Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) ကဘာလဲ။

Gynaecomastia ဆိုတာ ပုံမှန်မဟုတ်ဘဲ ရင်သားကြီးထွားခြင်းဖြစ်ပါသည်။ estrogen နှင့် testosterone ဟော်မုန်းတွေ ကမောက်ကမ ဖြစ်ရာကနေ ရင်သား တစ်ရှူးတွေကြီးထွားမှုတွေ ဖြစ်တာပါ။ ပုံမှန်အားဖြင့် ၎င်းဟာရောဂါမဟုတ်ပါဘူး၊ အပြင်ပန်းလှပမှုဆိုင်ရာ ပြသနာတစ်ခုသာဖြစ်ပါသည်။

Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီကျန်းမာရေး အခြေအနေဟာ လူ့အဖွဲ့ ၃ ဖွဲ့မှာ အဖြစ်များပါတယ်။

  • မွေးကင်းစ ကလေးငယ်ယောင်္ကျားလေးများ
  • အသက် ၁၂ မှ ၁၆ နှစ်ကြား ကောင်လေးများ
  • အဖိုးအိုများ

ကလေးငယ် ယောင်္ကျားလေးများတွင် ပျိုဖော်ဝင်ပြီး ၆ ပတ်ကနေ ၃ နှစ်အထိ ရင်သားက ပုံမှန်ဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Gynecomastia ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • အမျိုးသားများတွင် ရင်သားများ ပုံမှန်ထက် ကြီးထွားနေခြင်း
  • နို့သီးခေါင်းအောက်ဘက် လက်ဖြင့်စမ်းကြည့်လျှင်သိနိုင်တဲ့ မာပြီးရောင်နေသော တစ်ရှူးရှိခြင်း
  • ရင်သား အနည်းငယ် ကိုက်ခဲခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ အောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။

  • ရင်သားရောင်ခြင်း
  • ရင်သားတစ်ဖက် သို့ နှစ်ဖက်လုံးတွင် နာခြင်း;
  • နို့သီးခေါင်းမှ အရည်ထွက်ခြင်း

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အမျိုးသားတွေမှာ ဖြစ်တဲ့ gynaecomastia ဟာ လူပျိုဖော်ဝင်ချိန်မှာ ဟော်မုန်းပြောင်းလဲရာက အဖြစ်များပါတယ်။ ဒီအခြေအနေဟာ မွေးကင်းစ ကလေးငယ် ယောင်္ကျားကလေးများတွင်သာမက အဖိုးအိုတွေမှာလဲ ဖြစ်တတ်ပါတယ်။

တချို့သော ကုသမှုတွေ၊ဆေးဝါးတွေ နှင့် ကာယဗလအတွက် ကြွက်သားကြီးဆေး အချို့ကြောင့်လဲ gynecomastia ဖြစ်စေပါတယ် အဘယ်ကြောင့်ဆိုသော် soya မှာ estrogen ဟော်မုန်းအများအပြားပါဝင်ပါတယ်။

ဒါ့အပြင် ရင်သားကင်ဆာ၊ နို့အုံအကျိတ်၊ မွေးရာပါချို့ယွင်းချက်၊ အသည်း သို့ ကျောက်ကပ်ရောဂါ ကဲ့သို့ကြောင့်လည်း ရှားရှားပါးပါး ဖြစ်တတ်ပါတယ်။

Risk factors

Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

gynaecomastia ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက် – ပျိုဖော်ဝင်စ ယောင်္ကျားလေးများ သို့ အဖိုးအိုများတွင် ဖြစ်တတ်ပါသည်။
  • အားကစားလုပ်ရမှာ anabolic steroids သို့ androgen ဟော်မုန်းတွေသုံးခြင်း

အသည်း သို့ ကျောက်ကပ်၊ thyroid ရောဂါ၊ ဟော်မုန်းရောဂါ နှင့် Klinefelter syndrome တို့ကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်တွေက ရင်ဘတ်နှင့် ရင်သားကို စမ်းသပ်ခြင်းဖြင့် ရောဂါအဖြေရှာလို့ရပါတယ်။ ဟော်မုန်းအဆင့်နှင့် တခြားအရာတွေရျာနိုင်ဖို့ သွေးစစ်ကြည့်နိုင်ပါတယ်။ တခါတရံ ဆရာဝန်တွေက mammography နှင့် ရင်သားကို ultrasound ရိုက်ကြည့်ခြင်းဖြင့် အကျိတ်ရှိမရှိ စမ်းသပ်နိုင်ပါတယ်။

Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) ကို ဘယ်လိုကုသပါသလဲ

အသက် ၁၂ နှစ်မှ ၁၆နှစ် ကောင်လေးတွေနဲံ ကလေးငယ်တွေမှာ အသက်ကြီးလာလျှင် သူ့ဘာသာ ပျောက်သွားနိုင်တာကြောင့် ကုသမှု မလိုအပ်ပါ။ တခြားကူသမှုတွေကတော့

  • ရင်သားရောင်နေရင်ရေခဲကပ်ခြင်း နှင့်အကိုက်အခဲပျောက်ဆေးတွေ သုံးလို့ရပါတယ်။
  • Stimulant တွေမသုံးပါနဲ့
  • အားကစားလုပ်ရာမှာ ဆေးတွေ မသုံးပါနဲ့။ သုံးနေလျှင်လဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဟော်မုန်းရောဂါတွေ အတွက်ကတော့ ဟော်မုန်းတည်ငြိမ်စေဖို့နဲ့ ရင်သားတစ်ရှူးတွေကို ပုံမှန်ဖြစ်စေအောင် ထောက်ပံ့ပေးတဲ့ ဆေးဝါးတွေရှိပါတယ်။ မသက်သာခဲ့လျှင် ဆရာဝန်တွေက တစ်ရှူးအပိုတွေဖြတ်ဖို့ ညွှန်ပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Gynecomastia (ပုံမှန်မဟုတ်သော ရင်သားကြီးထွားခြင်း) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Gynecomastia ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
• အရက်လျှော့သောက်ပါ။
• သင်နေ့စဉ် အစားအစာထဲမှာ soya ကထုတ်ထားတဲ့ အစားအစာတွေ မပါပါစေနဲ့
• ဟော်မုန်း estrogen လို ဆေးတွေမသုံးပါနဲ့
• ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးသောက်ပါ။ ညွှန်ကြားချက်မပါပဲ ဆေးသောက်တာ သို့ ဆေးရပ်လိုက်တာ တို့ မလုပ်ပါနဲ့
သင့်ကျန်းမာရေးအခြေအနေနှင့် လက္ခဏာတွေကိုထိန်းချုပ်မှုရှိအောင် ရက်ချိန်းမှန်မှန် သွားရောက်စစ်ဆေးစမ်းသပ်ပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အဖြူဆင်းတယ်ဆိုတာ အမျိုးသမီးတိုင်းလိုလို မကြာခဏ ဖြစ်တတ်ကြတဲ့ အရာပါ။ အဖြူ ဘာကြောင့်ဆင်းရတာလဲ၊ အဖြူဆင်းတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ပဋိဇီဝပိုးတွေကို ဘယ်လိုသုတ်သင်နိုင်သလဲ။

ပဋီဇီဝပိုးတွေကို  သုတ်သင်နိုင်တဲ့ နည်းလမ်းတွေက ကူးစက်ရောဂါတွေကို ကုသတဲ့နေရာ၊ ကာကွယ်တဲ့နေရာမှာ သိပ်ကို အရေးပါတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

မိန်းမကိုယ်က ပန်းတစ်ပွင့်လို မွှေးကြိုင်နေစရာ လိုလို့လား။ မိန်းမကိုယ်မှာ သဘာဝ အနံ့ရှိပါတယ်။ ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့အတွက် ဘာ Product မှ မလိုအပ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အသက်ရှင်သန်ဖို့ ကျောက်ကပ် တစ်လုံးတည်းက လုံလောက်ရဲ့လား

ကျောက်ကပ်ဟာ ခန္ဓာကိုယ်တွင်းက အရည် ၂၀၀ လီတာလောက်မှာ ပါဝင်တဲ့ အညစ်အကြေးတွေကို နေ့စဉ်စစ်ထုတ်ပေးနေတဲ့ ကိုယ်တွင်း အင်္ဂါတစ်ခုဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ကျုပ်သားက ဂေးနေတယ်

ကျုပ်သားက ဂေးနေတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပေါင်းခတဲ့ မယ်ဇလီအကြောင်း သိပ္ပံနည်းကျ သိကောင်းစရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 1 min read
အသည်းတစ်ခြမ်းနဲ့ လူသား

အသည်းတစ်ခြမ်းနဲ့ လူသား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read