backup og meta

သင်က ခဏခဏ ဖျားတတ်တဲ့သူဆိုရင် တုပ်ကွေးရာသီကို ဒီအချက်လေးတွေနဲ့ ဖြတ်ကျော်လိုက်ပါ။

သင်က ခဏခဏ ဖျားတတ်တဲ့သူဆိုရင် တုပ်ကွေးရာသီကို ဒီအချက်လေးတွေနဲ့ ဖြတ်ကျော်လိုက်ပါ။

တုပ်ကွေးဆိုတာ တစ်အိမ်တည်းနေတဲ့သူချင်းအတူတူ ခုခံအားနည်းတဲ့ သူကိုပဲဝင်တတ်တဲ့ အမျိုးပါ။ အားနွဲ့သူဆို ပို အနိုင်ကျင့်တဲ့ လူဆိုးကြီးပေါ့။ သင်က ခဏခဏ ဖျားတတ်တဲ့သူဆိုရင် တုပ်ကွေးရာသီကို ဒီအချက်လေးတွေနဲ့ ဖြတ်ကျော်လိုက်ပါ။ ဒါမှ ဘယ်လိုရာသီပဲရောက်ရောက် တုပ်ကွေးကို မမှုဘဲ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။

ခုခံအားစနစ်ကို ဘာတွေက ထိခိုက်စေလဲ။ ။

ခုခံအားဆိုတာ ကိုယ်တွင်းစစ်တပ်ကြီးရဲ့ ဗိုလ်မှူးချုပ်ကြီးပါ။ အပြင်ကဝင်လာတဲ့ ရန်သူပိုးမွှားတွေ အကုန်လုံးကို သူအားကောင်းလို့ကတော့ အပြတ်ချေမှုန်းတဲ့သူပါ။ ဒါပေမယ့် သူအားနည်းတဲ့ အချိန်လည်းရှိပါတယ်။ ခုခံအား စနစ်ကို အားနည်းအောင် လုပ်တဲ့ သူတွေကတော့

ခုခံအားနည်းနေကြောင်း ဘယ်လိုသိနိုင်သလဲ။ ။

ဒီလို အချက်လေးတွေ သင့်မှာရှိနေပြီဆို သင့်ခုခံအားနည်းနေပြီလို့ ပြောလို့ရပါတယ်။

  • ခြေဖျားလက်ဖျားတွေ အေးနေတော
  • ပုံမှန်မဟုတ်ဘဲ ဝမ်းအကြာကြီး လျှောနေတာ
  • မောပန်းလွယ်တာ
  • ခဏခဏ နေမကောင်းဖြစ်တာ
  • အခြားသူတွေထက်စာရင် အရေပြားမှိုစွဲရောဂါ ပိုဖြစ်တာ
  • နေရောင်ခြည်ကို မခံနိုင်တာမျိုးတွေ ဖြစ်နေပြီဆို သင့်ခုခံအားစနစ်နည်းနေပါပြီ။

သင်က ခဏခဏ ဖျားတတ်တဲ့သူဆိုရင် တုပ်ကွေးရာသီကို ဒီအချက်လေးတွေနဲ့ ဖြတ်ကျော်လိုက်ပါ။

တုပ်ကွေးရာသီဆို ခုခံအားကောင်းတဲ့လူတွေဆီကိုတောင်မှ တုပ်ကွေးကဝင်သေးတာ ခုခံအားနည်းတဲ့သူတွေဆို တုပ်ကွေးက ပိုလို့တောင်ကြိုက်ပါတယ်။ ဒါကြောင့် ကိုယ်ကလည်း ခဏခဏနေမကောင်းဖြစ်တတ်ပြီး ခုခံအားနည်းနေတဲ့ သူတစ်ယောက်ဆို တုပ်ကွေးရန်ကကာကွယ်ဖို့ ခုပြောပြထားတာလေးတွေလိုက်လုပ်ကြည့်သင့်ပါတယ်။

  • အားရှိတာတွေစားပါ ၊ရေဓာတ်ပြည့်ဝအောင်နေပါ

သင့်ခုခံအားစနစ်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်က အူလမ်းကြောင်းမှာရှိတာ သင်သိပါသလား။ သင့်အူလမ်းကြောင်းထဲမှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက အစာခြေတာကို ကူညီပေးရုံသာမက ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေမှာလည်း သူတို့မပါရင် မပြီးတဲ့အတွက် ခုခံအားစနစ်ရဲ့ တပ်သားလေးတွေလို့တောင် ပြောလို့ရပါတယ်။

ကိုယ်တွင်းကို အပြင်က ပိုးတွေ အများဆုံးဝင်နိုင်တာကလည်း အစာအိမ်နဲ့ အူလမ်းကြောင်းကပဲဖြစ်တဲ့ အတွက် အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေ အားရှိနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အကျိုးပြု ဘက်တီးရီးယားတွေကို အားပေးတဲ့ ဒိန်ချဉ်စားပေးပါ။ ပျားရည်တို့ ချင်းပြုတ်ရည်တို့လိုမျိုးခုခံအားကောင်းစေတဲ့ အရည်တွေကို သောက်ပေးပါ။ ရေများများသောက်ပါ။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ အသီးအနှံတွေကို များများစားပေးတာက ခုခံအားစနစ်ကို အကျိုးပြုစေမှာပါ။ အသင့်စားထုတ်ကုန်တွေ၊ ဖျော်ရည်ယာမကာတွေ၊ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေက သင့်ခုခံအားစနစ်ကိုသာမက ကိုယ်တွင်းက အခြားအရာတွေကိုပါ ဒုက္ခပေးနိုင်တာ လူတိုင်းသိနေတဲ့ အရာတစ်ခုပါ။

  • လက်ကို သေချာဆေးပါ

တစ်နေ့တာ လှုပ်ရှားမှုတွေထဲမှာ လက်ကပဲ အခြားအရာတွေ နဲ့ အများဆုံး ထိတွေ့ကိုင်တွယ်ရတဲ့ အတွက် ပိုးမွှားမျိုးစုံကပ်နေနိုင်ပါတယ်။ အစာစားရင်လည်း ဒီလက်ကပဲစားရတာဖြစ်တဲ့ အတွက်ကြောင့် လက်ကို သေချာဆေးကြောဖို့ အလွန်အရေးကြီးပါတယ်။

ခုခံအားကောင်းတဲ့သူရော၊ ခုခံအားနည်းတဲ့သူရော အစာမစားခင် နဲ့ အိမ်သာတက်ပြီးချိန်သာမက ကိုယ့်စိတ်ထဲက ညစ်ပတ်တယ်၊ ပိုးတွေ ရှိနေနိုင်တယ်လို့ ထင်ရတဲ့ ပစ္စည်းတွေကို ကိုင်ပြီးတိုင်း လက်ဆေးသင့်ပါတယ်။ လက်ဆေးဖို့ အတွက် ရေနဲ့ဆပ်ပြာ အလွယ်တကူမရနိုင်ဘူးဆိုရင် ရေမလို လက်သန့်ဆေးရည်ကိုဆောင်ထားပါ။

  • လူထူထပ်တဲ့နေရာတွေကို ရှောင်ပါ

ခုခံအားနည်းနေတဲ့ သူတစ်ယောက်အနေနဲ့ တစ်ယောက်တည်း အထီးကျန်ပြီး နေရမယ်လို့ မဆိုလိုပါဘူး။ လူထူတဲ့ နေရာတွေမှာ ပိုးမွှားပေါင်းစုံ ရှိနေတတ်ပြီး ဘယ်သူ့ဆီကိုဝင်ရင် ကောင်းမလဲဆိုတာ ချောင်းနေကြတာကြောင့် ခုခံအားနည်းတဲ့သူတစ်ယောက်အနေနဲ့ လူထူတဲ့နေရာမျိုးတွေကို မသွားသင့်ပါဘူး။ မလွှဲသာလို့ သွားရမယ်ဆိုရင်တောင် နှာခေါင်းစည်းတွေ တပ်သွားဖို့ မမေ့ပါနဲ့။

  • ဖျားနေတဲ့သူတစ်ယောက်နဲ့ နီးနီးကပ်ကပ်မနေပါနဲ့

တုပ်ကွေးဆိုတာ ကူးစက်ရောဂါဖြစ်တဲ့အတွက် တုပ်ကွေးဖြစ်နေတဲ့ သူတစ်ယောက်နဲ့ နီးနီးကပ်ကပ်နေမိရင် သူ့ဆီက တုပ်ကွေးက ခုခံအားနည်းတဲ့သူဆီကို အလွယ်တကူပဲ ဝင်ရောက်နိုင်ပါတယ်။ အိမ်သားတွေထဲက နှာစေး ချောင်းဆိုးဖြစ်နေတဲ့သူရှိရင်လည်း လက်ကိုင်ပဝါသုံးဖို့ သတိပေးပါ။

စိတ်ဖိစီးတယ်ဆိုတာ ကိုယ်တွင်းခုခံအားစနစ်ကို ထိပ်ဆုံးကနေ ဒုက္ခပေးနေတဲ့ အရာတစ်ခုပါ။ စိတ်ထောင်းကိုယ်ကြေ ဆိုတဲ့ စကားကလည်း ရှိသေးတယ်မလား။ လေ့ကျင့်ခန်းတွေ လုပ်ပေးတာကလည်း စိတ်ဖိစီးမှုကို သက်သာစေတဲ့ အပြင် ခုခံအားစနစ်ကိုပါ အားကောင်းစေမှာပါ။

  • အိပ်ချိန်ပြည့်ဝအောင်အိပ်ပါ

လူတွေလိုပဲ ခုခံအား စနစ်ကလည်း အနားယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ပြည့်အောင်အိပ်မှ ခုခံအားစနစ်လည်းအားရှိ အပြင်က ပိုးတွေလည်း မဝင်နိုင်တော့ဘူးပေ့ါ။

လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ ဖွင့်ထားတာမျိုး၊ လူအများသုံးတဲ့ ရေချိုးခန်း၊ အိမ်သာ၊ လက်ဆေးဘေစင်တွေကို ပိုးသတ်ပြီး သန့်ရှင်းတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

ခုခံအားစနစ်ကို အားနည်းစေတဲ့ အချက်တွေကို သိထားပြီး ကိုယ့်မှာလည်း အဲ့ဒီ အလေ့အကျင့်တွေ ရှိနေခဲ့ရင် အမြန်ဆုံးပျောက်အောင်လုပ်သင့်ပါတယ်။ သင်ခဏခဏဖျားနေပြီဆို ခုခံအားနည်းနေပြီလို့ ပြောလို့ရတဲ့အတွက် ခုပြောခဲ့တာလေးတွေလိုက်နာပြီး နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

7 Ways to Boost Your Immune System for Cold and Flu Seasonhttps://www.everydayhealth.com/pictures/boost-your-immune-system-cold-flu-season/ Accessed Date 11.10.2018

11 things that can weaken your immune systemhttp://www.rediff.com/getahead/slide-show/slide-show-1-health-11-things-that-weaken-immune-system/20110104.htm#1Accessed Date 11.10.2018

16 Symptoms of Immune System Problemshttps://www.webmd.com/cold-and-flu/immune-system-disorders#1Accessed Date 11.10.2018

ယခုပုံစံ

17/08/2023

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အအေးမိခြင်းနှင့် တုပ်ကွေးမိခြင်းကို တိုက်ထုတ်ပေးမယ့် အကောင်းဆုံးအစားအစာ ၆ မျိုး

အဖျားပျောက်ပေမယ့် ကျန်ရစ်ခဲ့တဲ့ချောင်းဆိုးဝေဒနာ သက်သာအောင်ဘယ်လိုလုပ်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement