Winchester syndrome (ဝင်ချက်စတာ စင်ဒရုန်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

ဝင်ချက်စတာ စင်ဒရုန်း ဆိုတာဘာလဲ။

ဝင်ချက်စတာ စင်ဒရုန်းဆိုတာ အလွန်ရှားပါးတဲ့ တွယ်ဆက်တစ်ရှုးရောဂါတစ်မျိုးပါ။ အင်ဇိုင်းအချို့ ချို့ယွင်းခြင်း သို့မဟုတ် မပါရှိမှုတို့ကြောင့် ဆဲလ်နဲ့ တစ်ရှုးတို့မှာ မော်လီကျူများစုပုံလာကာ ပိုသေးတဲ့ယူနစ်တွေအဖြစ် ဖြိုခွဲခံလိုက်ရသော မျူကိုပေါ်လီဆက်ခရိုက်ဒိုးဆစ်ခေါ် ရောဂါဖြင့် ဆက်စပ်နေမယ်လို့ သိပ္ပံပညာရှင်များက ယုံကြည်ကြပါတယ်။

ထိုရောဂါမှာ အရပ်ပုခြင်း၊ အဆစ်ရောင်ခြင်း၊ အရေပြားအောက်တွင်အဖုများရှိခြင်း၊ မျက်နှာပုံထူးခြားခြင်းနှင့် သွား၊မျက်လုံးပြဿနာများ ပါဝင်ပါတယ်။

ဝင်ချက်စတာ စင်ဒရုန်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

၁၉၆၉ခုနှစ်မှာ စတင်ဖော်ပြခဲ့ပြီး ဆေးပညာစာတမ်းတွေမှာ ၁၂ယောက်လောက်သာ တွေ့ရှိရပါသေးတယ်။ မက်စီကန်၊ အိန္ဒိယ၊ ပေါ်တိုရီကန်နဲ့ အီရန်မျိုးနွယ်မှ ဆင်းသက်လာသူများ ပါဝင်ပါတယ်။ ရောဂါမတွေ့ရှိသေးသူတွေ၊ ရောဂါမှားယွင်းအတည်ပြုမိသူများလည်း ရှိနိုင်ပါသေးတယ်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

ဝင်ချက်စတာ စင်ဒရုန်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

ဝင်ချက်စတာ စင်ဒရုန်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။

  • အရပ်ပုခြင်း၊ နှာခေါင်းပြားခြင်းလိုမျိုး ရုပ်ဆင်းသွင်ပြင်ထူးခြားခြင်း
  • အဆစ်များ အလွန်ရောင်ခြင်း၊ နာကျင်ခြင်း
  • အဆစ်တော်တော်များများတောင့်တင်းခြင်း
  • အထူးသဖြင့် လက်နဲ့ခြေထောက်ရိုးတို့ တဖြည်းဖြည်း ပျက်စီးခြင်း
  • အတွင်းတိမ်ဖြစ်မှုဖြင့် တွေ့ရှိနိုင်သော မျက်လုံးပြဿနာများ
  • နားပိုးခဏခဏဝင်ခြင်း
  • သွားဖုံးပုံမှန်မဟုတ်ဘဲကြီးခြင်း၊ လျာကြီးခြင်း၊ သွားနေရာများမမှန်ခြင်း၊ သာမန်ထက်သွားအရေအတွက်များခြင်း
  • အရေပြားထူခြင်း၊ အမွှေးအရမ်းများခြင်း

ကလေးအသက်ကြီးလာတာနဲ့အမျှ ကယ်စီယမ်ပမာဏနည်းလာပြီး အရွယ်ရောက်လာပါက ကယ်စီယမ်းနည်းနေတဲ့အတွက်ကြောင့် ဟော်မုန်းမူမမှန်ခြင်းတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက ဝင်ချက်စတာ စင်ဒရုန်း ဖြစ်ပွားစေသလဲ။

ရောဂါအကြောင်းအရင်းကို ရှာမတွေ့သေးပါဘူး။ ဒါပေမယ့်လည်း မျိုးရိုးဗီဇအချို့ ချို့ယွင်းမှုကြောင့် ဖြစ်လာရတာလို့ ယုံကြည်ရပါတယ်။ ထိုမျိုးရိုးဗီဇတွေက အင်ဇိုင်းထုတ်လုပ်မှုအတွက်အရေးကြီးပါတယ်။ ယင်းအင်ဇိုင်းတွေက အဆီတွေ၊ သကြားတွေကို ပိုသေးတဲ့ ယူနစ်လေးတွေအဖြစ် ဖြိုခွဲပေးပြီး ခန္ဓါကိုယ်က စုပ်ယူနိုင်အောင် ပြုလုပ်ပေးပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက ဝင်ချက်စတာ စင်ဒရုန်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

ဝင်ချက်စတာ စင်ဒရုန်းဟာ ငုတ်လျိုးမျိုးရိုးဗီဇအမျိုးအစားဖြစ်ပါတယ်။ အမျိုးအချင်းချင်းပြန်ယူမိရင် ရလာမယ့်ကလေးတွေမှာ ဝင်ချက်စတာ စင်ဒရုန်းဖြစ်နိုင်ပါတယ်။ နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

ဝင်ချက်စတာ စင်ဒရုန်း ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

ဝင်ချက်စတာ စင်ဒရုန်းကို အဖြေရှာအတည်ပြုဖို့အတွက် ဦးစားပေးပြုလုပ်ရမယ့်အရာတွေ သတ်မှတ်ထားပါတယ်။ ယင်းတို့မှာ အရိုးဓါတ်မှန်ရိုက်ပြီး ထူးခြားမှုများရှာဖွေခြင်းနှင့် အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲမှ အနည်းဆုံး၂ခုပါရမှာဖြစ်ပါတယ်။

အရပ်ပုခြင်း၊ အဆစ်များဆွဲကျုံ့ခြင်း၊ အတွင်းတိမ်ဖြစ်ခြင်း၊ မျက်နှာသွင်ပြင်ထူးခြားခြင်း၊ အရေပြားတွင် အမဲကွက်များပေါ်ခြင်း၊ အရေပြားအကွက်တွေပေါ်မှာ အမွှေးများပေါက်ခြင်း

ဝင်ချက်စတာ စင်ဒရုန်းကို ဘယ်လိုကုသလဲ။

ဝင်ချက်စတာ စင်ဒရုန်းရဲ့ ကုသမှုက ရောဂါသက်သာစေဖို့နဲ့ ကူညီထောက်ပံ့ပေးဖို့ ရည်ညွှန်းပါတယ်။ အရောင်ကျဆေး၊ ကြွက်သားပြေလျော့ဆေးနှင့် ပဋိဇီဝဆေးတို့ကို အသုံးပြုမှာပါ။ နားပိုးဝင်ခြင်းက ခဏခဏဖြစ်မယ်၊ ဆိုးရွားမယ်ဆိုရင် ပြွန်ထည့်ဖို့ စဉ်းစားရပါမယ်။

ခြေလက်တွေထိခိုက်မှု နည်းပါးအောင် ဗဟိဒ္ဓကုထုံးကို ပြုလုပ်ခိုင်းပါတယ်။ လှုပ်ရှားမှုအထောက်အကူပြုကိရိယာတွေ လိုအပ်နိုင်ပါတယ်။ အဆစ်ကျုံ့ဆွဲမှုတွေနည်းပါးအောင် အရိုးပိုင်းဆိုင်ရာကုသမှုတွေ ပြုလုပ်ရပါမယ်။ လူနာနဲ့ လူနာမိသားစုဝင်တွေအတွက် မျိုးရိုးဗိဇအကြံပေးတိုင်ပင်မှုတွေက အကျိုးပြုနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဝင်ချက်စတာ စင်ဒရုန်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    Manaca

    အသုံးပြုပုံများManaca ကို ဘာအတွက်အသုံးပြုကြသလဲ အသုံးပြုပုံများ Manaca ကို ဘယ်နေရာတွင် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Kaung Thar

    Infliximab (အင်ဖလစ်စီမဘ်)

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Thant Zin

    Extra Deep Heat

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Ye Mhan Linn

    Enbrel

    ဆေးပညာအချက်အလက်များကို %%sitename%% တွင်ရှာဖွေနိုင်ပြီး၊ %%title%% , ၏ ဆေးညွှန်းများ၊ ဘေးထွက်ဆိုးကျိုးများနှင့်သတိပေးချက်များရှာဖွေနိုင်ပါသည်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr.Thant Zin

    သင့်အတွက် ရွေးချယ်ထားသည်

    သလဲသီးဖျော်ရည်မှ ရရှိနိုင်သော ကျန်းမာရေးအကျိုး ၁၁ မျိုး

    သလဲသီးဖျော်ရည်မှ ရရှိနိုင်သော ကျန်းမာရေးအကျိုး ၁၁ မျိုး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 14, 2020 . 2 mins read
    အရပ် ပုတာ အားနည်းချက် လား

    အရပ် ပုတာ အားနည်းချက် လား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 mins read

    နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ် ဆိုတော့…..ပုတာ အပြစ်လား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 17, 2019 . 2 mins read
    နနွင်း

    နနွင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
    ရေးသားသူ Dr. Ye Mhan Linn
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2018 . 5 mins read