backup og meta

ရင်သားအကျိတ် (သို့) ရင်သားနာကျင်ခြင်းက ရင်သားကင်ဆာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားအကျိတ် (သို့) ရင်သားနာကျင်ခြင်းက ရင်သားကင်ဆာလား

    ရင်သားအကျိတ် (သို့) ရင်သားနာကျင်ခြင်းက အမျိုးသမီးတွေနဲ့ အမျိုးသားတွေမှာတောင် ဆရာဝန်ဆီသွားပြဖို့ လှုံ့ဆော်ပေးတဲ့ အရာဖြစ်ပါတယ်။ ရင်သားကင်ဆာ အစပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာ မပြတတ်ပေမယ့် အချိန်မီ တွေ့ရှိခြင်းဟာ ရင်သားကင်ဆာရဲ့ အသက်ရှင်နေနိုင်စွမ်းကို ပြောင်းလဲပေးနိုင်ပါတယ်။

    အောက်ဖေါ်ပြပါ အချက်တွေကတော့ ရောဂါလက္ခဏာတွေနဲ့ ရင်သားကင်ဆာ အမျိုးအစားတွေအကြောင်းပဲ ဖြစ်ပါတယ်။

    ရင်သားအကျိတ် (သို့) ရင်သားနာကျင်ခြင်းက ရင်သားကင်ဆာလား

    လူတွေဟာ နာကျင်မှုခံစားရပြီဆိုရင် တစ်ခုခုတော့ မှားနေပြီလို့ ထင်ကြသလိုပဲ အမျိုးသမီးတွေဟာ သူတို့ရဲ့ ရင်သားမှာ နာကျင်မှု ခံစားရမယ်ဆိုရင် ဒါကို ရင်သားကင်ဆာလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် ရင်သားနာကျင်တိုင်း ရင်သားကင်ဆာလို့ ပြောလို့မရပါဘူး။ အခြားအချက်တွေ အတော်များများကလည်း ရင်သားနာကျင်မှုကို ဖြစ်စေနိုင်ပါသေးတယ်။

    ရင်သားနာကျင်မှုကို mastalgia လို့ ခေါ်ပြီး အောက်ပါ အချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    • ရာသီလာခါနီး ဟော်မုန်း ပြောင်းလဲမှုများ
    • ကိုယ်ဝန်တားဆေး (သို့) သန္ဓေသားမရခြင်းကို ကုသတဲ့ ဆေးများ
    • ကွက်တိ မဖြစ်တဲ့ ဘရာ
    • ရင်သား အရည်ကျိတ်
    • ကြီးမားတဲ့ ရင်သား (လည်ပင်း၊ ပုခုံး၊ ခါးနာခြင်းတွေနဲ့ တွဲဖက်ခံစားရတတ်ပါတယ်။)
    •  စိတ်ဖိစီးမှု

    နောက်တစ်ခုကတော့ ရင်သားအကျိတ်ပါ။ ရင်သားမှာ အကျိတ်တွေ့တိုင်း အမြဲတမ်း ကင်ဆာတော့ မဟုတ်ပါဘူး။ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်တတ်တဲ့ ဟော်မုန်းပြောင်းလဲမှုတွေက စလို့ အမျိုးသမီးတွေ အသက် ၂၀ ကနေ ၅၀ ကြားမှာ ဖြစ်တတ်တဲ့ ရင်သားအကျိတ်တွေရဲ့  ၉၀%ဟာ ကင်ဆာမဟုတ်ဘူးလို့ Mayo clinic က ဆိုပါတယ်။

    ကင်ဆာကြောင့် မဟုတ်ဘဲ ရင်သားအကျိတ်တွေဖြစ်ပွားတဲ့ အကြောင်းရင်းတွေကတော့

  • ရင်သား ပိုးဝင်ခြင်း
  • Fibrocystic breast disease
  • Fibroadenoma (ကင်ဆာမဟုတ်သော အကျိတ်)
  • Fat necrosis (တစ်ရှူးပျက်စီးခြင်း)
  • တစ်ရှူးပျက်စီးခြင်း ရှိမယ်ဆိုရင် အကျိတ်ဟာ အသားစ မယူမချင်း ကင်ဆာနဲ့ ခွဲခြားနိုင်ခြင်း မရှိပါဘူး။ ရင်သားကင်ဆာ စစ်ဆေးမှုတွေကို နောက်ပိုင်းမှာ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ရင်သားကင်ဆာ လက္ခဏာများ

    ရင်သားအကျိတ်နဲ့ ရင်သားနာကျင်မှုတွေဟာ ရင်သားကင်ဆာနဲ့ ဆက်နွယ်နေတဲ့ လက္ခဏာ‌တွေပဲ ဖြစ်ပါတယ်။ ရင်သားကင်ဆာရဲ့ အခြားလက္ခဏာ တွေကတော့

    • နို့သီးခေါင်း အရည်ထွက်ခြင်း (သို့) နို့သီးခေါင်း အထဲဝင်ခြင်း
    • ရင်သားတစ်ဖက် ကြီးလာခြင်း
    • ရင်သားမျက်နှာပြင်ပေါ်မှာ ချိုင့်ဝင်ခြင်း
    • ရင်သားအရေပြားမှာ လိမ္မော်သီးခွံလိုမျိုး “orange peel” texture ရှိခြင်း
    • အလိုလိုနေရင်း ကိုယ်အလေးချိန်ကျဆင်းခြင်း
    • ချိုင်းကြားမှာ ပြန်ရည်ကျိတ် ကြီးလာခြင်း
    • ရင်သားမှာ သွေးကြောတွေ ထင်းလာခြင်း တို့ပဲ ဖြစ်ပါတယ်။

    အထက်ဖော်ပြပါ အချက်တွေ ရှိပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    ရင်သားကင်ဆာ စစ်ဆေးမှုများ

    ရင်သားအကျိတ် သို့မဟုတ် ရင်သားနာကျင်မှုနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ပြသမယ်ဆိုရင် လုပ်ဆောင်ရမယ့် စမ်းသပ်စစ်ဆေးမှုတွေ ရှိပါတယ်။

    • Mammogram – ရင်သား X-ray ရိုက်ခြင်းဟာ ရိုးရိုး အကျိတ်နဲ့ ကင်ဆာကျိတ် ကို ခွဲခြားပေးနိုင်ပါတယ်
    • Ultrasound – Ultrasound အသုံးပြုခြင်းဟာ တစ်ရှူးတွေရဲ့ ပုံရိပ်ကို ရရှိစေပါတယ်။
    • MRI – အခြားစစ်ဆေးမှုတွေနဲ့ ပေါင်းစပ်ပြုလုပ်သင့်ပါတယ်။
    • အသားစယူခြင်း – ကင်ဆာဟုတ်မဟုတ် စစ်ဆေးဖို့ ရင်သားတစ်ရှူးကို ရယူခြင်း ဖြစ်ပါတယ်။

    ရင်သားကင်ဆာ အမျိုးအစားများ

    ရင်သားကင်ဆာကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။

    • Non-invasive – ကင်ဆာဟာ မူရင်းတစ်ရှူးကနေပြီး ပြန့်သွားခြင်း မရှိသေးပါဘူး။
    • Invasive – ကင်ဆာဆဲလ်တွေဟာ ပတ်ပတ်လည်က တစ်ရှူးတွေကို ပြန့်သွားပြီ ဖြစ်ပါတယ်။

    ရောဂါဖြစ်တဲ့ တစ်ရှူးတွေကလည်း ကင်ဆာအမျိုးအစားတွေကို သတ်မှတ်နိုင်ပါတယ်။

    • Ductal carcinoma – ကင်ဆာဟာ နို့ပြွန်တွေရဲ့ နံရံမှာ ဖြစ်ပေါ်တာဖြစ်ပြီး သူဟာ အဖြစ်အများဆုံးဖြစ်ပါတယ်။
    • Lobular carcinoma – ကင်ဆာဟာ နို့ဖြစ်ပေါ်တဲ့ ရင်သားရဲ့ lobules တွေ ထဲမှာ ဖြစ်ပေါ်တာ ဖြစ်ပါတယ်။
    • Sarcoma – ကင်ဆာဟာ ရင်သားရဲ့ တွယ်ဆက်တစ်ရှူး connective tissue တွေမှာ ဖြစ်ပေါ်တာဖြစ်ပါတယ်။

    ကုသမှု

    အမျိုးအစားနဲ့ ကင်ဆာအဆင့်တွေပေါ်မူတည်ပြီးတော့ ကုသမှုတွေဟာ ကွဲပြားခြားနားနိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်နဲ့ ကျွမ်းကျင်သူတွေဟာ ကင်ဆာရောဂါကိုကုသဖို့ အောက်ပါနည်းတွေကို အသုံးပြုနိုင်ပါတယ်။

    • Lumpectomy – ရင်သားကို မထိခိုက်ဘဲ အကျိတ်ထုတ်ခြင်း
    • Mastectomy – အကျိတ်အပါအဝင် ရင်သားတစ်ခုလုံးကို ခွဲထုတ်ခြင်း
    • ကင်ဆာဆေးသွင်းခြင်း – ဒါဟာ အသုံးအများဆုံး ကင်ဆာကုသမှု တစ်ခုဖြစ်ပြီး ကင်ဆာဆေးတွေဟာ ကင်ဆာဆဲလ်တွေ ပွားနှုန်းကို တားမြစ်ပါတယ်။
    • ဓာတ်ရောင်ခြည်ပြခြင်း – သူဟာ ကင်ဆာကို တိုက်ဖျက်ဖို့ X-rays တွေကို အသုံးပြုပါတယ်။
    • ဟော်မုန်းနဲ့ ပစ်မှတ်ထားကုသမှု – မျိုးရိုးဗီဇ (သို့) ဟော်မုန်းတွေဟာ ကင်ဆာကြီးထွားခြင်းမှာ အရေးပါရင် ဒီနည်းတွေကို သုံးကြပါတယ်။

    ဘယ်ကင်ဆာပဲဖြစ်ဖြစ် စောစီးစွာ သိရှိကုသနိုင်ခြင်းဟာ ရေရှည် ရလဒ်ကို ဆုံးဖြတ်တဲ့ အဓိက အချက်တစ်ခုဖြစ်ပါတယ်။ ရင်သားကင်ဆာဟာ လွယ်ကူစွာကုသနိုင်ပြီး စောစီးစွာ တွေ့ရှိရင် အမြစ်ပြတ်အောင် ကုသနိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သင့်ရင်သားနာကျင်မှု ဒါမှမဟုတ်  ရင်သားအကျိတ်ဟာ ပြင်းထန်တယ်လို့ ထင်ရင် ဆရာဝန်နဲ့ ဒီနေ့ပဲ ပြသသင့်ပါတယ်။

    ရေးသားသူ- Dr Phyu Mon Latt

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement