ဘဝအခြေအနေ – ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကြုံကြိုက်တဲ့အခါမျိုးမှာလည်း စိတ်ဓာတ်ကျနိုင်ပါတယ်။ အလုပ်ပြုတ်တာ၊ ငွေကြေးပြဿနာရှိနေတာ၊ ချစ်ခင်ရသူတစ်ဦးဦးကို ဆုံးရှုံးတာတွေကြောင့်လည်း စိတ်ဓာတ်ကျနိုင်ပါတယ်။

ဟော်မုန်းအပြောင်းအလဲ – ကိုယ်ဝန်ဆောင်နေရချိန်၊ ကိုယ်ဝန် စရှိချိန်၊ သွေးဆုံးခါနီးအချိန်တွေမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် စိတ်ဓာတ်ကျနိုင်ပါတယ်။

နာမကျန်းဖြစ်နေတာဖျားနာနေရင်တောင် စိတ်ဓာတ်ကျတတ်သေးတာလေ။ နာတာရှည်ရောဂါတစ်ခုခုကို ခံစားနေရသူတစ်ယောက်အဖိုပ စိတ်ဓာတ်ကျမှုကို ခံစားရမယ်ဆိုတာ ထွေထွေထူးထူးတောင်ပြောနေစရာမလိုအောင်ပါ။

အရက်သောက်တာ – အရက်သောက်တာ။ မူးယစ်ဆေးဝါး အသုံးပြုတာတွေကြောင့်လည်း စိတ်ဓာတ်ကျနိုင်ပါတယ်။