အမြင်မကြည် ရသည့် အကြောင်းတရားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
Share now

ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ကြည်ကြည်လင်လင် ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခြင်းမရှိတာကို အမြင်မကြည် ဘူး၊ မြင်ကွင်းတွေဝေဝါးနေတယ်လို့ ဆိုတတ်ကြတယ်မဟုတ်လား။

လူတိုင်း အမြင်ဝေဝါးတာမျိုးကို ကြုံရတတ်ပါတယ်။ ယျေဘုယျအားဖြင့် အမြင်အာရုံဝေဝါးတာ၊ အမြင်မကြည် တာဟာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာမျိုး မဟုတ်ပါဘူး။ အမြင်အာရုံစွမ်းဆောင်ရည် ကျဆင်းလာတာ၊ မျက်မှန် မျက်ကပ်မှန်စတာတွေ အပြောင်းအလဲပြုလုပ်ဖို့လိုတာတွေကြောင့် အဖြစ်များပါတယ်။

ဒါပေမယ့် အမြဲတမ်း ဒီပြဿနာတွေကြောင့်ချည်း အမြင်အာရုံဝေဝါးနေတတ်တယ်လို့တော့  သတ်မှတ်လို့မရပါဘူး။ တခြားသော အကြောင်းအရင်းတွေကြောင့်လည်း မြင်ကွင်းဝေဝါးတာ၊ အမြင်မကြည်တာမျိုးတွေ ကြုံရတတ်ပါသေးတယ်။ တခါတရံမှာ ဆိုးရွားတဲ့ မျက်စိကျန်းမာရေးပြဿနာတွေကြောင့် အမြင်ဝေဝါးနေတာဖြစ်နေနိုင်တာကြောင့်ပါ။

အမြင်မကြည် တာ ဒီပြဿနာတွေကြောင့်လား

အမြင်အာရုံ ဝေဝါးနေတာ သာမန် နေပူထဲ ထွက်ရင်း နေထိုးလို့ဖြစ်နိုင်သလို မျက်လုံးကျန်းမာရေး ပြဿနာတစ်စုံတစ်ရာ ရှိနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အဆိုရှိကြပါတယ်။ အမြင်မကြည်တာကို အမြဲတမ်းကြီးတော့ ပေါ့လျော့မေ့ထားလို့ မဖြစ်နိုင်တဲ့ သဘောပေါ့။

သတိပေးချက်တွေအရဆိုရင် အောက်ပါ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်တွေမှာလည်း အမြင်အာရုံ ဝေဝါးနေတတ်တယ်လို့ ဆိုထားပါတယ်။ ဒါတွေကတော့

  • မျက်လုံးစမ်းသပ်ဖို့ လိုအပ်နေတာ – Nearsightedness (myopia), farsightedness (hyperopia) နဲ့ astigmatism တို့ဟာ အလင်းယိုင်ခြင်းကြောင့်ဖြစ်လာတဲ့ မျက်စိကျန်းမာရေးပြဿနာတွေပါ။ ဒီကျန်းမာရေးပြဿနာတွေကြောင့် အမြင်အာရုံဝေဝါးတာမျိုးဖြစ်တတ်တာမို့ မျက်လုံးကျန်းမာရေးကို စစ်ဆေးကြည့်သင့်ပါတယ်။
  • စာကြည့်မျက်မှန် လိုအပ်နေတာ – Presbyopia က အာရုံစူးစိုက်ပြီး ကြည့်ရခက်တဲ့ ဝေဒနာတစ်မျိုးဖြစ်ပြီးတော့ အသက် ၄၀ ကျော်တွေမှာ အဖြစ်များပါတယ်။ စာဖတ်ရတာ၊ ရုပ်မြင်သံကြားကြည့်ရတာတွေမှာ အခက်အခဲရှိနေတတ်တာမို့ စာကြည့်မျက်မှန် လိုအပ်နေတဲ့ လက္ခဏာလို့လည်း ဆိုနိုင်ပါတယ်။
  • မျက်လုံးနီရဲနေတာ – အဖျားဝေဒနာ၊ အအေးမိ၊ တုပ်ကွေး၊ လည်ချောင်းနာတာတွေကြောင့် မျက်စိတွေ နီမြန်းနေရင်လည်း အမြင်မကြည် ဖြစ်တတ်ပါတယ်။
  • မျက်ကပ်မှန် မချွတ်ပဲ အိပ်မိလို့ – တစ်ခါတစ်လေမှာ အိပ်ယာဝင်ခါနီးမှာ မေ့လျော့ပြီး မျက်ကပ်မှန်မချွတ်မိတာမျိုး ဖြစ်တတ်ကြပါတယ်။ ဒီအချက်ကလည်း နောက်တစ်နေ့မှာ အမြင်အာရုံဝေဝါးခြင်း ဖြစ်စေပါလိမ့်မယ်။
  • မျက်လုံး ကူးစက်ပိုးဝင်တာ – Herpes keratitis လိုမျိုး မျက်ကပ်မှန်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတစ်မျိုးမျိုး ကူးစက်ခံထားရရင်လည်း အမြင်မကြည် တာ ဖြစ်တတ်ပါတယ်။
  • မျက်လုံးတိမ်စွဲနေလို့ – မျက်စိမှာ ပုံမှန်တိမ်စွဲတာ ဒါမှမဟုတ် ရေတိမ်စွဲတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာဖြစ်ပြီးတော့ သက်ကြီးရွယ်အိုတွေမှာ အဖြစ်ပိုများပါတယ်။ မျက်လုံးတိမ်စွဲရင် အမြင်အာရုံ မကြည်လင်တာတွေ ကြုံရမှာပါ။
  • Age-related Macular Degeneration (AMD) – အသက်အရွယ်ကြီးရင့်လာချိန်မှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ ပုံရိပ်ရဲ့ အလယ်ပိုင်းကို သေချာမမြင်ရတော့တဲ့ ပြဿနာဖြစ်ပါတယ်။
  • သွေးတိုး၊ ဆီးချို စတာတွေ ရှိနေတာ – သွေးတိုး နဲ့ ဆီးချိုဝေဒနာ ရှိနေသူတွေလည်း မကြာခန အမြင်အာရုံဝေဝါးတာတွေမျိုး ကြုံရတတ်ပါတယ်။ အထူးသဖြင့် နေပူထဲကို သွားချိန်တွေ၊ သွေးတွင်းသကြားဓာတ်မြင့်နေချိန်၊ သွေးတိုးနေချိန်၊ ဆီးချိုတက်နေချိန်တွေမှာ ကြုံရနိုင်ပါတယ်။
  • Ocular migraine – Ocular migraine ဆိုတာက အမြင်အာရုံနဲ့ဆက်နွယ်နေတဲ့ ခေါင်းတစ်ခြမ်းကိုက်ရောဂါပါ။ ဒီရောဂါရှိနေရင်လဲ အမြင်မကြည် တာမျိုးတွေ ဖြစ်လေ့ရှိပါတယ်။
  • ဦးခေါင်းထိခိုက်မိခြင်း –  မတော်တဆ ဦးခေါင်းထိခိုက်မိပြီး သတိလစ်တာမျိုး ကြုံခဲ့ရမယ်ဆိုရင်လည်း ပြန်လည်နိုးထလာချိန် ဒါမှမဟုတ် သတိလစ်ခါနီးအခြေအနေတွေမှာ အမြင်အာရုံဝေဝါးတာမျိုး ကြုံရမှာပါ။
  • စိတ်ဖိစီးနေတာ ဒါမှမဟုတ် ပူပင်သောကများနေတာ – စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်မျိုးမျိုးကို ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရရင်လဲ အမြင်ဝေဝါးတတ်ပါသေးတယ်။ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာ၊ သောကများပြီး ရတက်မအေးဖြစ်နေတာတွေကြောင့်ပေါ့။
  • Uveitis – မျက်လုံးအလယ်က သွေးကြောတွေစုဝေးရာ Uvea အလွှာရောင်ရမ်းတာကို Uveitis လို့ ခေါ်ပါတယ်။ ဒီပြဿနာကြောင့် မြင်ကွင်းမရှင်းတာတွေ ဖြစ်လာမှာပါ။
  • Dry eye syndrome – မျက်ရည်ခမ်းခြောက်တဲ့ ပြဿနာကို မကြာခန ရင်ဆိုင်ရသူတွေဟာလည်း အမြင်အာရုံ မကြည်မလင်ဖြစ်တတ်ပါသေးတယ်။

အမြင်မကြည်တာ၊ အမြင်ဝေဝါးတာဟာ ဘယ်လောက်ပဲ သာမန်ကျန်းမာရေးပြဿနာလို့ပြောပြော ဂရုမစိုက်ရင် စနစ်တကျ ကုသမှုမပြုလုပ်ရင်တော့ ရေရှည်မှာ ဆိုးကျိုးတွေ ဖြစ်လာနိုင်စေနိုင်တာမို့ သတိထားဖို့တော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် မျက်လုံးဟာ လူ့ခန္ဓာကိုယ်မှာ အရေးပါလှတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေတာကြောင့်ပါပဲ။

အမြင်အကြည်တာက ရုတ်တရက်ဆိုရင် သာမန်ပြဿနာလေးလို့ ထင်ရစရာရှိပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ အမြင်အာရုံဝေဝါးတာမျိုး မကြာခနကြုံနေရတယ်ဆိုရင် အမြန်ဆုံး မျက်စိစစ်ဆေးမှုပြုလုပ်ဖို့ တိုက်တွန်းပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White blood cell disorders) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျောင်းနေအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

ကျောင်းနေအရွယ် ကလေးတစ်ယောက် ကလျင်လျင်မြန်မြန် ကြီးထွားဖွံ့ဖြိုးလာသလို တိုးတက်မှု ဖြစ်စဉ်ကလည်း အခြား အသက်အပိုင်းအခြားတွေနဲ့ မတူပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျောင်းနေအရွယ် ဖေ‌ဖော်ဝါရီ 3, 2021 . 3 mins read

အမြင်အာရုံ မှာ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သတိထားပါ။

အမြင်အာရုံ နဲ့ ပတ်သက်ပြီး ဘာလက္ခဏာတွေ ခံစားရနိုင်သလဲ။ ဘာရောဂါတွေ ဖြစ်နိုင်သလဲ။ ဘယ်လိုအခြေအနေမျိုးဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
Uncategorized ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းက မျိုးဗီဇ မှားယွင်းတာ (သို့မဟုတ်) သန္ဓေ​ပြောင်းတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

နေပူထဲ အချိန်အကြာကြီးရပ်နေမိလို့ Eye Sunburn မဖြစ်ရလေအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။

မျက်ရည်ယို ဓာတ်ငွေ့ ဒဏ်ကနေ ဒီလို ကာကွယ်ကြတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြုံတွေ့ရနိုင်မယ့် ပြောင်းလဲမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

မျက်ရည်ယိုဗုံး ထိခဲ့ရင် အမြန်သက်သာစေမယ့် နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read