တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

တုပ်ကွေး ဆိုတာ ကူးစက်တတ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတမျိုးဖြစ်ပြီး ဆောင်းဦးနဲ့ ဆောင်းတွင်းပိုင်းမှာ အဖြစ်များပါတယ်။ တုပ်ကွေးက တခါတလေ အလုပ်ပျက် ကျောင်းပျက် ဆေးရုံတက်ရတဲ့အထိ ဆိုးတတ်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်ရင် ဘာလုပ်ကြမလဲ။ ပိုးသတ်ဆေးသောက်ကြမလား။ တစ်ခါတည်း ဖြေပေးလိုက်ပါမယ်။ အဖြေကတော့ ‘NO’ပါ။

ဘာကြောင့်လည်းဆိုတာ ဆက်ကြည့်ရအောင်။

  • ပိုးသတ်ဆေးတွေက ဘာလုပ်ပေးသလဲ။

ပိုးသတ်ဆေးဆိုတာ ဘတ်တီးရီးယားတွေကို သတ်ပေးတဲ့ ဆေးတမျိုးပါ။

  •  တုပ်ကွေးဆိုတာကရော ဘာလဲ။

တုပ်ကွေးဆိုတာကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ ချောင်းဆိုးနှာချေလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကနေ ကူးတတ်ပါတယ်။ အမှုန်အမွှားတွေက တံခါးလက်ကိုင်မှာ၊ စားပွဲမျက်နှာပြင်မှာ ကပ်နေတတ်ပြီး ဒီပစ္စည်းတွေကို ကိုင်မယ်။ ပြီးတော့ မျက်နှာတို့ ပါးစပ်တို့ နှာခေါင်းတို့ကို ကိုင်မယ်ဆိုရင်လည်း ကူစက်တတ်ပါတယ်။ ဒါကြောင့်လက်မကြာခဏဆေးဖို့ ပြောရတာပါ။

တုပ်ကွေးဖြစ်ပြီဆိုရင်
-ဖျားမယ်
-ချမ်းတုန်မယ်
-ချောင်းဆိုးမယ်
-နှာရည်ယိုမယ်
-လည်ပင်းနာမယ်
​-ကိုယ်လက်တွေကိုက်မယ်
-နုန်းမယ်
-ခေါင်းကိုက်ပါမယ်
ဒီလောက်ဆိုရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးမှာ ဘတ်တီးရီးယားတွေကို သေစေတဲ့ ပိုးသတ်ဆေးက အလုပ်မဖြစ်ဘူးဆိုတာ နည်းနည်းတော့ သဘောပေါက်လောက်ပါပြီ။

  • တုပ်ကွေးဖြစ်တာ ပိုးသတ်ဆေးသောက်မိရင်ဘာဖြစ်မလဲ။

    တခွန်းတည်းပြောရရင် ဆေးယဉ်ပါးဖြစ်တတ်ပါတယ်။ ဆိုလိုတာက သာမန်နှာစေးချောင်းဆိုးဖြစ်တိုင်း ပိုးသတ်ဆေးသောက်နေမယ်ဆိုရင် ကြာလာရင် ဒီပိုးတွေက ဒီဆေးကို မတိုးပါဘူး။ ဒါဆို တကယ်တမ်း ရောဂါအကြီးအကျယ်ဖြစ်လာတဲ့အခါ ကုရခက်လာပါတယ်။ ဒီဆေးယဉ်ပါးပိုး သူများတွေကို အဆင့်ဆင့်ကူးသွားမယ်ဆိုရင် ကုရာနတ္ထိဆေးမရှိဖြစ်သွားပါလိမ့်မယ်။

  • ဘယ်အခါမျိုးမှာ တုပ်ကွေးဖြစ်တဲ့သူတွေ ပိုးသတ်ဆေးသောက်ရမလဲ။

တုပ်ကွေးရဲ့နောက်ဆက်တွဲတွေဖြစ်တဲ့ နားပြည်ယိုတာ၊ ထိပ်ကပ်နာနမိုးနီးယားတွေဖြစ်လာရင်တော့ ပိုးသတ်ဆေးသောက်ဖို့ မဖြစ်မနေလိုလာပါပြီ။ လိုအပ်ရင် ဆေးရုံတက်ပြီး ကုသရပါမယ်။

  •  အိမ်တွင်းကုထုံးများ

    -အနားယူပါ။ တုပ်ကွေးဖြစ်နေတဲ့အချိန်အတွင်းမှာ ညစောစောအိပ်ပါ။ အိပ်ရေးဝနေပါစေ။
    -ရေများများသောက်ပါ။ ရေအပြင် စွပ်ပြုတ်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ
    သောက်ပေးပါ။
    -အဖျားသက်သာပြီး အကိုက်အခဲပျောက်ဖို့ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့
    ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတာတွေ သောက်နိုင်ပါတယ်။
    ဗိုင်းရပ်စ်သတ်ဆေး(Antivirals)တွေ ရှိပေမယ့် ဆရာဝန်ညွှန်ကြားချက်နဲ့သောက်တာ
    အကောင်းဆုံးပါပဲ။
    တုပ်ကွေးမဖြစ်တဲ့နှစ်ဆိုတာ မရှိသေးပါဘူး။ အချုပ်ပြောရရင် တုပ်ကွေးဟာ
    ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့အတွက် ပိုးသတ်ဆေးက အလုပ်မဖြစ်ပါဘူး။ Antivirals တွေကလည်း
    ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့်ပါတယ်။ နောက်ဆက်တွဲ ရောဂါတွေဖြစ်လာရင်တော့
    ဆရာဝန်က ပိုးသတ်ဆေးညွှန်ပါလိမ့်မယ်။ အများစုကတော့ အိမ်တွင်းကုထုံးတွေနဲ့
    သက်သာသွားကြပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကူးစက်ရောဂါတွေကနေ ပြန်လည်သက်သာလာချိန်မှာ မှီဝဲသင့်တဲ့ အစားအစာ ၇ မျိုး

ဘက်တီးရီးယားတွေ ကူးစက်ရောဂါ တုပ်ကွေး ခန္ဓာကိုယ် အစားအသောက်ပျက် သဘာဝသစ်သီးဖျော်ရည် ကြက်သားစွပ်ပြုတ် လက်ဖက်ရည်ကြမ်း ငှက်ပျောသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ညဘက် အိပ်နေရင်း ထထမောနေပြီလား

ညဘက် အမောဖောက် အသက်ဝဝရှူ စိတ်ဖိစီးမှု အိပ်မပျော် နှလုံးကြွက်သား ပန်းနာရင်ကြပ် နာတာရှည်အဆုတ်ရောင်ရောဂါ အိပ်ဟောက်ရှူရပ်ရောဂါ ထိပ်ကပ်နာ စားချဉ့်ရည်ပြန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19 ရောဂါဆိုင်ရာ အယူအဆအမှားများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြောပြထားတဲ့ အဖြေမှန်များ(၂)

အရက်သောက်ခြင်း ဗိုင်းရပ်စ်ပိုး COVID-19 ကိုရိုနာဗိုင်းရပ်စ် ကြက်သွန်ဖြူ စိုထိုင်းဆမြင့် နှာခေါင်း အဆုတ်ရောင်ရောဂါကာကွယ်ဆေး အရက်ပြန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

မကူးစက်နိုင်သော ရောဂါရှိသူများ နှင့် ကူးစက်ရောဂါဆိုးကြီး COVID-19 တို့အကြောင်း

မကူးစက်နိုင်သောရောဂါများ COVID-19 ကျန်းမာရေးအခြေအနေ နှလုံးသွေးကြောကျဉ်းရောဂါ အသက်ရှူလမ်းကြောင်းရောဂါ အဆုတ် ဆေးလိပ်သောက်လွန်းသူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

မိုးရာသီ ရောက်ရင် စိတ်ပူရတဲ့ ကလေးတွေအဖြစ်များဆုံးရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 29, 2020
လေထုညစ်ညမ်းမှုနဲ့ ပါကင်ဆန်ရောဂါ

လေထုညစ်ညမ်းမှုနဲ့ ပါကင်ဆန်ရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020
ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။

ကလေးတွေမှာ ပွန်းပဲ့ပြတ်ရှ ဒဏ်ရာ တွေရခဲ့ရင်ဘာလုပ်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 20, 2020
ကလေးဖျားပြီး အနီစက် ထွက်ရင်

ကလေးဖျားပြီး အနီစက် ထွက်ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 18, 2020