backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

အအေးမိ တုပ်ကွေး မှားယွင်းနေတဲ့အထင်အမြင်များ

အအေးမိ တုပ်ကွေး မှားယွင်းနေတဲ့အထင်အမြင်များ
အအေးမိ တုပ်ကွေး မှားယွင်းနေတဲ့အထင်အမြင်များ

တုပ်ကွေးရာသီရောက်ပြီဆိုတာနဲ့ရှေ့ဆုံးကဖျားတတ်နာတတ်လွန်းလို့ စိတ်ညစ်နေသူတစ်ယောက်အဖို့ကတော့ မဖျားအောင် ဒါလေးတွေလုပ်ပါဆိုပြီး အသိမိတ်ဆွေတွေဆွေမျိုးတွေကပြောတာတွေကို လိုက်လုပ်မိနေတော့မှာအသေအချာပဲလေ။ ကိုယ်တိုင်တောင်တစ်ခါတစ်ခါ လုပ်မိနေတတ်သေးတာလေ။ ဒါပေမယ့် သူတို့ကစေတနာနဲ့ပြောတာဆိုပေမယ့် အယူအဆတွေကမှားနေမယ်ဆိုရင် အထောက်အကူမပြုနိုင်မှာတော့ အသေအချာပဲလေ။ ဒီတော့ တုပ်ကွေးနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့ အယူအဆအမှားတွေ ကိုယ်တိုင်ရောလုပ်မိနေလားဆိုတာကို ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်လိုက်နော်။

တုပ်ကွေးနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆအမှားတွေ

ဆံပင်ရေစိုနဲ့လေတိုက်တိုက်မှာ ထိုင်မိတာကိုး – ကြားဖူးတယ်မှတ်လား။ခေါင်းလျှော်ပြီးရေမခြောက်ခင် အပြင်ထွက်သွားတာကိုး။ အခုတော့ဖျားပြီလေဆိုတာမျိုးပေါ့။ ဟုတ်များဟုတ်နေလားလို့တွေးမိမှာပေါ့။ တကယ်တော့ ဒါကတိုက်ဆိုင်သွားတဲ့ အကြောင်းအရာတစ်ခုပေါ့။ တကယ်တော့ အအေးမိတုပ်ကွေးြဖစ်တယ်ဆိုတာက ဗိုင်းရပ်စ်ကြောင့်ပါ။ ဆံပင်ကိုခြောက်အောင်သုတ်သင့်တာကမှန်ပေမယ့် ဆံပင်ရေစိုနဲ့ အပြင်ထွက်လို့တော့ တုပ်ကွေးမဖြစ်ပါဘူး။

ရာသီဥတုေအးနေတာကို အနွေးထည်မဝတ်ဘဲ အပြင်ထွက်တယ် -အေးနေတာကို အနွေးထည်ခပ်ပါးပါးတစ်ထည်လောက်တော့ ဝတ်ဦးမှပေါ့။ အအေးမိမယ်လေလို့ ကိုယ့်ကိုချစ်တဲ့သူကလှမ်းမှာတာကြားဖူးကြမှာပေါ့။မေမေ့ဆီက အများဆုံးကြားရနိုင်ပါတယ်။မေမေတွေက သားသမီးတွေကို အမြဲမပြတ်ဂရုစိုက်နေတတ်ကြသူတွေပါ။မေမေက ဂရုဏာမေတ္တာနဲ့ မှာတာကို လျစ်လျူမရှု့ဖို့ပြောချင်ပါတယ်။ ဒါပေမယ့် အနွေးထည်မဝတ်လို့ ခန္ဓါကိုယ်မှာ ပိုအေးသွားတာတော့ဖြစ်နိုင်ပေမယ့် တုပ်ကွေးတော့မဖြစ်နိုင်ပါဘူး။ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ကအေးမြတဲ့ရာသီဥတုအခြေအနေမှာ ပိုမိုရှင်သန်နိုင်တာတော့ အသေအချာပါပဲ။

