backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Constipation (ဝမ်းချုပ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Constipation (ဝမ်းချုပ်ခြင်း)

ဝမ်းချုပ်ခြင်း ဆိုတာ အူများလှုပ်ရှားမှုနည်းခြင်း သို့မဟုတ် ဝမ်းမသွားသည်မှာ အတော်ကြာသောအခြေအနေမျိုးကို ခေါ်ပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်လျှင် ၃ ကြိမ်အောက်သာသွားလျှင် ဝမ်းချုပ်တယ်လို့ သတ်မှတ်လို့ရပါတယ်။

စားသောက်နေထိုင်မှုပုံစံကိုပြောင်းလိုက်ပါက ဝမ်းချုပ်ခြင်း သည် များသောအားဖြင့် ပျောက်သွားတတ်သော်လည်း နာတာရှည်ဝမ်းချုပ်ခြင်းဆိုရင်တော့  ကုသရန်ခက်သလို တခြားရောဂါတစ်ခုရဲ့ လက္ခဏာလဲ ဖြစ်နေနိုင်ပါတယ်။

Constipation (ဝမ်းချုပ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ရံဖန်ရံခါ ဝမ်းချုပ်ခြင်းဟာ ပုံမှန်သာဖြစ်ပြီး သူ့အလိုလိုပျောက်သွားတတ်သည်။ ဖြစ်ရသောအကြောင်းရင်းသည် အစားအစာ၊ စိတ်ဖိစီးမှု၊ ပတ်ဝန်းကျင်အပြောင်းအလဲ စသည်တို့ကြောင့်ဖြစ်သည်။ နာတာရှည်ဝမ်းချုပ်ခြင်းသည် ပုံမှန်ဖြစ်နိုင်သော်လည်း ပိုပြင်းထန်သည့်ရောဂါတစ်ခုခုရဲ့ လက္ခဏာလည်းဖြစ်နေနိုင်သည်။ သက်ကြီးရွယ်အို၊ အဝလွန်သူနဲ့ အထိုင်များသူတို့သည် ဖြစ်နိုင်ချေများသော လူအုပ်စုတွင် ပါဝင်ပါတယ်။

Constipation (ဝမ်းချုပ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဝမ်းချုပ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

• ဝမ်းသွားရခက်ခြင်း

• ဝမ်းခြောက်သွေ့ခြင်း၊ မာခြင်း

• တစ်ပတ်လျှင် ၃ ကြိမ်အောက်သာသွားခြင်း

ဗိုက်ကယ်ခြင်း

• ဗိုက်အောင့်ခြင်း

ဝမ်းတွင်သွေးပါခြင်း သို့ ဝမ်းသွားပြီးနောက်သွေးထွက်ခြင်း

• ဝမ်းကျန်သလို သို့ ဝမ်းပိတ်နေသလို ခံစားရခြင်း

အထက်ပါလက္ခဏာများထဲမှ တစ်ခု သို့ တစ်ခုပိုသည်ကို အနည်းဆုံးသုံးလခန့်ခံစားနေရပြီဆိုပါက နာတာရှည်ဝမ်းချုပ်ခြင်းဟု ယူဆနိုင်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါထဲမှာတစ်ခုခုရှိနေပြီဆိုပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

• လက္ခဏာများ နှစ်ပတ်ထပ်ပိုလာလျှင်

• လက္ခဏာများသည် အိမ်တွင်းကုထုံးများ သို့ သောက်ဆေးများနှင့် မသက်သာတော့လျှင်

• ဝမ်းတွင်သွေးပါလျှင်

• ကိုယ်အလေးချိန်ကျသွားလျှင်

ဝမ်းချုပ်ခြင်းသည် တခြားရောဂါတစ်ခု၏ လက္ခဏာလဲဖြစ်နိုင်သည်။ တခြားပြဿနာတစ်ခုခုကို သံသယရှိနေလျှင် ဆရာဝန်နှင့်ပြသဖို့ အရေးကြီးပါသည်။

Constipation (ဝမ်းချုပ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

သာမာန်ထက် ဝမ်းသွားနည်းခြင်းသည် ဝမ်းကိုမာခြောက်သွားစေသောကြောင့် ဝမ်းချုပ်ရခြင်းဖြစ်သည်။ ဖြစ်ပွားစေသောအကြောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

