အာခေါင်ခြောက်ပြီး လည်ချောင်းယားတာက ချောင်းအမြဲဆိုးချင်လာအောင် ဆွနေတယ်ဆိုရင် ရေနွေးပူပူရဲ့ အငွေ့ကို ပါးစပ်နဲ့ရှူပါ။ ဒါမှမဟုတ် အခန်းထဲမှာ အစိုဓာတ်ထိန်းစက် (humidifier)လေး သုံးပါ။ ချွဲသလိပ်တွေပါ ပျော်စေပြီး ရင်ချောင်စေပါလိမ့်မယ်။
မီးခိုးငွေ့တွေ၊ ညှော်နံ့တွေ၊ ဖုန်မှုန့်တွေနဲ့ အနံ့အသက်မကောင်းတဲ့လေတွေကို ရှောင်ပါ။ နေမကောင်းချိန်မှာ လေကောင်းလေသန့်ရတဲ့နေရာမှာ နေပါ။ဆေးလိပ်ငွေ့ကို လည်းရှောင်ပါ။
အအေးမိချောင်းဆိုးခြင်းကို မြန်မြန်သက်သာချင်တယ်ဆိုရင် အလွယ်ဆုံးက ကိုယ်ခံအားကောင်းအောင်၊ အားရှိအောင်နေပါ။ ဒါမှ ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်နိုင်မှာပါ။ အာဟာရပြည့်အောင် စားရမယ့်အပြင် အနားယူဖို့လည်း လိုပါတယ်။ အိပ်ရေးမဝရင်၊ အနားမယူရင် ခန္ဓာကိုယ်မှာ ဖိစီးမှုပိုများလာပြီး ရောဂါလက္ခဏာ တာရှည်စေနိုင်ပါတယ်။
လည်ချောင်းနာ၊ ချောင်းဆိုးတဲ့အခါ လည်ချောင်းထဲမှာ ခံရခက်စေတဲ့ဝေဒနာမျိုးကို အာလုပ်ကျင်းတဲ့နည်းနဲ့ သက်သာလျော့ပါးစေနိုင်ပါတယ်။ လည်ချောင်းနာ၊ လည်ချောင်းယားလို့ အဆင်မပြေတဲ့အခါတိုင်း အာလုပ်ကျင်းပေးပါ။ ဆားရည်က ပိုးသေတဲ့ အာနိသင်လည်း ရှိပါတယ်။
အဖျားမရှိတော့ဘဲ နေကောင်းလာတောင် ချောင်းဆိုးကျန်နေတာက ဖြစ်လေ့ရှိတဲ့အရာဆိုပေမယ့် အရမ်းကြာလာရင်တော့ မကောင်းပါဘူး။ တကယ်လို့ နောက်ဆက်တွဲချောင်းဆိုးက –
- ချွဲသလိပ်တွေ အများကြီးထွက်လောက်အောင် တော်တော်ဆိုးနေတာ၊
- အသက်ရှူသံ တရွှီရွှီနဲ့ အသက်ရှူရခက်နေတာ (ပန်းနာရင်ကျပ်ထတာ သို့မဟုတ် တခြားရောဂါတွေ ဖြစ်နိုင်ပါတယ်)၊
- ရင်ဘတ်ထဲ မောကျပ်လာရင်၊
- နေပြန်ကောင်းပြီး တစ်လလောက်ကြာတဲ့အထိ ချောင်းဆိုးမသက်သာရင်၊
- ချောင်းဆိုးတဲ့အထဲ သွေးစတွေပါလာရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။