ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 16, 2020 . 2 mins read
Share now

ချောင်းဆိုးတယ်ဆိုတာ ရာသီမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ စိုးရိမ်စရာတော့ မဟုတ်ပေမဲ့ ဝေဒနာခံစားနေရတဲ့သူအတွက် ဒီချောင်းဆိုးနေရတဲ့ ဒုက္ခက မသေးလှပါဘူး။ လည်ချောင်းထဲက ယားသလိုဖြစ်နေတာကနေ ညဘက်တွေမှာ အိပ်လို့မရတော့တဲ့အထိ ချောင်းတွေ တဟွပ်ဟွပ်ဆိုးနေတာက ကိုယ့်အိပ်ချိန်ကိုလည်း ထိခိုက်စေသလို ဘေးပတ်ဝန်းကျင်ကလူတွေအတွက်လည်း စိတ်ညစ်ရတာပေါ့။

ဒီနေ့ဆောင်းပါးမှာ ညအိပ်နေစဉ် ချောင်းဆိုးတဲ့ ဝေဒနာကို ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ အိပ်နေတဲ့ ခေါင်းအနေအထားကို သေချာပြုပြင်ပါ။

ခေါင်းက လှဲနေတဲ့အချိန်ဆိုရင် လည်ချောင်းက ချောင်းဆိုးချင်စိတ်ကို ဖြစ်စေဖို့ ပိုပြီးလွယ်ကူတတ်ပါတယ်။ ဒါကြောင့် ခေါင်းအောက်မှာ ခေါင်းအုံးနှစ်ထပ်လောက် ခံပြီးမှ အိပ်တာပိုကောင်းပါတယ်။

၂။ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်တစ်လုံး ထားထားပါ။

ခုလို နွေရာသီဆိုရင် ခြောက်သွေ့ပူနွေးတဲ့ လေတွေ အမြဲရှိနေတတ်ပါတယ်။ ဒီလေတွေက လည်ချောင်းကို ယားယံစေတယ်။ ဒါ့အပြင် လေထုထဲမှာ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေက အသက်ရှူလမ်းကြောင်းထဲ ရောက်သွားတဲ့အခါ နှာစေး၊ နှာပိတ်တာတွေပါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်ခန်း၊ ကိုယ်အလုပ်လုပ်နေတဲ့ ခုံလေးပေါ်မှာ လေထုကို သန့်စင်ပေးပြီး အစိုဓာတ်ထိန်းပေးမယ့် စက်လေးတစ်လုံး ထားထားတာ ပိုကောင်းပါတယ်။

၃။ ပျားရည်သောက်ပါ။

ပျားရည်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေထဲမှာ လည်ချောင်းယားယံတာ၊ ချောင်းဆိုးတာကိုပါ သက်သာစေတဲ့ အာနိသင်တွေလည်း ပါဝင်နေပါတယ်။ ဒီတော့ ကိုယ်က ဒီရက်ပိုင်း ချောင်းတွေအမြဲဆိုးတယ်၊ အိပ်တဲ့အချိန်ထိပါ မခံမရပ်နိုင်အောင် ချောင်းဆိုးနေတယ်ဆိုရင် ရေနွေးကြမ်းထဲ ပျားရည်ရောမွှေပြီး သောက်လို့ ရပါတယ်။ အဲ့လိုမဟုတ်ဘဲ ပျားရည်ကို ရေပူပူလေး သို့မဟုတ် သံပရာရည်နဲ့ ရောသောက်လို့လည်း အဆင်ပြေပါတယ်။ ၁နှစ်အောက် ကလေးတွေ၊ ပျားရည်နဲ့ ဓာတ်မတည့်သူတွေဆိုရင်တော့ ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။

၄။ အစာစားပြီး ချက်ချင်းလှဲမအိပ်ပါနဲ့။

အစာစားပြီး ၃နာရီအတွင်း လှဲလိုက်တာ၊ အိပ်တာမျိုးမလုပ်ပါနဲ့။ အစာအိမ်က အစာကောင်းစွာ ချေဖျက်ပြီးမှ လှဲအိပ်တာက စားချဉ့်ရည်ပြန်တက်တာ၊ လည်ချောင်းယားပြီး ချောင်းဆိုးတာကို သက်သာစေမှာပါ။

၅။ အိမ်မှာရှိတဲ့ ပိုးဟပ်တွေကိုရှင်းလင်းပါ။

ပိုးဟပ်တွေရဲ့ သွားရည်၊ မစင်နဲ့ ကိုယ်လက်အစိတ်အပိုင်းတွေဟာ ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ်တာအပြင် တခြားဓာတ်မတည့်တဲ့ လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ ပိုးဟပ်ကင်းစင်စေဖို့ စားစရာတွေကို အနံ့လုံခြုံအောင် အဖုံးအုပ်ထားပါ။ သတင်းစာ၊ စက္ကူအဟောင်းတွေကို လွှင့်ပစ်ပါ။ အမှိုက်တွေကို အမြဲရှင်းလင်းပါ။

၆။ ကောင်းစွာ အနားယူပါ။

ချောင်းဆိုးနေပြီဆိုရင် အကောင်းဆုံးကတော့ သေချာအိပ်စက်အနားယူဖို့ပါပဲ။ အိမ်မှာ အနားယူပါ။ ချောင်းဆိုးတာ မသက်သာသေးသ၍ အပြင်ထွက်တာ၊ ရုံးသွားတာကို နည်းနည်းရှောင်ပေးပါ။ ကိုယ်က ချောင်းဆိုးလိုက်တဲ့အခါ ကိုယ့်လည်ချောင်းထဲမှာ ရှိတဲ့ ပိုးမွှားတွေက လေထဲကတစ်ဆင့် ပျံ့နှံ့ဖို့ အလွန်လွယ်ကူလို့ပါ။ ရေများများသောက်ပါ။ အိမ်မှာပဲ ပြည့်ဝစွာ အနားယူပါ။

၇။ ဝေဒနာသက်သာစေမယ့် အစားအစာတွေကို အဓိကစားပေးပါ။

ချောင်းဆိုးတာရဲ့ နောက်ကွယ်မှာ လည်ချောင်းနာတာ၊ နှာစေး၊ နှာပိတ်တာအစရှိတဲ့ အအေးမိ၊ တုပ်ကွေးရောဂါလက္ခဏာတွေလည်း တွေ့နိုင်ပါတယ်။ ဒါကြောင့် ဝေဒနာကို သက်သာစေဖို့နဲ့ အမြန်ဆုံးပျောက်သွားအောင် ရေများများသောက်ပါ။ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်၊ ဂျင်းပြုတ်ရည်၊ သစ်သီးဖျော်ရည် သောက်ပေးပါ။ အမာစာ၊ အဆီကြော်တွေ၊ အပူအစပ်တွေကို နည်းနည်းရှောင်ပေးပါ။

၈။ ဆေးလိပ်ဖြတ်ပါ။

ရေရှည် ဆေးလိပ်ကိုစွဲပြီးသောက်ခြင်းကြောင့် ချောင်းဆိုးတဲ့ ဝေဒနာက ပိုပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ညဘက်ချောင်းဆိုးတာကို သက်သာစေချင်ရင်တော့ အကောင်းဆုံးက ဆေးလိပ်ကို ဖြတ်လိုက်ဖို့ပါပဲ။ ချောင်းဆိုးတာတင်မကဘဲ ကိုယ့်ရဲ့ ကျန်းမာရေးပါ အရင်ကထက် ပြောင်းလဲတိုးတက်လာမှာပါ။

ဒီနည်းလမ်းတွေ သေချာလုပ်မယ်ဆိုရင်တော့ ညဘက်ထပြီး ချောင်းဆိုးနေရတဲ့ ဒုက္ခကနေ ကင်းဝေးနိုင်မှာပါ။ ဒီလိုချောင်းဆိုးတာအပြင် အပြင်းဖျားတာ၊ အသက်ရှူရခက်တာ၊ အစာနင်တာ၊ အစာမြိုချရခက်တာ၊ ခြေထောက်၊ ဝမ်းဗိုက်ရောင်နေတာ၊ ၃ပတ်ထက်ပိုပြီး ချောင်းဆိုးနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်နော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျန်းမာရေးအတွက် အရေးကြီးတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထကောင်းများ

တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထ အမှုမဲ့အမှတ်မဲ့ ကျန်းမာရေး ခန္ဓာကိုယ် covid-19 လက်ဆေးခြင်း ကိုယ်ခံအား အအေးမိ၊ ဖျားနာ ချွေးဂလင်း ဆံသား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကျွန်းရွက်လေးက ဆေးဖက်ဝင်ပါတယ်။

အာဟာရတန်ဖိုး ကျန်းမာရေး ဆေးဖက်ဝင် ကျွန်းရွက် ပန်းနာရင်ကျပ် သန်ကျစေတယ် သန်ကျဆေး ဝက်ခြံ နာကျင်ရောင်ရမ်း ဆီးရွှင် ဓာတ်တိုးဆန့်ကျင် ကင်ဆာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အဖျား ပိုမဆိုးအောင် ဆင်ခြင်သင့်တဲ့ အချက်များ

အဖျား ဖျားနာခြင်း နေမကောင်း အအေးမိ တုပ်ကွေး နှာစေး ချောင်းဆိုး လည်ချောင်းနာ ရာသီဥတု မိုးရာသီ ကျန်းမာရေး ကိုယ်ခံအားစနစ် သက်သာပျောက်ကင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
အအေးမိ၊တုပ်ကွေး, ကျန်းမာရေးစင်တာ ဇွန် 17, 2020 . 2 ဖတ်ရန် ကြာချိန်

တုပ်ကွေးမမိအောင် ကာကွယ်ပေးမယ့် အလေ့အထများ

တုပ်ကွေး၊ ဖျားနာ၊ ရာသီတုပ်ကွေး၊ Mask၊ Gym equipment၊ Wiper၊ လေ့ကျင့်ခန်း၊ မျက်နှာ၊ လက်ချောင်း၊ အိမ်သာ၊ ရေကမုတ်၊ Hair Dryer၊ လက်သန့်ဆေးရည်၊ လက်ဆွဲနှုတ်ဆက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
အအေးမိ၊တုပ်ကွေး, ကျန်းမာရေးစင်တာ ဇွန် 17, 2020 . 2 ဖတ်ရန် ကြာချိန်

သင့်အတွက် ရွေးချယ်ထားသည်

တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

တုပ်ကွေး ကွေးတဲ့ ကလေးလေး မြန်မြန်သက်သာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 ဖတ်ရန် ကြာချိန်

ကောင်းကျိုးထက် ဆိုးကျိုးပိုများတဲ့ အုန်းနို့အကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်
မိုးခေါင်ရေရှား အန္တရာယ်များ

မိုးခေါင်ရေရှား အန္တရာယ်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 23, 2020 . 2 ဖတ်ရန် ကြာချိန်
တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့

တုပ်ကွေးကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်စို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 23, 2020 . 2 ဖတ်ရန် ကြာချိန်