ချွေးနံ့ပျောက်ဆေးများနှင့် ရင်သားကင်ဆာအန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လူတိုင်းမှာ ကိုယ်သင်းနံ့တစ်မျိုးစီရှိကြပြီး ဒါဟာတစ်ဦးနဲ့တစ်ဦး မတူကြတဲ့ သီးခြားဝိသေသလက္ခဏာတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကနေ ချွေးနံ့ဖြစ်လာရင်တော့ စိတ်ရှုပ်စရာတစ်ခုဖြစ်လာနိုင်ပြီး ဒီလိုမဖြစ်အောင်ကြိုတင်ကာကွယ်ဖို့ ဒါမှမဟုတ် ပျောက်ကင်းအောင်ကုသဖို့ကြိုးစားရမှာပါ။ ခန္ဓါကိုယ်ရဲ့အနံ့အသက်ပြဿနာကို ချွေးတိတ်ဆေးတွေနဲ့ ချွေးနံ့ပျောက်ဆေးတွေကို လူသုံးများနေကြပါတယ်။ ဒီကုန်ပစ္စည်းတွေကို တီထွင်လာကြတဲ့အပေါ် ကျေးဇူးတော့မတင်နိုင်ပါဘူး။ သူတို့က ရင်သားကင်ဆာလိုမျိုး ရောဂါအပြင်းစားတွေဖြစ်လာနိုင်တဲ့အကြောင်းရင်းဖြစ်တယ်လို့ မကြာသေးမီကမှသိလိုက်ရလို့ပဲဖြစ်ပါတယ်။

ချွေးတိတ်ဆေးနဲ့ ချွေးနံ့ပျောက်ဆေးတွေက ဘာတွေလဲ

ချွေးတိတ်ဆေးတွေဟာ ခန္ဓါကိုယ်မှာချွေးထွက်နည်းစေနိုင်မယ့် ဓါတုပစ္စည်းတွေပါဝင်တဲ့ တစ်ကိုယ်ရည်သုံးကုန်ပစ္စည်းတွေဖြစ်ပါတယ်။ ချွေးတိတ်ဆေးတွေကို စပရေး၊ ခရင်မ်၊ ချိုင်းလိမ်းဗူး ဒါမှမဟုတ် ချိုင်းလိမ်းဆေးတောင့်တွေအဖြစ်နဲ့ ဈေးကွက်ထဲမှာလွယ်လွယ်နဲ့ ရရှိနိုင်ပါတယ်။ အရေပြားပေါ်လိမ်းလိုက်ပြီဆိုတာနဲ့ ချွေးတိတ်ဆေးရဲ့ပါဝင်ပစ္စည်းတွေက အစပိုင်းမှာ အရေပြားမျက်နှာပြင်ပေါ် ချွေးထွက်မလာအောင်တားဆီးပေးမှာဖြစ်ပြီး နောက်ပိုင်းကျရင်တော့ ခန္ဓါကိုယ်မှာ အနံ့ထွက်စေတဲ့ဘက်တီးရီးယားတွေကို လျော့နည်းသွားစေမှာဖြစ်ပါတယ်။
ချွေးတိတ်ဆေးတွေလိုပဲ ချွေးနံ့ပျောက်ဆေးတွေဟာလည်း မနှစ်မြို့စရာ ခန္ဓါကိုယ်အနံ့ကို ထိန်းချုပ်ဖယ်ရှားနိုင်ဖို့ အသုံးပြုကြတဲ့ ဓါတ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ချွေးတိတ်ဆေးတွေမှာလိုပဲ အမွှေးနံ့တွေပါရှိတဲ့ ချွေးနံ့ပျောက်ဆေးတွေမှာ အနံ့ဘက်တီးရီးယားကဖန်တီးတဲ့ ခန္ဓါကိုယ်အနံ့ကိုဖုံးအုပ်ပေးမယ့် ပါဝင်ပစ္စည်းတွေပါရှိပါတယ်။ ဒါပေမယ့် ဒီပစ္စည်းက အရေပြားမျက်နှာပြင်ပေါ် ချွေးထွက်ခြင်းကိုတော့ မတားဆီးနိုင်ပါဘူး။
ဒီပစ္စည်းနှစ်မျိုးကို ချိုင်းကြားအသားအရေလို ပုံမှန်အားဖြင့် အနံ့ဆိုးထွက်တတ်တဲ့ အရေပြားမျက်နှာပြင်မှာ သုတ်လိမ်းရပါတယ်။ ချွေးတိတ်ဆေးနဲ့ ချွေးနံ့ပျောက်ဆေးတွေကို ချွေးထွက်များတတ်တဲ့ ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်း ဧရိယာတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ဒီပစ္စည်းတွေရဲ့အာနိသင်ကတော့ ရေမချိုးခင်အထိပဲ ခံနိုင်မှာဖြစ်ပါတယ်။ လှုပ်ရှားမှုများတဲ့အချိန်ကာလနောက်ပိုင်းမှသာ ဒီပစ္စည်းတွေကို ပြန်သုံးသင့်ပါတယ်။

ချွေးတိတ်ဆေးတွေသုံးရင် ရင်သားကင်ဆာဖြစ်စေနိုင် သလား

ချွေးတိတ်ဆေးတွေအသုံးပြုမှုနဲ့ ရင်သားကင်ဆာ အပါအဝင် သေစေနိုင်တဲ့ရောဂါများစွာတို့ကြား ဆက်နွှယ်မှုရှိနေတယ်လို့ မကြာသေးမီကမှ သီအိုရီတချို့က အခိုင်အမာဆိုခဲ့ကြပါတယ်။ ဒီသီအိုရီတွေက ရင်သားကင်ဆာအများစုဟာ ချိုင်းအောက်ဧရိယာမှာ ဖြစ်ပွားလာတတ်တယ်ဆိုတဲ့အချက်ကို အခြေခံပါတယ်။ ဒါ့အပြင် ချွေးတိတ်ဆေးတွေကို ချိုင်းမှာပဲအများဆုံး သုံးကြတာဖြစ်တဲ့အတွက် ရင်သားရဲ့ အထက်ပိုင်း အပြင်ဘက်မှာလည်း ထိခိုက်မှုရှိစေနိုင်ပါတယ်။ ချွေးတိတ်ဆေး ဖော်မြူလာမှာထည့်သွင်းထားတဲ့ ပစ္စည်းတွေထဲမှာ ဓါတ်သတ္ထုဆား aluminium chloride နဲ့ aluminium chlorohydrateတို့ အဓိကပါဝင်ပါတယ်။ ဒီဓါတုပစ္စည်းနှစ်မျိုးကို အရေပြားကစုပ်ယူလိုက်တဲ့အခါ လူ့မျိုးဗီဇတွေနဲ့ ပေါင်းစပ်ဓါတ်ပြုပြီး နောက်ဆုံးမှာ ဆဲလ်အတွင်း ကင်ဆာအန္တရာယ်ဖြစ်လာစေနိုင်ပါတယ်။ ဒီဓါတုပစ္စည်းတွေက အက်စထရိုဂျင်လို့ခေါ်တဲ့ အမျိုးသမီးဟော်မုန်းရဲ့လုပ်ဆောင်ချက်တွေကို ဝင်ရောက်နှောင့်ယှက်ပြီး ရင်သားကင်ဆာဆဲလ်တွေ ကြီးထွားမှုကိုတိုးမြင့်စေနိုင်ပါတယ်။

ဒါပေမယ့်လည်း ဒီသီအိုရီတွေက ခိုင်လုံတဲ့အထောက်အထား မပါရှိဘဲ ယုံကြည်ရလောက်တဲ့ ကိုးကားချက်တွေမရှိဘူးလို့ အမေရိကန်ကင်ဆာရောဂါအဖွဲ့အစည်းရဲ့ပညာရှင်တစ်ဦးက ပြောခဲ့ပါတယ်။ ခုချိန်ထိတော့ ချွေးတိတ်ဆေးတွေက ရင်သားကင်ဆာလိုရောဂါတွေ ဒါမှမဟုတ် တခြားကျန်းမာရေးပြဿနာတွေ ဖြစ်လာစေတယ်ဆိုတဲ့အကြောင်း သက်သေထူတင်ပြချက် မရှိသေးပါဘူး။ ချွေးတိတ်ဆေးမှာပါတဲ့ ပါဝင်ပစ္စည်းတချို့က ရင်သားမှာပြဿနာဖြစ်စေတာမှန်ပေမယ့် ရင်သားကင်ဆာအထိ ဖြစ်စေနိုင်လောက်တဲ့ ဆိုးကျိုးအန္တရာယ်သက်ရောက်မှုမရှိစေပါဘူး။ ရင်သားကင်ဆာဆိုတာ သေစေနိုင်တဲ့ရောဂါတစ်ခုဖြစ်သလို ချွေးနံ့ပျောက်ဆေးတွေသုံးတာလိုမျိုး အကြောင်းရင်းခံတစ်ခုတည်းကြောင့်လည်း ဖြစ်လာနိုင်တဲ့ ရောဂါမဟုတ်ဘူးဆိုတာ ကျွန်တော်တို့သိထားသင့်ပါတယ်။

အချုပ်ဆိုရရင် ကုန်ပစ္စည်းတိုင်းမှာ အကျိုးအာနိသင်ရှိကြပါတယ်။ ဒါပေမယ့် သဘာဝပါဝင်ပစ္စည်းတွေပါတဲ့ အရာကိုရွေးချယ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ သေစေနိုင်တဲ့ရောဂါဖြစ်စေတတ်တဲ့ aluminium ရဲ့အန္တရာယ်ကြောင့် ၎င်းပါတဲ့ပစ္စည်းတွေကိုတော့ ရှောင်သင့်ပါတယ်။ ကိုယ်သင်းနံ့လေးကောင်းမွန် အောင်လုပ်တဲ့နေရာမှာ ဘေးဥပါဒ်ကင်းရှင်းဖို့ကိုလည်း ထည့်စဉ်းစားသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

ကပ်ဘေးကာလ မှာ သူသူကိုယ်ကိုယ် စိတ်ရော ကိုယ်ပါ ထိခိုက်နေမှာပါ။ ဒါပေမယ့် ရေရှည်တိုက်ပွဲဖြစ်တာကြောင့် စိတ်ရော ကိုယ်ရော ကြံ့ကြံ့ခိုင် နေဖို့ လိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆိုရှယ်မီဒီယာ က စိတ်ရှုပ်စရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။

ဆိုရှယ်မီဒီယာဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အတိုင်းအတာတစ်ခုထိ အရေးပါလာပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဆိုရှယ်မီဒီယာ ယဉ်ကျေးမှုကို နားလည်ရပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဖေ့စ်ဘုတ်ပွတ်ရင်း စိတ်ပင်ပန်း နေကြပြီလား

ဖေ့စ်ဘုတ်ခေတ်ကြီးမှာ စိတ်ချမ်းသာနေဖို့က မလွယ်ကူလှပါဘူး။ စိတ်ပင်ပန်း စရာ စိတ်ဖိစီးစရာအကြောင်းအရာတွေ အလွန်မှကို များလှတယ်မဟုတ်လား။

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 3 mins read