – သွေးပေါင်ကျနေပြီဆိုရင်တော့ ချိန်လိုက်တဲ့အခါ အပေါ်သွေး ၉၀ ဝန်းကျင်ပဲ ရှိနေတတ်ပြီ းအောက်သွေးကတော့ ၆၀ ဝန်းကျင်လောက်ပဲ ရှိနေတတ်ပါတယ်။

Pulse pressure

ဒါတင်မဟုတ်သေးပါဘူး။ သွေးပေါင်ချိန်စက် နေပြီးတော့ ကိုယ့်ရဲ့ pulse pressure ကိုလည်း သိနိုင်ပါသေးတယ်။ pulse pressure ကိုလိုချင်ရင် systolic pressure ( အပေါ်သွေး) ထဲကနေ diastolic pressure ( အောက်သွေး) ကို နှုတ်လိုက်ရပါမယ်။

  • ပုံမှန် pulse pressure ကတော့ ၄၀-၅၀ mmHg ကြားထဲမှာရှိပါတယ်။
  • အပေါ်သွေးထဲကနေ အောက်သွေးပေါင်ချိန် ပမာဏကို နှုတ်လိုက်လို့ < ၂၀ အောက်ဖြစ်သွားပြီဆိုရင် narrow pulse pressure လို့ သတ်မှတ်ပါတယ်။
  • အပေါ်သွေးထဲကနေ အောက်သွေးပေါင်ချိန် ပမာဏကို နှုတ်လိုက်လို့ > ၅၀-၆၀ ထက်များနေပြီဆိုရင်တော့ wide pulse pressure လို့ သတ်မှတ်ပါတယ်။

Pulse pressure ဆိုတာလည်း ပုံမှန်အတိုင်းမှာပဲ ရှိနေသင့်တဲ့အတွက်ကြောင့် narrow ဖြစ်တာရော wide ဖြစ်နေတာရော နှစ်ခုလုံး မကောင်းပါဘူး။

Heart Beat

တစ်ချို့ သွေးပေါင်ချိန်စက်တွေမှာဆို အပေါ်သွေး အောက်သွေးအပြင် အောက်နားလေးမှာ နောက်ထပ် နံပါတ်လေးတစ်ခုကို တွေ့ရမှာပါ။ သူကတော့ သင့်နှလုံးရဲ့ နှလုံးခုန်သံကိုဖော်ပြပေးနေတဲ့ နံပါတ်လေးပဲ ဖြစ်ပါတယ်။

  • ပုံမှန် နှလုံးခုန်အကြိမ်အရေအတွက် ၅၀ – ၁၀၀ ကြားရှိရပါမယ်။
  • Tachycardia ( နှလုံးခုန်မြန်) – နှလုံးခုန် အကြိမ်အရေအတွက် > ၁၀၀ ထက်များနေတာ
  • Bradicardia ( နှလုံးခုန်နှေး) – နှလုံးခုန် အကြိမ်အရေအတွက် < ၅၀ ထက်နည်းတာတို့ပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ ကိုယ့်အိမ်မှာဆောင်ထားတဲ့ သွေးပေါင်တိုင်းစက်လေးကနေ ပြောပြပေးနိုင်တဲ့ကျန်းမာရေးအခြေအနေတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သွေးပေါင်တိုင်းစက်လေးတွေက ပြောပြတဲံ့ နံပါတ်လေးကိုသိထားတော့ မမှားဘူးပေါ့ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးတိုးရောဂါ (Hypertension)

သွေးတိုးတယ်လို့ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ အပယိကရောဂါလိုမျိုး သဘောထားတတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နှလုံးသွေးကြော ရောဂါများ

နှလုံးသွေးကြော ကျဉ်းတာ၊ ပိတ်တာ နှစ်ခုလုံးက အန္တရာယ်ရှိတာကြောင့် လက္ခဏာတွေကို မှတ်ထားပြီး ဖြစ်လာပြီဆိုတာနဲ့ ဆေးရုံကိုချက်ချင်းသွားဖို့ အကြံပေးလိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ခန္ဓာကိုယ်အလေးချိန်က ရှိသင့်တာထက် နည်းနေရင်လည်း မကောင်းသလို ရှိသင့်တာထက် များနေတာ၊ အဝလွန်နေတာကလည်း မကောင်းပါဘူး။  သင့်တင့်နေဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားချင်လိုက်တာဖြစ်ပြီး တည်သီး စားလို့ရပါ့မလားဆိုပြီး တွေးပူနေတဲ့ မေမေတွေရှိလား.................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ

ကလေးမီးဖွားချိန် မှာ ကြုံရနိုင်တဲ့ အခက်အခဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
သီချင်းနားထောင်ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

သီချင်းနားထောင်ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read