နှလုံးရောဂါကိုကာကွယ်ရန်အရက်ဖြတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 2 mins read
Share now

လူအချို့အတွက်တော့ အရက်သောက်ခြင်းဟာ အလွန်ပျော်ရွှင်စရာဖြစ်ပေမယ့် အခြားသူများအတွက်တော့ ဘေးအန္တရာယ်ဆိုးပါပဲ။ အရက်သောက်ခြင်းဟာ လူတိုင်းအတွက်မဟုတ်သည်မှာ အသေအချာပါ။ အရက်နှစ်ခွက်သောက်ခြင်းဟာ လူတစ်ယောက်အတွက် ပုံမှန်ဖြစ်သော်လည်း အခြားတစ်ယောက်အတွက်တော့ အလွန်များနေနိုင်ပါတယ်။ အရက်သောက်ခြင်းနှင့် ပတ်သက်ပြီး ဆေးပညာအရ ကောင်းကျိုးအနည်းငယ်ရှိပါတယ်။ သို့သော် သင့်၏နှလုံးကို ကာကွယ်ရန်အတွက် အရက်သောက်ရန် ရွေးချယ်မည်ဆိုပါက အသင့်အတင့်သောက်ရန်ပင် မထိုက်တန်ပါ။ အောက်တွင် အကြောင်းပြချက်များကို ဖော်ပြထားသည်။

အရက်သောက်ခြင်းသည် လုံးဝမကောင်းပါ။ ပထမဦးဆုံးအနေနှင့် ၎င်းသည် အလွန် စွဲလန်းစေသည်။ သင် တစ်ခွက်သောက်မိလျှင် စကားပြောကောင်းလာပြီး နောက်တစ်ခွက်၊ နောက်တစ်ခွက် ထပ်သောက်ဖြစ်လာသည်။ ကျွန်ုပ်တို့သည် ဇီဝဗေဒသဘောအရ ကွဲပြားခြားနားကြပြီး ကျွန်ုပ်တို့မူးစေရန် ဘယ်နှခွက်သောက်ရမည် ဆိုသည်ကလည်း တစ်ဦးနှင့်တစ်ဦးမတူကြပေ။ “ငါကမွေးကတည်းက သောက်လာတာပါ’’ဟူ၍ မည်မျှပင်သောက်သောက် မမူးသွားဘဲခံနိုင်ရည်ရှိသည်ဟု မိမိကိုယ်ကို အလွန်ယုံကြည်နေသောသူများကို မဆိုလိုပါ။
အရက်သောက်ခြင်းကြောင့်ရသည့်ပျော်ရွှင်မှုကို တောင့်ခံနိုင်ရန်ခဲယဉ်းသည်။ လူများသည် အရက်မူးနေသည့်အခါ တစ်ဦးကိုတစ်ဦး ကြည့်ကာ ရယ်မောကြ၊ ပခုံးဖက်ကာ သီချင်းဆိုကြ၊ ကကြနှင့် အလွန်ပျော်ရွှင်ကြသည်။ အရက်သောက်ခြင်းသည် တစ်ခါတစ်ရံတွင် မမေ့နိုင်စရာအမှတ်တရများကို ဖန်တီးပေးသည်မှာလည်း မှန်ပါသည်။ သို့သော် သူ့ကြောင့်ရတဲ့ ရောဂါတွေကလည်း မေ့မရနိုင်အောင်ပင်။

အရက်သောက်ခြင်းကြောင့် အသည်းနှင့် နှလုံးရောဂါများ၊ စိတ်ရောဂါများနှင့် မတော်တဆမှုများဖြစ်နိုင်ချေရှိသည်။ ဤဆောင်းပါးတွင် နှလုံးရောဂါအကြောင်း အသေးစိတ်ဆွေးနွေးသွားမည်။ အမျိုးသားများတွင် ရှိလေ့ရှိသော ဘီယာဗိုက်များကို သင်သတိထားမိပါသလား။ ၎င်းကိုယ်အလေးချိန်တက်လာခြင်းသည် သိသာထင်ရှားလှသော အရက်ကြောင့်ဖြစ်သည့် ပထမဦးဆုံး လက္ခဏာဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်အလေးချိန်တက်လာသောအခါ ကျွန်ုပ်တို့၏ ခန္ခါကိုယ်ထဲတွင် အဆီများပိုများလာသည်။ အဆီပိုများလာသောအခါ သွေးကြောများတွင် အဆီမျိုးစုံ အနည်ထိုင်ရာမှဖြစ်သော အဆီခဲများစုပုံလာပြီး သွေးကြောများပိတ်သည့် နှလုံးသွေးကြောရောဂါများဖြစ်မည့် အန္တရာယ်ပိုများလာသည်။ အချိန်ကြာလာသောအခါ အလွန်အကျွံများပြားလာသော အဆီခဲများ အဖတ်များကြောင့် သွေးကြောနံရံတွင် အမာရွတ်များဖြစ်ကာ သွေးကြောများပျက်စီးခြင်း သွေးခဲများဖြစ်ပေါ်ခြင်းစသော နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည်။

ထို့ပြင် အရက်သောက်သည့်အခါ ချက်ခြင်းသတိထားမိနိုင်သည့်အရာမှာ သင်၏ သွေးကြောများသည် ပိုမိုအားကောင်းစွာ၊ လျင်မြန်စွာခုန်နေခြင်းဖြစ်သည်။ ၎င်းသည်သွေးပေါင်တက်ခြင်း၏ လက္ခဏာဖြစ်ပြီး ရုတ်တရက်နှလုံး ထိခိုက်ခြင်းနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည့် အန္တရယ်ရှိသည့်အရာဖြစ်သည်။ ထို့ပြင် အရက်အလွန်အကျွံ သောက်သုံးသူများသည် နှလုံးကြွက်သားများ အားနည်းသည့် နှလုံးကြွက်သားရောဂါများကိုလည်း မကြခဏရင်ဆိုင်ကြရသည်။ နှလုံးသည် သွေးများကို ထိရောက်စွာမညှစ်ထုတ်နိုင်တော့သည်အခါ နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းဖြစ်လာတော့သည်။

သင့်နှလုံးအတွက် အကောင်းဆုံးလုပ်ရမည်မှာ အရက်လုံး၀ မသောက်ရန်ဖြစ်သည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သောအစာများစားခြင်းစသော နှလုံးအားကောင်းစေရန် ပြုလုပ်နိုင်သော အရာများစွာရှိသည်။ သို့သော် ပုံမှန်အရက်သောက်သူဆိုလျှင် ရုတ်တရက်အရက်ဖြတ်ဖို့ ကြိုးစားရန်ပြဿနာရှိနိုင်သည်။ ၎င်းအတွက် အဆင့်များရှိသည်။ ပထမဦးစွာသင်သည် အရက်မသောက်ဘဲ ပျော်ရွှင်စေနိုင်သော အရာများစွာရှိကြောင်းသိရန် လိုအပ်သည်။ အကယ်၍ သင်သည် အရက်ကို အလွန်စွဲလမ်းနေလျှင် သင့်ကို အရက်ဖြတ်ရာတွင် ကူညီရန် ဆေးပညာဆိုင်ရာအကူအညီများလည်းရှိပါသည်။ သို့သော်လည်း အရက်သောက်ဖြတ်နိုင်ရန် ကူညီပေးနိုင်မည့် အပြုအမူဆိုင်ရာပြောင်းလဲသော နည်းလမ်းများလည်း ရှိပါသည်။

ရေဆာခြင်းသည် သင့်ကိုအရက်သောက်ရန် သတိပေးသကဲ့သို့ဖြစ်နိုင်သည်။ ထို့ကြောင့် ဘီယာမှာသောက်မည့်အစား ရေတစ်ခွက်ယူကာ တစ်ခါတည်းသောက်ချလိုက်ပါ။ ၎င်းရေဆာခြင်းကို အာသာပြေစေရန် အရက်မလိုအပ်ကြောင်း ကူညီပြသပေးလိမ့်မည်။ အချို့ အစားအစာများသည်လည်း ဝါးရ၍ အလုပ်ရှုပ်နေစေသောကြောင့် အရက်ကိုသတိမရစေရန် အသုံးဝင်သည်။
ဘားတွင် သင်လုပ်သည့်အရာများကို ပြောင်းလိုက်ပါ။ သင်သည် နည်းနည်းပါးပါးသောက်ရန် ဘားသို့ လာကောင်းလာမည်။ သို့သော် လက်ပစ်မြှားကစားခြင်း၊ ဘိလိယက်ကစားခြင်းကဲ့သို့ အခြားအရာများလည်း ပြုလုပ်နိုင်ပါသေးသည်။ တစ်စုံတစ်ရာကို ပြီးမြောက်အောင်မြင်သောခံစားချက်သည် အရက်သောက်ချင်စိတ်ကိုကျော်လွှားသွားနိုင်သည်။

အရက်ပါဝင်သော သောက်စရာများကို အရက်မပါဝင်သော အခြားသောက်စရာများနှင့် အစားထိုးပါ။ သို့မဟုတ် မီနူးထဲရှိအရက်မပါဝင်သော သောက်စရာအားလုံးကိုမှာ၍ အရသာကိုမြည်းစမ်းကြည့်ပါ။ ၎င်းသည်အကြီးစား စိန်ခေါ်မှု တစ်ခုနှင့်တူသည်။
သင်၏သူငယ်ချင်းများနှင့် သင်၏ချစ်ရသူများထံမှ အကူအညီများရယူပါ။ စကားမမြည်ပြောရန် တူညီသော အရာများရှာဖွေပါ။ စကားပြောနေသည့် အခါအချိန်ကုန်အလွန်မြန်သည်ကို သဘောပေါက်လာလိမ့်မည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ်ဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တမျိုးဖြစ်ပါတယ်။ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပိုတက်ဆီယမ်ဓာတ် စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက ကြွက်သားတွေမှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

 နှလုံးကျန်းမာရေးအတွက် အစားအသောက်ဆင်ခြင်ကြမယ်

နှလုံးရောဂါဆိုတာ တစ်ကမ္ဘာလုံးမှာ လူသေဆုံးမှုအများဆုံးဖြစ်စေတဲ့ရောဂါဖြစ်နေဆဲပါ။ နှလုံးနဲ့ပတ်သက်တဲ့ရောဂါကြောင့် သေဆုံးသူတစ်ကမ္ဘာလုံးမှာ ၁၈ သန်းနီးပါးရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သွေးကြောမကြီး ပြဲခဲ့ရင်

သွေးကြောမကြီး သွေးကြောမကြီးပြဲ နှလုံးရောဂါ နှလုံးရောဂါလက္ခဏာ ရင်ဘတ်အောင့် နှလုံးသွေးကြောပိတ် လေဖြတ် သွေးတိုးရောဂါ ကိုကင်းသုံး သွေးပေါင်ချိန်ထိန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 22, 2020 . 2 mins read
အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 20, 2020 . 2 mins read
ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 6, 2020 . 2 mins read