ရင်သားကင်ဆာအတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတွေက ဘာတွေလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 27, 2020 . 2 mins read
Share now

ရင်သားကင်ဆာ အတည်ပြုခြင်းခံရပြီးပါက လူအများစုသည် ခံစားချက်များ၊ စိတ်ဖိစီးမှုများ ခံစားရစေပါတယ်။ ထိုသို့ဖြစ်လာပါက ရောဂါကိုရေရှည် တိုက်ခိုက်နိုင်ရန် မိမိကိုယ်မိမိ စိတ်ရော၊ ကိုယ်ပါ တည်ငြိမ်အောင် လုပ်ယူဖို့ အရေးကြီးပါတယ်။

ထိုသို့ တည်ငြိမ်စေသော လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန် အတွင်းစိတ်အေးချမ်းမှု လိုအပ်ပါတယ်။ သွေးပူ တည်ငြိမ်လေ့ကျင့်ခန်း၊ တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူသွင်းထုတ်ခြင်း များပဲဖြစ်ပါတယ်။

ပထမခြေလှမ်း- နှစ်မိနစ်ကြာ တည်ငြိမ်အောင်လုပ်ခြင်း

ရှေးဦးစွာ သင့်ခန္ဓာကိုယ်ကို ပြေလျော့စေပြီး အတွေးအာရုံနဲ့ အသက်ရှူခြင်းကို အာရုံစိုက်ထားပါ။ အသက်ကို ဖြေးဖြေးနဲ့ မှန်မှန် ရှူသွင်း၊ရှူထုတ်ပါ။ တင်းကြပ်မှုများခံစားရပါက ဦးခေါင်းကို စက်ဝိုင်းပုံစံ တစ်ကြိမ်၊နှစ်ကြိမ်ခန့် လှည့်လှုပ်ရှားခြင်းဖြင့် ပြေလျော့အောင်လုပ်ပါ။ နာကျင်ပါက ချက်ချင်းရပ်ပါ။ ထို့နောက် ပုခုံးကို ရှေ့တိုး၊နောက်ဆုတ် စက်ဝိုင်းပုံစံ လှည့်ပါ။ တည်ငြိမ်သွားသည်အထိ အသက်ကို ဖြေးဖြေးနဲ့ မှန်မှန်ရှူပါ။

ဒုတိယခြေလှမ်း-စိတ်ကို တည်ငြိမ်အောင်လုပ်ခြင်း

ဒုတိယအနေနဲ့ ကောင်းသောအတွေးကို တွေးခြင်းဖြင့် စိတ်ကို ပြေလျော့ပါစေ။ သည်အနေတွင်လည်း မျက်လုံးမှိတ်ကာ အသက်ကို ဖြေးဖြေးနဲ့ မှန်မှန်ရှူပါ။ အကောင်းဘက်ကတွေးခြင်း၊ မိမိကိုယ်မိမိ ‘ငြိမ်းချမ်းမှု’ ‘မျှော်လင့်ခြင်း’ ‘ငါဟာတည်ငြိမ်နေတယ်’ စသည်ဖြင့် တိုးသာစွာ စကားပြောခြင်းဖြင့် အတွင်းစိတ်အေးချမ်းမှုကို ရယူပါ။ စိတ်ကို တခြားမရောက်ဘဲ ၁၀ မိနစ်ခန့် မိမိ အတွေးကိုသာ အာရုံစိုက်ထားပါ။ အသက်ရှူခြင်းနှင့် ရွေးချယ်ထားသော စကားများကို အာရုံစိုက်ခြင်းကလည်း အလုပ်ဖြစ်ပါတယ်။

တတိယခြေလှမ်း-အသက်ရှူ၍ ပြေလျော့စေခြင်း

အသက်ကို ခပ်ပြင်းပြင်းရှူခြင်းဖြင့် အောက်ဆီဂျင်ပမာဏ အများကြီး ခန္ဓာကိုယ်ထဲဝင်ကာ စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုများကို ပြေလျော့စေပါတယ်။ နည်းလမ်းအများကြီးရှိပါတယ်။ ဥပမာ- သင့်ဗိုက်ကို အသက်ရှူသွင်းခြင်းဖြင့် လေများပြည့်စေကာ တတ်နိုင်သလောက် ခပ်များများ ရှူသွင်းပြီး ဖြေးဖြေးချင်း ရှူထုတ်ပါ။ အကြိမ်များစွာ ပြုလုပ်ပြီး တည်ငြိမ်သွားပါက အနားယူပါ။

စတုတ္ထခြေလှမ်း- guided imagery

နောက်ဆုံးအနေနဲ့ အသက်ပြင်းပြင်းရှူသွင်းခြင်းနှင့် စိတ်ကို ပြေလျော့စေခြင်းနည်းလမ်းကို ပေါင်းပြီး guided imagery လို့ခေါ်ပါတယ်။ အသက်ပြင်းပြင်းရှူသည့်အပေါ် အာရုံစိုက်ခြင်းနှင့် ကောင်းသော အတွေး၊မှတ်ဉာဏ်များကို တွေးခြင်း တို့ကို ပေါင်းစပ်ထားပါတယ်။

ထို့ပြင် သဘာဝရဲ့ သံစဉ်များဖြစ်တဲ့ ရေတံခွန်ရေကျသံ၊ ပင်လယ်ရေလှိုင်းအသံ စသည်တို့၏ record အသံများကို လေ့ကျင့်ခန်းလုပ်နေစဉ် နားထောင်နိုင်ပါတယ်။ ထိုအသံများက သင့်ကို တည်ငြိမ်ခြင်း၊ လုံခြုံခြင်း၊ အေးချမ်းခြင်းများကို ခံစားရစေနိုင်ပါတယ်။ ထို့ပြင် yoga, tai chi, Qigong စသည်တို့ကို ကျန်းမာရေးစင်တာများတွင် စမ်း၍ ပြုလုပ်ကြည့်နိုင်ပါတယ်။

ဆရာဝန် အတော်များများက ထိုကုထုံးများကို စိတ်ဖိစီးမှုကို ကုသခြင်းနှင့် ကင်ဆာ ကုထုံးများကို လွန်စွာ အထောက်အကူပြုခြင်းတို့ကြောင့် ထောက်ခံကြပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသားတွေမှာ ရင်သားကင်ဆာ ဖြစ်တတ်သလား

ရင်သားရှိသူတိုင်း ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ရှိတာမို့ ရှားပါးပေမဲ့ အမျိုးသားတွေလည်း ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်တွေမှာ စတင်ပြီး ဖြစ်ပွားတဲ့ကင်ဆာကို သားဥအိမ်ကင်ဆာလို့ ခေါ်ပါတယ်။သားဥအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံကြီးများသို့ ဆေးလိပ်နဲ့ အရက်ယူဆောင်လာခွင့်မပြုပါ။ ခိုးဝှက်ပြီးလည်း မယူလာရပါ။ အောက်ဆီဂျင်ပိုက်လိုင်းများရှိသည့်အတွက် အလွယ်တကူမီးလောင်နိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဖြစ်နိုင်ခြေများတဲ့ ရင်သားကင်ဆာ အန္တရာယ်ကနေ ကာကွယ်ဖို့ ဘာတွေကို စားသောက်သင့်လဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကင်ဆာရောဂါများ, ရင်သားကင်ဆာ အောက်တိုဘာ 15, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ညဘက်ရောက်တိုင်း ကြောက်စိတ် ဝင်တာ ဘာကြောင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 3 mins read
အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read
စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 22, 2020 . 2 mins read