• ရေနဲ့ အမျှင်ဓာတ်လုံလောက်စွာ မစားခြင်း

• လှုပ်ရှားမှုမရှိဘဲ တစ်နေကုန်ထိုင်နေခြင်း

• ကိုယ်ဝန်လရင့်ခြင်း

• စိတ်ဖိစိမှုများခြင်းနဲ့ ပတ်ဝန်းကျင်အပြောင်းအလဲ

• ဆီးချို၊ သိုင်းရွိုက်အားနည်းခြင်း၊ ပါကင်ဆန်ရောဂါ၊ လေဖြတ်ခြင်း၊ multiple sclerosis အာရုံကြောရောဂါ၊  hyperparathyroidism (ပါရာသိုင်းရွိုက်အားများခြင်း) တို့သည်ဝမ်းချုပ်စေ၏။

အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ စအိုကွဲရှနာ

• အကိုက်အခဲပျောက်ဆေး၊ ဘာမီတွန်ကဲ့သိုဆေးများနဲ့ တချို့စိတ်ကျရောဂါဆေးများစွဲသောက်ခြင်း

Constipation (ဝမ်းချုပ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်များသည် လတ်တလော လူနေမှုပုံစံပြောင်းလဲခြင်း၊ သောက်နေသောဆေး စသည်တို့ပါဝင်သော ဆေးပညာဆိုင်ရာ အချက်အလက်များကိုအခြေခံ၍ ရောဂါအမည်တပ်ကြပါသည်။ ဆရာဝန်သည်  စအိုကွဲနာ၊ လိပ်ခေါင်းရှိမရှိ အထူးစမ်းသပ်မှုများပြုလုပ်ပါလိမ့်မည်။

အကယ်၍ ဝမ်းတွင်သွေးပါပါက အူမကြီးမှန်ပြောင်းကြည့်ရနိုင်ပါသည်။ သွေးစစ်ရသည်များ၊ ဓာတ်မှန်ရိုက်ရသည်များ ရှိနိုင်သည်။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်၏ဆရာဝန်နှင့် အမြဲတိုင်ပင်ဆွေးနွေးပါ။

Constipation (ဝမ်းချုပ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဝမ်းချုပ်မှုကို ကုသခြင်းအတွက် လူနေမှုပုံစံကို အရင်ပြောင်းရမည်ပင်ဖြစ်သည်။

• လေ့ကျင်းခန်ပိုလုပ်ခြင်း (အနည်းဆုံးတစ်ပတ်ကို ၂ခါ ၃ခါခန့်)

• ရေပိုသောက်ပါ (တစ်ရက်လျှင် ၁.၅ မှ ၃ လီတာထိ)

• အမျှင်ပိုစားပါ။

• ဟင်းနုနယ်ရွက်၊ သင်္ဘောသီး၊ ငှက်ပျောသီးလို အသီးအနှံဟင်းရွက်များကို ပါအောင်ပြောင်းစားပေးပါ။

လူနေမှုပုံစံနှင့်အစားအသောက်ပြောင်းပြီး မသက်သာပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝမ်းပျော့ဆေးများကို သုံးနိုင်ပါသည်။

တခြားကုထုံးများတွင် pelvic ကြွက်သားများကို ညှစ်တလှည့်လျော့တစ်လှည့် လုပ်ပေးခြင်းများ၊ ခွဲစိတ်ခြင်းများ (ဥပမာ လိပ်ခေါင်း၊ စအိုကွဲနာ) ပါဝင်နိုင်ပါသည်။

Takeaways

ဝမ်းချုပ်ခြင်းပြဿနာကိုလူတိုင်းကြုံဖူးကြမှာပါ။ ရံဖန်ရံခါ ဝမ်းချုပ်တာက ပြဿနာမရှိပေမယ့် နာတာရှည်ဝမ်းချုပ်နေပြီဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

လူနေမှုစရိုက်သည် သာမာန်ဝမ်းချုပ်ခြင်းဖြစ်ရသည့် အဓိကအကြောင်းပြချက်ဖြစ်သည်။ အောက်ပါအချက်များမှတစ်ခုခုရှိနေလျှင် သင့်အတွက်ဝမ်းချုပ်နိုင်ချေများနေနိုင်ပါသည်။

• အသက်အရွယ်ကြီးခြင်း

• အမျိုးသမီးဖြစ်လျှင်

• ကိုယ်ဝန်ရှိလျှင်

• ရေငတ်ခြင်း သို့ အမျှင်ဓါတ်အစားနည်းခြင်း

• လှုပ်ရှားမှုနည်းခြင်း သို့ မရှိခြင်း (အထူးသဖြင့်ရုံးဝန်ထမ်းများ)

• အဝလွန်ခြင်း

• အိပ်ဆေး၊ သွေးကျဆေး၊ အကိုက်အခဲပျောက်ဆေးများလို ဝမ်းချုပ်ဆေးသည့်ဆေးများသောက်နေခြင်း

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement