ဘယ်အချိန်မှာ ဝမ်းပျော့ဆေး သောက်သင့်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 26, 2020 . 2 mins read
Share now

ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေညီညွတ်မျှတမှာ ခန္ဓါကိုယ်ကကျန်းမာတာပါ။ ကားတစ်စီးကောင်းကောင်းမောင်းနိုင်ဖို့ ဆီ၊ရေ၊လေ၊ဝိုင်ပြည့်စုံဖို့လိုအပ်သလို လူတစ်ယောက်ကျန်းမာဖို့အတွက်ဆိုရင်လည်း ဆီး၊ဝမ်း၊လေမှန်ဖို့လိုပါမယ်။ လူတစ်ယောက်ဟာနေ့စဉ် အာဟာရမျှတအောင်စားရမယ်၊ အိပ်ချိန်ြပည့်ပြည့်ဝဝအိပ်ရမယ်။ ဆီး၊ဝမ်းပုံမှန်စွန့်ရပါမယ်။ ပုံမှန်အားဖြင့်တော့ ခန္ဓါကိုယ်က သူ့ရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်တွေကို စည်းချက်ညီညီနဲ့လည်ပတ်နေစေတာပါ။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်တွေထဲက တစ်ခုမှာလိုအပ်ချက်ရှိသွားပြီဆိုရင်တော့ အခြားဖြစ်စဉ်တွေမှာပါ သွားထိခိုက်တော့တာပါပဲ။

ဝမ်းချုပ်ခြင်း

ဝမ်းချုပ်တယ်ဆိုတာက လူတိုင်းလိုလိုကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပေါ့။ လူတစ်ယောက်က တစ်နေ့ကို တစ်ခေါက်ဝမ်းပုံမှန်သွားရမယ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် အနည်းဆုံး နှစ်ရက်တစ်ခါလောက်တော့ ပုံမှန်ဝမ်းသွားနေဖို့လိုအပ်မှာပါ။ ဝမ်းချုပ်တယ်ဆိုတဲ့နေရာမှာလည်း ဝမ်းလုံးဝမသွားဘဲ ဗိုက်ထဲမှာတင်းတောင့်တောင့်ကြီးဖြစ်နေတာမျိုးဖြစ်နိုင်သလို ဝမ်းသွားတဲ့အခါ ခက်ခက်ခဲခဲသွားရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဝမ်းချုပ်တဲ့အခါ ခန္ဓါကိုယ်မှာညောင်းညာကိုက်ခဲတာ၊ အရေပြားမှာ အဖုအပိမ့်တွေဖြစ်တာ၊နေရထိုင်ရတာ မအီမသာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။

ဒီအချက်တွေကြောင့် ဝမ်းချုပ်နိုင်ပါတယ်

ဝမ်းချုပ်ရတဲ့အကြောင်းအရင်းကတော်တော်လေးတော့များပါတယ်။ သင့်အနေနဲ့အခုပြောပြတဲ့အချက်လေးတွေကိုလုပ်မိနေတာကြောင့်လည်း ဝမ်းချုပ်တာမျိုးဖြစ်နိုင်ပါတယ်။

အမျှင်ဓါတ်လုံလောက်လောက်မစားသုံးမိတာ – ဒါကတော့ ဝမ်းချုပ်တာကိုအများဆုံးဖြစ်စေနိုင်တဲ့အကြောင်းရင်းပါ။ လူတစ်ယောက်အနေနဲ့ ဝမ်းမှန်ဖို့ဆိုရင် တစ်နေ့ကို အမျှင်ဓါတ်၁၈ ဂရမ်စားသုံးမိဖို့လိုပါမယ်။ အမျှင်ဓါတ်ကအစာကြေခဲပြီး အူမကြီးထဲမှာကျန်ရှိနေတဲ့အတွက် ဝမ်းသွားစေဖို့ လှုံ့ဆော်ပေးပြီး အူမကြီးကို လုပ်ဆောင်မှုတွေကောင်းကောင်းလုပ်ဆောင်နိုင်အောင် အကူအညီပေးပါတယ်။ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။

ရေလုံလောက်အောင်မသောက်တာ -ရေသောက်နည်းတာက ဝမ်းချုပ်တာကိုပိုဆိုးစေပါတယ်။ ဝမ်းပျော့ပျော့သွားချင်တယ်ဆိုရင်တော့နေ့စဉ်အမျှင်ဒါတ်လုံလောက်အောင်စားသုံးဖို့လိုသလို အရည်ဓါတ်ကြွယ်ဝအောင်စားသောက်နေထိုင်ဖို့လည်း လိုအပ်ပါမယ်။ တစ်နေ့ကို အနည်းဆုံးရေ ၆ ခါက်ကနေ ၈ခွက်အထိသောက်ပေးပါ။

ကိုယ်အလေးချိန်ကျအောင်ဓါတ်စာစားသုံးတာ – ဓါတ်စာတွေမှာ အမျှင်ဓါတ်ပါဝင်မှုနည်းတာကြောင့် ဝမ်းချုပ်တာပါ။

ဆေးဝါးတွေသောက်သုံးနေရတာ – အချို့ဆေးဝါးတွေကဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းချုပ်တာမျိုးဖြစ်စေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျရောဂါကာကွယ်ဆေးတွေ နဲ့ သံဓါတ်အားဖြည့်ဆေးတွေသောက်သုံးတာကလည်း ဝမ်းချုပ်တာကိုဖြစ်စေနိုင်ပါတယ်။

ရောဂါအခြေအနေတွေကြောင့်ဖြစ်တာသိုင်းရွိုက်ဂလင်းတွေ ပုံမှန်အလုပ်မလုပ်တာ၊ နာတာရှည်အူလမ်းကြောင်းဆိုင်ရာပြဿနာ (irritable bowel syndrome)တွေခံစားနေရတာကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေရတာကိုယ်ဝန်ဆောင်အမျိုးသမီး ၅ ဦးမှာ ၁ ဦးကဝမ်းချုပ်တတ်ကြပါတယ်။ဟော်မုန်းအပြောင်းအလဲကြောင့် အူမကြီးလှုပ်ရှားမှုနှေးကွေးသွားပြီ ဝမ်းချုပ်ရတာပါ။

ဒါတွေအပြင် ကိုယ်လက်လှုပ်ရှားမှုနည်းတာ နဲ့နေမကောင်းတာကြောင့် အိပ်ရာထဲမှာလှဲနေရချိန်များတာတွေကြောင့်လည်း ဝမ်းချုပ်နိုင်ပါသေးတယ်။

သင့်မှာ ဒီလက္ခဏာတွေရှိနေပြီလား

ဝမ်းချုပ်တာက အရမ်းမပြင်းထန်ဘူးဆိုရင်တော့ အနေအထိုင် အစားအသောက်တွေဆင်ခြင်လိုက်ရုံနဲ့သက်သာစေမှာပါ။ တကယ်လို့ အခုလိုလက္ခဏာတွေခံစားနေရပြီဆိုရင်တော့ ဝမ်းချုပ်တာက ပြင်းထန်တဲ့အဆင့်ရောက်နေပြီလို့ပြောပါရစေ။

  • တစ်ပတ်ကို ၃ ကြိမ်လောက်ပဲဝမ်းသွားတာ
  • ဝမ်းတွေကမာနေတာ
  • ဝမ်းသွားရခက်နေတာ
  • အစာဟောင်းအိမ်ထဲမှာ တစ်ခုခုပိတ်ဆို့နေသလို ခံစားနေရတာ
  • ဝမ်းကျန်နေသလို ခံစားနေရတာတွေ ရှိနေပြီဆိုရင်တော့ ဝမ်းကို အရမ်းညှစ်မနေဘဲ ဝမ်းပျော့သောက်လိုက်တာကသာ အကောင်းဆုံးနဲ့ အသက်သာဆုံးဖြစ်မှာပါ ။ ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေက ဆွဲဆောင်မှုအား သိပ်ကောင်းပါတယ်။ တစ်ခါစားပြီးရင် မရပ်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အစာအိမ်ထွက်ပေါက်ကြွက်သားပြုပြင်ခွဲစိတ်ခြင်း

အူသိမ်အဝမှာ ကျဉ်းမြောင်းပိတ်ဆို့ရင်တော့ အစာအိမ်ထွက်ပေါက်ကြွက်သားကို ပြုပြင်ခွဲစိတ်ခြင်း (pyloroplasty) နည်းလမ်းနဲ့ ကုသနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အစာအိမ်ထွက်ပေါက် (သို့မဟုတ်) အူသိမ်အ၀ ကျဉ်းမြောင်းခြင်း

အစာအိမ်ကနေ အူသိမ်ကို ဆက်သွယ်ထားတဲ့နေရာမှာ ပိုင်လောရပ်စ် pylorous လို့ခေါ်တဲ့ အဆို့ရှင်ကြွက်သား ရှိပါတယ်။ အဆိုပါ ကြွက်သားကျဉ်းမြောင်းသွားတဲ့အခြေအနေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

အေးမြတဲ့ဆောင်းရာသီကို ကြုံဆုံရတဲ့အခါမျိုးမှာ နှလုံးရောဂါ ဝေဒနာသည်တွေအတွက်ဆိုရင်တော့ ဒီကာလမျိုးမှာ Heart Attack က ဒုက္ခအပေးဆုံးလို့ဆိုရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်နဲ့ အူလမ်းကြောင်းက အစာတွေကို ဘယ်လိုခြေဖျက်ပေးနေသလဲ။

အစာအိမ်နဲ့ အူလမ်းကြောင်းက အစာတွေကို ဘယ်လိုခြေဖျက်ပေးနေသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 28, 2020 . 3 mins read
အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

အရိုးပွခြင်းကို ကာကွယ်နိုင်ဖို့ ဆင်ခြင်သင့်တဲ့ အစားအသောက်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 1 min read