အစားတွေအများကြီးမကျွေးနဲ့ အဖျားကြီးနေမယ် – ဒီစကားကအပြည့်အဝမမှန်ပါဘူး။နေမကောင်းဘူး၊ တုပ်ကွေးဖြစ်နေတယ်ဆိုရင်ကြေခဲတဲ့အစားအစာတွေက ရင်ပြည့်တာ၊ အစာမကြေဖစ်ပြီး အန်တာတွေကိုဖြစ်စေနိုင်ပေမယ့် လုံးဝမစားဘဲတော့ မနေသင့်ပါဘူး။ အာဟာရပြည့်ဝအောင်စားသောက်ပေးသင့်ပါတယ်။ အာဟာရပြည့်ဝမှမြန်မြန်အားပြည့်ပြီး ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်မှာပါ။

ကြက်စွပ်ပြုတ်ေလးသောက်လိုက်နေကောင်းသွားလိမ့်မယ်တုပ်ကွေးြဖစ်နေတာလား ကြက်စွပ်ပြုတ်ပူပူလေးသောက်လိုက်လေ။နေကောင်းသွားမှာပေါ့။ ခပ်နွေးနွေးသောက်စရာတွေက လည်ချောင်းနာတာကို သက်သာစေနိုင်ပြီး ခန္ဓါကိုယ်ကိုရေဓါတ်ဖြည့်ပေးနိုင်ရုံပါ။နောက်တစ်ခုကတော့ အာဟာရပြည့်သွားစေတာပေါ့။ ဒီအရည်အချင်းတွေထက်ထူးပြီး ကြက်စွပ်ပြုတ်က တုပ်ကွေးကို မသက်သာစေနိုင်ပါဘူး။

ငယ်ရွယ်ကျန်းမာသူတွေက တုပ်ကွေးမဖြစ်ဘူး – အသက်လေးကငယ်ငယ်လေးပဲရှိသေးတာပြီးတော့ကျန်းမာတဲ့အရွယ်လေး မဖျားပါဘူး။ တုပ်ကွေးဆိုတာမျိုးက ကလေးငယ်လေးတွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ရောဂါအခံရှိသူတွေမှာ အဖြစ်များတာဆိုပြီးပြောကြတာလေ။ တကယ်ဟုတ်ရဲ့လားလို့တွေးမိလား။ အတိုင်းအတာတစ်ခုလောက်အထိတော့မှန်ပါတယ်။ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အိုတွေက ပုံမှန်ထက် ကိုယ်ခံအားနည်းတတ်ကြတာကိုး။ ဒါပေမယ့်လူတိုင်းကသွေးနဲ့ကိုယ် သားနဲ့ကိုယ်လေ ဘယ်အရွယ်မဆို ဖျားနာမှုနဲ့မကင်းကြပါဘူး။ ကိုယ်ခံအားစနစ်ကောင်းနေတုန်းသာ ဗိုင်းရပ်စ်တွေနဲ့ ခပ်ကင်းကင်းနေနိုင်လို့ ဖျားနာတာ တုပ်ကွေးမိတာမျိုးမဖြစ်တာပါ။ ဒါကြောင့်ပြောချင်တာက တုပ်ကွေးက အရွယ်မရွေးဖြစ်နိုင်ပါတယ်။

လက်ခဏခဏသာဆေးပေး တုပ်ကွေးကင်းတယ် – ဟုတ်ရဲ့လား။ လက်ဆေးရုံနဲ့ ဒီလောက်တောင်ထိရောက်တာလား။ လက်အသားအရေခြောက်တာတော့ အရင်ဆုံးတွေ့ရမယ့် အမှန်တရားပါ။ လက်ကရောဂါပိုးတွေအများဆုံးကပ်ငြိနေနိုင်တဲ့နေရာဖြစ်တာကြောင့် မလိုအပ်ဘဲရောဂါပိုးတွေ ကူးစက်ခံရမှုကနေကင်းဝေးစေဖို့ လက်ဆေးပေးတာကထိရောက်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဗိုင်းရပ်စ်တွေက လက်ကနေပဲကူးစက်တာမဟုတ်ပါဘူး။ရောဂါပိုးရှိသူနှာချေ၊ချောင်းဆိုးလိုက်ချိန်မှာလေထုထဲမှာ ပြန့်နှံ့သွားတာပါ။ ဒါကြောင့် လက်ဆေးတာက တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အရေးကြီးပေမယ့် တုပ်ကွေးကင်းစေတဲ့ နည်းတော့မဟုတ်ပါကြောင်း…

တုပ်ကွေးကာကွယ်နိုင်ဖို့က

အပေါ်မှာပြောခဲ့တာတွေက မမှန်ဘူးဆိုရင် ဘယ်အချက်တွေကမှန်တာလဲလို့မေးစရာရှိနေမှာပေါ့။ ဒီတော့ တုပ်ကွေးဖြစ်လာပြီဆိုရင် လာတွေလုပ်ရမလဲ ဆက်ကြည့်လိုက်မလား။

တုပ်ကွေးကာကွယ်ဆေးထိုးပေးပါ – တစ်နှစ်တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေးထိုးတာက တုပ်ကွေးကာကွယ်ဖို့ ထိရောက်တဲ့နည်းလမ်းပါ။

အာဟာရပြည့်ဝအောင်စားပါ -နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်စုံလုံလောက်အောင် စားသုံးပေးပါ။

ရေများများသောက်ပါ – ခန္ဓါကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုရေဓါတ်နဲ့ ဖွဲ့စည်းထားတာဖြစ်တာကြောင့် ကျန်းမာဖို့ဆိုရင်ရေများများသောက်ပေးပါ။

အိပ်ရေးဝဝအိပ်ပါ – တစ်ညတာမှာကောင်းကောင်းအိပ်စက်အနားယူတာက ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အားအင်တွေကိုပြည့်ဝစေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တိုင်း အရေးတကြီးလုပ်စရာအကြောင်းမရှိရင်စောစောအိပ်စက်အနားယူပေးပါ။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ -နေ့စဉ် ပုံမှန် ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက ကိုယ်ခံအားကိုကောင်းစေဖို့အထောက်အကူပြုပေးနိုင်တာကြောင့် ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

ကြိုတင်ကာကွယ်ပါ – အပေါ်ကနည်းတွေကလည်း တုပ်ကွေးမဖြစ်အောင်ကြိုတင်ကာကွယ်တာပါပဲ။ ဒီနည်းတွေနဲ့မလုံလောက်ဘူးလို့ထင်ရင်တော့ အအေးမိတုပ်ကွေးဖြစ်တာကို ကာကွယ်ပေးနိုင်တဲ့ အပန်းမကြီးတဲ့နည်းလမ်းလေးတွေရှိပါတယ်။ ဒါကတော့ နှာခေါင်းဖြန်းဆေး (Nasal Spray) သုံးတာ၊ အာလုပ်ကျင်းဆေး (Gargle Wash) သုံးတာမျိုးလုပ်ပေးပါ။

ဒီတော့ အယူအဆအမှားတွေကို စွန့်ပစ်ပြီး မှန်ကန်တဲ့နည်းလမ်းတွေနဲ့ တုပ်ကွေးကို ကာကွယ်လိုက်ပါ ……..

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Biggest Myths About The Fluhttps://www.health.com/health/gallery/0,,20861838,00.html?slide=98433#98433 Accessed Date 8 October 2018

10 Misconceptions About the Fluhttps://science.howstuffworks.com/life/cellular-microscopic/10-flu-misconceptions10.htm Accessed Date 8 October 2018

10 Flu Mythshttps://www.health.harvard.edu/diseases-and-conditions/10-flu-myths Accessed Date 8 October 2018

Five Common Misconceptions About Seasonal Fluhttps://www.iflscience.com/health-and-medicine/five-common-misconceptions-about-seasonal-flu/ Accessed Date 8 October 2018

ယခုပုံစံ

05/09/2022

Aye Thi Mon မှ ရေးသားသည်။

Kyaw Zay Ya မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement