backup og meta

သွေးကြောပိတ်လေဖြတ်ခြင်းအကြောင်း

အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ အဆိုအရ နှစ်စဉ်နှစ်တိုင်း လူ ၈သိန်းနီးပါးဟာ လေဖြတ်ခြင်းဒဏ် ခံစားရပြီး လေးပုံသုံးပုံခန့်ဟာ ပထမဆုံးအကြိမ် ဖြစ်ပွားတာတာလို့ သိရပါတယ်။ သွေးကြောပိတ်လို့ဖြစ်တဲ့ လေဖြတ်ခြင်းကတော့ အားလုံးရဲ့ ၈၅%ခန့် ရှိပါတယ်။ ဦးနှောက်ကိုသွားတဲ့ သွေးကြောအတွင်း သွေးခဲကြောင့် ပိတ်ဆို့တာဖြစ်ပြီး ဦးနှောက်ဟာ သွေးရရှိတာ နည်းသွားပါတယ်။ သန်းပေါင်းများစွာသော လူသားတို့ဟာ ဒီလေဖြတ်ခြင်း အမျိုးအစားကို အကြောင်းအမျိုးမျိုးကြောင့် ခံစားရပါတယ်။

သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။

၁။ သွေးခဲပိတ်၍ လေဖြတ်ခြင်း

သွေးခဲဟာ ဦးနှောက်ပြင်ပ အထူးသဖြင့် နှလုံးထဲမှာ ဖြစ်ပေါ်ပြီး သွေးစီးကြောင်းနဲ့အတူ ဦးနှောက်ထဲ ရောက်လာပါတယ်။ ဥိးနှောက်ဟာ လူတယောက်ရဲ့ တနေ့တာစွမ်းအင်ရဲ့ ၂၀%ကို အသုံးပြုပါတယ်။ ဒါကြောင့် အလွန်သေးငယ်တဲ့ သွေးကြောကလေးတွေဟာ ဦးနှောက်ထဲမှာ ရှိပါတယ်။ သွေးခဲဟာ ဦးနှောက်ထဲ

ရောက်သွားတဲ့အခါ သေးငယ်တဲ့ သွေးကြောလေးတွေကို ပိတ်သွားစေပြီး လေဖြတ်စေပါတယ်။ ဒီလေဖြတ်ခြင်းဟာ သွေးခဲ၍လေဖြတ်ခြင်းနောက်မှာ ဖြစ်တတ်ပါတယ်။ ဒီလေဖြတ်ခြင်းမျိုးဟာ ရုတ်တရက်ဖြစ်ခြင်းကြောင့် ကုသဖို့ အချိန်ရတာနည်းပါတယ်။

၂။ ဒီလေဖြတ်ခြင်းမျိုးမှာတော

သွေးခဲဟာ ဦးနှောက်ထဲက သွေးကြောထဲမှာပဲ ဖြစ်ပေါ်ပါတယ်။ ကိုလက်စထရော မြင့်တဲ့အခါ၊ triglyceride ဓါတ်များတဲ့အခါ လေဖြတ်တတ်ပြီး ဇီဝဖြစ်ပျက်မှုချို့ယွင်းတဲ့အခါ ပေါ်လာတဲ့ လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။ ဦးနှောက်သွေးကြောအတွင်းမှာ အဆီဓါတ်တွေ တဖြည်းဖြည်းစုလာပြီး သွေးကြောကို ကျဉ်းလာစေပါတယ်။ နောက်ပိုင်းမှာ အနည်အနှစ်တွေ ုပုံလာရာကနေ အတားအဆီးဖြစ်သွားပြီး သွေးလည်ပတ်မှုကို ရပ်တန့်သွားစေနိုင်ပါတယ်။

သွေးကြောပိတ်၍ လေဖြတ်ခြင်းတွေမှာ အောက်ပါအကြောင်းတွေ ပါဝင်ပါတယ်။

  • အသက်အရွယ်ကြီးလာ၍ သွေးလွှတ်ကြောကျဉ်းလာခြင်း
  • ဆေးလိပ်၊ အရက်သောက်ခြင်း
  • သွေးတိုးခြင်း
  • အဝလွန်ခြင်း
  • ကိုလက်စထရောများခြင်း
  • triglyceride များခြင်း
  • နှလုံးခါခြင်း (နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ သွေးခဲတွေကို ဖြစ်ပေါ်စေတတ်ပါတယ်)

သွေးကြောပိတ်၍ လေဖြတ်ခြင်းမှာ အောက်ပါလက္ခဏာတွေ ပေါ်ပေါက်နိုင်ပါတယ်။

  • စကားပြောမပီသခြင်း
  • နားလည်နိုင်ရန်ခက်ခဲခြင်း
  • ကိုယ်ခန္ဓါတဖက်ခြမ်း အထူးသဖြင့် လက်နှင့်ခြေထောက် အားနည်းခြင်း
  • အမြင်အာရုံပုံပျက်ခြင်း
  • ထိုးအန်ခြင်း
  • မတ်မတ်ရပ်နိုင်ရန် ခက်ခဲခြင်း
  • လမ်းလျှောက်ရန်ခက်ခဲခြင်း
  • သတိလစ်ခြင်း စတာတွေ ဖြစ်ပါတယ်။

အထက်ပါလက္ခဏာတွေ တွေ့ကြုံရရင် လေဖြတ်နိုင်ပါတယ်။ အဲဒီအခါ လူနာတင်ယာဉ် မြန်နိုင်သလောက် မြန်မြန်ခေါ်ရပါမယ်။ လေဖြတ်ခြင်းအများစုကို CT Scan၊ MRI စတာတွေနဲ့ ရောဂါရှာဖွေပါတယ်။ သွေးကြောပိတ်လို့ ဖြစ်တာဆိုရင် သွေးခဲပျော်ပြီး သွေးပြန်လည်စီးဆင်းမှုကို ဖြစ်ပေါ်စေတဲ့ ဆေးထိုးပေးပါတယ်။ နောက်ပိုင်းမှာ ကျဉ်းနေတဲ့သွေးကြောကို ဖွင့်ဖို့ ခွဲစိတ်ကုသမှု လုပ်ဆောင်သင့်ပါတယ်။ အခြေအနေပေါ် မူတည်ပြီး ဘယ်ကုသမှု အစီအစဉ်တွေဟာ အကျိုးအရှိဆုံး ဖြစ်မယ်ဆိုတာ အကြံပြုပါလိမ့်မယ်။

သွေးကြောပိတ်လေဖြတ်ခြင်းဟာ အသက်ကြီးလာရင် ဖြစ်နိုင်ခြေများပေမယ့် နေထိုင်မှုပုံစံ ပြောင်းလဲပြီး ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။ သင့်မှာသွေးတိုးရှိရင် ကိုလက်စထရောများရင် စောစီးစွာကုသသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးသင့်ပါတယ်။ သွေးကြောနဲ့ပတ်သက်တဲ့ ပြသနာတခုခုရှိရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး သွေးခဲ၍ လေဖြတ်ခြင်းကနေ ကာကွယ်နိုင်အောင် လုပ်ဆောင်ရပါမယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Stroke. http://www.mayoclinic.org/diseases-conditions/stroke/home/ovc-20117264 Assessed September 9, 2016

2. Ischemic Stroke. http://www.stroke.org/understand-stroke/what-stroke/ischemic-stroke Assessed September 9, 2016

3. Stroke – Causes. http://www.nhs.uk/Conditions/Stroke/Pages/Whosatriskpage.aspx Assessed September 9, 2016

4. Ischemic stroke, http://www.strokecenter.org/patients/about-stroke/ischemic-stroke/ , Accessed September 14 th , 2016

5. Impact of Stroke, http://www.strokeassociation.org/STROKEORG/AboutStroke/Impact-of-Stroke-Stroke-statistics_UCM_310728_Article.jsp#.V9j8JhB97R0 , Accessed September 14 th , 2016

ယခုပုံစံ

12/05/2020

Dr. Thant Zin မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement