ချောင်းခြောက် လား ချောင်းစိုလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ချောင်းဆိုးလို့များ ဆေးခန်းသွားပြလိုက်ရင် ဆရာဝန်က “ ချောင်းခြောက် လား၊ ချောင်းစိုလား” “ သလိပ်ထွက်လား” လို့ မေးလေ့ရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ချောင်းခြောက်ဆိုးတာနဲ့ သလိပ်ထွက်တာက ဖြစ်တဲ့ အကြောင်းရင်းလည်း ကွာသလို ကုသနည်းလမ်း ကွာပါတယ်။ ဒါကြောင့် မေးရတာပါ။

တကယ်တော့ ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေး လုပ်ငန်းတစ်ခုပါပဲ။ အသက်ရှူလမ်းကြောင်းထဲကို တစ်ခုခုဝင်လာတဲ့အခါ ဦးနှောက်က အာရုံကြောတွေကနေ တဆင့် ဒီအပစ္စည်းတွေ အပြင်ထွက်သွားအောင်လို့ ချောင်းဆိုးခိုင်းပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုတည်းက အချွဲလွှာရှိပါတယ်။ ရောဂါပိုးဝင်လာတဲ့ အခါ ဒီပိုးကို တိုက်ထုတ်ဖို့ အချွဲလွှာတွေ ပိုထူလာပါတယ်။ ဒါကို သလိပ်လို့ ခေါ်ပါတယ်။ အရပ်အခေါ်တော့ ချောင်းအစို ဆိုးတယ်ပေါ့။ ဒီလောက်ဆိုရင် ချောင်းခြောက်ဆိုးတယ် ချောင်းအစို ဆိုးတယ်ဆိုတာ ဘာလဲလို့ သိလောက်ပါပြီ။ ဆက်ပြီး သူတို့ကို ဖြစ်စေတဲ့ အကြောင်းတွေကို ကြည့်ကြည့်ရအောင်။

ချောင်းခြောက် ဆိုးခြင်း

ဘယ်ရောဂါတွေမှာ တွေ့ရမလဲ။

  • အအေးမိ တုပ်ကွေး– အအေးမိတာ ဖြစ်ဖြစ်၊ တုပ်ကွေးမိတာ ဖြစ်ဖြစ် ချောင်းခြောက်ဆိုးပါတယ်။ ၂ပတ်ကနေ ၃ပတ်အထိ ကြာတတ်ပါတယ်။ တချို့သူတွေမှာ post-viral cough ဆိုတာ ဖြစ်ပါတယ်။ အအေးမိ၊ တုပ်ကွေး လုံးဝပျောက်သွားတာတောင် ချောင်းက ၂လလောက်ထိ ဆိုးနေတာပါ။ ချောင်းကျန်တယ်လို့ ပြောကြပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာတွေ တော်တော်များများက ချောင်းခြောက်ဆိုးပါတယ်။  (အခု ဖြစ်နေတဲ့ COVID-19ကလည်း ချောင်းခြောက်ဆိုးတာပါပဲ။ )
  •  ပန်းနာရင်ကြပ်– ပန်းနာရင်ကြပ်မှာ အသက်ရှူရင် တရွှီရွှီမြည်တာအပြင် ချောင်းလည်း ဆိုးတတ်ပါတယ်။ Cough variant asthmaလို့ ခေါ်တဲ့ ပန်းနာရင်ကြပ်အမျိုးအစားမှာတော့ ချောင်းဆိုးတာက သူ့ရဲ့ အဓိက လက္ခဏာပါ။
  • စားချဉ်ရည်ပြန်တက်တာ (GERD)
  • ဆေးလိပ်သောက်တာ
  • အလာဂျီထပြီး ချောင်းဆိုးတာ
  • နှာရည်တွေ လည်ချောင်းနောက်ထဲ ရောက်ပြီး ချောင်းဆိုးတာ ( Post nasal drip)
  • အသံအိုးရောင်တာ
  • ကြက်ညှာချောင်းဆိုး
  • ပြင်ပက ပစ္စည်းတွေ နှာခေါင်းထဲ မတော်တဆ ဝင်တာ
  • နှလုံးပျက်စီးတာ
  • တချို့သော သွေးပေါင်ကျဆေးတွေ (ဥပမာ ACEIs)သောက်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

အိမ်မှာ ဘာတွေ လုပ်နိုင်လဲ။

  • ပျားရည် သောက်ပါ- ပျားရည်က ချိုပေမယ့် လည်ချောင်းယားယံပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။ ရေနွေးနွေးလေးမှာ ပျားရည်နဲ့ သံပုရာလေးနဲ့ ရောပြီး မအိပ်ခင် နာရီဝက်အလိုမှာ သောက်ပေးမယ် ဆိုရင် ညဘက်မှာ ကောင်းကောင်းအိပ်နိုင်ပါတယ်။ သတိထားရမှာက တစ်နှစ်အောက် ကလေးတွေကို ပျားရည် မတိုက်သင့်ပါဘူး။
  • ရေများများသောက်ပါ။
  • ပူရှိန်းငုံပါ။
  • ဆားရည်နဲ့ အာလုပ်ကျင်းပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • အလွယ်တကူ ဝယ်သောက်လို့ရတဲ့ ချောင်းဆိုးပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ ကလေးတွေမှာတော့ codeineပါတဲ့ ချောင်းဆိုးပျောက်ဆေးကို မတိုက်သင့်ပါဘူး။

ဒါတွေနဲ့မှ မသက်သာရင် ဆရာဝန် သွားပြပါ။ အထူးသဖြင့် ရောဂါအခံ ရှိနေတဲ့ သူတွေ ပိုပြီး သတိထားသင့်ပါတယ်။ ချောင်းလေးဆိုးတာပဲ၊ သလိပ်လည်း ထွက်တာမှ မဟုတ်တာဆိုပြီး မပေါ့ပါနဲ့။စွဲသောက်နေတဲ့ ဆေးတွေ ရှိရင်လည်း ယူသွားပြပါ။

ချောင်းစိုဆိုးခြင်း

ဘယ်ရောဂါတွေမှာ တွေ့ရမလဲ။

  • လေပြွန်ရောင်ရမ်းတာ
  • အဆုတ်ရောင်တာ
  • တီဘီရောဂါ
  • အဆုတ်ကင်ဆာ
  • ဆေးလိပ်သောက်တာ
  • နာတာရှည် လေပြွန်ကျဉ်းရောဂါ
  • လေပြွန်မှာ ပြည်တည်တာ
  • Cystic fibrosis
  • ရှားရှားပါးပါး အအေးမိ၊ တုပ်ကွေးမှာ နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်လာခဲ့ရင်လည်း သလိပ်ထွက်နိုင်ပါတယ်။

သလိပ်ထွက်တယ်ဆိုတဲ့နေရာမှာလည်း ရောဂါပေါ်မူတည်ပြီး သလိပ်အရောင်တွေ မတူတာကို တွေ့ရပါတယ်။

အိမ်မှာ ဘာတွေ လုပ်နိုင်လဲ။

  • ရေများများသောက်ပါ။
  • ရေနွေးငွေ့ရှူပါ။
  • ချွဲပျော်ဆေးသောက်ပါ။ ( ချောင်းဆိုးပျောက်ဆေး မသောက်ပါနဲ့။ ချောင်းဆိုးပျောက်ဆေးရဲ့ သဘောတရားက ဦးနှောက်ကနေ ချောင်းဆိုးခိုင်းတဲ့ လမ်းကြောင်းကို ပိတ်လိုက်တာပါ။ သလိပ်တွေ အဆုတ်ထဲမှာ ရှိနေတဲ့ အခြေအနေမှာ ချောင်းမဆိုးနိုင်ရင် သလိပ်တွေ အောင်းပြီး ပိုဆိုးလာပါလိမ့်မယ်။)
  • ဆေးလိပ်ဖြတ်ပါ။
  • ဆရာဝန်နဲ့ ပြဖြစ်အောင်ပြပါ။ ဖြစ်စေတဲ့ ရောဂါတွေကို ကြည့်မယ်ဆိုရင် ရောဂါအကြီးတွေ များတဲ့အတွက် သေချာကုသမှု ခံယူသင့်ပါတယ်။ ချောင်းဆိုးပျောက်ရုံနဲ့ မရပါဘူး။

တကယ်တော့ ချောင်းဆိုးတယ်ဆိုတာ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ သာမန်လည်း ဖြစ်နိုင်သလို သူ့နောက်မှာ ရောဂါတစ်ခုခု ရှိနေနိုင်ပါတယ်။ ဒါကို ကုရမှာပါ။ ချောင်းဆိုးတာကို ကုရုံနဲ့ ရောဂါမပျောက်ဘူးဆိုတာ သိထားရပါမယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ………

ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာထဲမှာ ဆေးယဉ်ပါးတာကလည်း တစ်ခု အပါအဝင်ပေါ့။ ယဉ်ပါးမှုက ကေင်းပေမယ့် ဆေးယဉ်ပါးတာက အသက်အန္တရာယ်ရှိစေနိုင်တဲ့ ကိစ္စတစ်ရပ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

—Meta description not set.

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုရိုနာဗိုင်းရပ်စ်များအကြောင်း

ကိုရိုနာဗိုင်းရပ်စ်တွေမှာ မျိုးကွဲအများကြီးရှိပြီး MERS-CoV၊ SARS-CoVနဲ့ SARS-CoV-2က အပြင်းထန်ဆုံး ဖြစ်ပါတယ်။ မားစ်၊ ဆားစ်နဲ့ COVID-19ကို ဖြစ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ရဲ့ နောက်ဆက်တွဲ COVID Haulerဆိုတာ

ကိုဗစ်ရဲ့ နောက်ဆက်တွဲ COVID Haulerဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 3, 2020 . 2 mins read

ဆောင်းအအေးဒဏ်ကြောင့် နှုတ်ခမ်းတွေ ခြောက်ပြီးကွဲလာပြီဆိုရင်

ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်စွက်ဖို့ လိုအပ်မလဲ

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဘယ်လိုအာဟာရဓာတ်တွေ ဖြည့်စွက်ဖို့ လိုအပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 29, 2020 . 1 min read
ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read