မျက်ကြည်လွှာတွင် ဓါတ်မတည့်မှုဖြစ်ခြင်း
ဒါကတော့ မျက်ကြည်လွှာ က ဝတ်မှုန်တွေ၊ တိရစ္ဆာန်တွေအမွေးမှာပါလာတဲ့ dander တွေ၊ မှိုတွေနဲ့ အခြားသော ဓါတ်မတည့်တာကိုဖြစ်စေတဲ့ အရာတွေကြောင့် ရောင်ယမ်းလာတဲ့အခါမှာ ဖြစ်တတ်တာပါ။
မျက်ကြည်လွှာ (conjunctiva) ဆိုတာဟာ ကြည်လင်တဲ့ မျက်ခွံတစ်လျှောက်က မျက်လုံးရဲ့အဖြူသားတွေကို ဖုံးအုပ်ထားတဲ့ တစ်သျှူးအလွှာလေးကို ခေါ်တာပါ။
အကြောင်းရင်းများ
တကယ်လို့များ သင့်မျက်လုံးက ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မိတဲ့အခါ ခန္ဓါကိယ်က histamine လို့ခေါ်တဲ့အရာကို ထုတ်ပေးပါတယ။် မျက်ကြည်လွှာထဲက သွေးကြောလေးတွေဟာ ရောင်ယမ်းလာပြီး မျက်လုံးတွေ နီရဲ ယားယံလာကာ မျက်ရည်တွေ လျင်မြန်စွာ ကျဆင်းလာနိုင်ပါတယ်။
ပန်းဝတ်မှုန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေဟာတစ်ယောက်နဲ့တစ်ယောက်တူလေ့မရှိသလို တစ်နေရာနဲ့ တစ်နေရာလည်း မတူပါဘူး။ သေးငယ်ပြီး မျက်စိနဲ့မမြင်နိုင်တဲ့ ဝတ်မှုန်တွေဟာ မြက်တွေ၊သစ်ပင်တွေနဲ့ ragweed တွေမှာရှိတတ်ပြီး hay fever ကိုဖြစ်စေပါတယ်။
သင့်ရဲ့လက္ခဏာတွေက ဝတ်မှုန်တွေလေထဲမှာများနေလေလေပိုဆိုးလေလေပါပဲ။ ဝတ်မှုန်တွေဟာ ပူပြင်းခြောက်သွေ့ပြီးလေတိုက်တဲ့နေ့တွေမှာ ပိုပြီးတွေ့ရပါတယ်။ အေးမြစိုစွတ်ပြီးမိုးရွာတဲ့နေ့တွေမှာတော့ ဝတ်မှုန်တွေဟာ မြေကြီးပေါ်မှာပဲ ပြန့်ကြဲနေပါတယ်။
ဓါတ်မတည့်မှုတွေဟာ မိသားစုတွေမှာလည်းဖြစ်လေ့ရှိပါတယ်။ လူဘယ်နှစ်ယောက်က ဓါတ်မတည့်မှုတွေဖြစ်နေသလဲဆိုတာ ပြောဖို့ခက်ခဲပါတယ်။ အခြေအနေအများစုကတော့ ဓါတ်မတည့်တာမဟုတ်ပေမယ့်လည်း ဓါတ်မတည့်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေဆဲပါပဲ။
လက္ခဏာများ
လက္ခဏတွေကတော့ ရာသီလိုက်ဖြစ်တတ်ပြီး ဒါတွေပါဝင်နိုင်ပါတယ်။
ပူစပ်ယားယံနေတဲ့မျက်လုံးများ
မို့အစ်နေတဲ့မျက်ခွံများ ။ အထူးသဖြင့် နံနက်ခင်းပိုင်းတွင်
နီရဲနေတဲ့မျက်လုံးများ
Stringy eye discharge
မျက်ရည်ကျခြင်း
မျက်ကြည်လွှာမှ သွေးကြောများ ကျယ်လာခြင်း
ဆရာဝန်နဲ့ ဘယ်အချိန်ပြရမလဲ။
တကယ်လို့ မျက်ကြည်လွှာမှာ ဓါတ်မတည့်မှုဖြစ်နေတဲ့ လက္ခဏာမျိုးပြပြီး ကိုယ့်ကိုကိုယ်ဂရုစိုက်တဲ့နည်းလမ်းအဆင့်တွေလုပ်ပေမယ့်လည်း မတိုးတက်လာရင် ဒါမှမဟုတ် OTC ဆေးတွေနဲ့လည်း မသက်သာဘူးဆိုရင် ဆေးပညာကျွမ်းကျင်သူကိုခေါ်ပါ။
စစ်ဆေးမှုများ
ကျွမ်းကျင်သူကအောက်ပါအချက်တွေကို စစ်ဆေးနိုင်ပါတယ်။
Eosinophilsလို့ခေါ်တဲ့ သွေးဖြူဥဆဲလ်အချို့
မျက်ခွံအတွင်းမှာ ပေါက်တဲ့ သေးငယ်ဖောင်းကြွနေတဲ့ ဖုလေးတွေ (papillary conjunctivitis)
သံသယရှိတဲ့ ဓါတ်မတည့်မှုဖြစ်စေတဲ့ အရာကိုသေချာစေဖို့ skin test
ကုသခြင်း
အကောင်းဆုံးကုသနည်းကတော့ သင့်ရဲ့ဓါတ်မတည့်မှုကိုဖြစ်စေတဲ့အရာတွေကို တတ်နိုင်သလောက်ရှောင်ဖို့ပါပဲ။ အဖြစ်များစေတဲ့အရာတွေကတော့ ဖုန်၊ မှိုနဲ့ ဝတ်မှုန်တွေပါ။
လက္ခဏာတွေသက်သာစေဖို့ သင်လုပ်လို့ရတဲ့နည်းလမ်းအချို့ရှိပါတယ်။
ချောမွေ့စေတဲ့ မျက်စဉ်းခပ်ပါ။
မျက်လုံးမှာ ရေခဲဝတ်ကပ်ပါ။
OTC antihistamines သောက်ဆေးတွေ သောက်ပါ။ ဒီဆေးတွေက သက်သာစေပေမယ့် တစ်ခါတလေ မျက်လုံးကိုခြောက်သွေ့စေပါတယ်။
အိမ်မှာပြုစုခြင်းက မသက်သာစေဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ဒီကုထုံးတွေနဲ့ ကုသသင့်ပါပြီ။
Anihistamine သို့မဟုတ် Ani-inflammatory drop
အပျော့စား စတီးရွိုက်မျက်စဉ်းတွေဟာ ပိုမိုပြင်းထန်တဲ့အခြေအနေတွေမှာ အသုံးပြုလို့ရပါတယ်။ mast cells လို့ခေါ်တဲ့ သွေးဖြူဥဆဲလ်က histamineတွေ ထုတ်ပေးခြင်းကို ကာကွယ်ဖို့ မျက်စဉ်းကို သုံးလို့ရပါတယ်။
ဒီမျက်စဉ်းတွေကို antihistamines တွေနဲ့ တွဲသုံးလို့ရပါတယ်။ ဒီဆေးတွေကို ဓါတ်မတည့်စေတဲ့အရာတွေနဲ့ မထိတွေ့ခင် သုံးစွဲမယ်ဆိုရင်တော့ အကောင်းဆုံးရလဒ်ကို ရစေမှာပါ။
ကုသမှုခံယူလိုက်တာနဲ့ လက္ခဏာတွေက ကောင်းသွားမှာပါ။ ဒါပေမဲ့ သင်က ဓါတ်မတည့်တဲ့အရာတွေနဲ့ ထိတွေ့မြဲဖြစ်နေမယ်ဆိုရင်တော့ သူတို့လည်း အသုံးမဝင်လှပါဘူး။
ဖြစ်နိုင်ချေရှိတဲ့နောက်ဆက်တွဲ ပြဿနာများ
ဒီလိုပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေတော့ မရှိပါဘူး။
သွေးကြောဓါတ်မတည့်ခြင်း (Allergic vasculitis)
ဒါကတော့ ဆေးတွေ၊ ပိုးဝင်တာတွေ ဒါမှမဟုတ် ပြင်ပအရာတစ်ခုခုဝင်လာတာတွေကြောင့် ဖြစ်တဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုပါ။ သူကတော့ ရောင်ယမ်းခြင်းတွေနဲ့ အရည်ပြားရဲ့ သွေးကြောတွေပျက်စီးခြင်းကို ဖြစ်စေပါတယ်။
အကြောင်းရင်းများ။
သူကတော့ ဆေး၊ ပိုးဝင်တာ ဒါမှမဟုတ် အခြားအရာဝတ္ထုတစ်ခုခုနဲ့ ဓါတ်မတည့်တာကြောင့်ဖြစ်ရတာပါ။ အသက် ၁၅နှစ်အထက် လူတွေမှာ တွေ့ရများပါတယ်။
တစ်ခါတလေမှာလည်း သေချာစစ်ဆေးပေမယ့် အကြောင်းရင်းကို လုံးဝရှာမတွေ့တာလည်း ဖြစ်နိုင်ပါတယ်။
Allergic vasuclitis ဟာခန္ဓါကိုယ်ပတ်လည်မှာရှိတဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့ necrotizing vasculitis နဲ့ဆင်တူပါတယ။်
လက္ခဏာများ
အရည်ပြားပေါ်မှာ ခရမ်းရောင်ရှိတဲ့ အစက်အပြောက်တွေနဲ့ အကွက်တွေထလာတာ
ခြေထောက်တွေ၊ တင်ပါးတွေမှာရှိတဲ့ အရည်ပြားတွေ နာလာတာ။
ရည်ကြည်ဖုထွက်တာ
၂၄နာရီထက်ပိုကြာတဲ့ အင်ပြင်ဖြစ်တာ (urticarial)
ဆဲလ်သေတွေနဲ့ open sores ဖြစ်နေတာ (necrotic ulcers)
ဘယ်အချိန်မှာ ဆရာဝန်နဲ့ဆက်သွယ်ရမလဲ။
အထက်ဖော်ပြပါ လက္ခဏာတွေပြလာရင် ဆရာဝန်နဲ့ဆက်သွယ်ပါ။
စမ်းသပ်စစ်ဆေးမှုများ
ဆရာဝန်ကတော့ လက္ခဏာတွေပေါ်နဲ့ ဆေးသောက်ပြီးတဲ့နောက် သင့်အရည်ပြားအခြေအနေဘယ်လိုရှိတယ်ဆိုတာတွေ ဒါမှမဟုတ် foreign substance (antigen) တွေနဲ့ထိတွေ့တာ စတာတွေကိုကြည့်ပြီး အမျိုးအစားခွဲမှာပါ။
ESR စစ်ဆေးမှုရလဒ်တွေက မြင့်ကောင်းမြင့်နေနိုင်ပါတယ်။ အရည်ပြား ဓါတ်ခွဲစစ်ဆေးမှုက သွေးကြောငယ်လေးတွေ ရောင်ယမ်းနေတာကို ပြသပါလိမ့်မယ်။ ဒီအခြေအနေကို ဆက်ပြီး သိရှိနိုင်ဖို့ အခြားစစ်ဆေးမှုတွေ လုပ်ရမှာပါ။
ကုသခြင်း
ကုသမှုရဲ့ ပန်းတိုင်ကတော့ ရောင်ယမ်းခြင်းကို လျော့ကျစေဖို့ပါ။
သင့်ရဲ့ကျန်းမာရေးအကြံပေးက aspirin (သွေးကြဲဆေး), စတီးရွိုက်မပါဝင်တဲ့ ရောင်ယမ်းခြင်းကျစေတဲ့ဆေးတွေ (NSAIDs) သို့မဟုတ် corticosteroids တွေကို အရောင်ကျစေဖို့ ညွှန်ကြားပါလိမ့်မယ်။ (ဆရာဝန်မညွှန်ကြားဘဲနဲ့ ကလေးတွေကို aspirin လုံးဝလုံးဝမပေးပါနဲ့)
ဆရာဝန်က သင့်ကို ဒီအခြေအနေဖြစ်စေတဲ့အကြောင်းရင်းဖြစ်နိုင်တဲ့ ဆေးသောက်တာကို ရပ်ဖို့ ပြောနိုင်ပါလိမ့်မယ်။ ဆရာဝန်နဲ့ မပြောဆို မတိုင်ပင်ရသေးဘဲ ဘယ်ဆေးကိုမှ မရပ်တန့်လိုက်ပါနဲ့။
Allergic vasculitis တွေဟာ တစ်ခါတလေ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားတတ်ပါတယ်။ အချို့သူတွေမှာတော့ ပြန်ပြန်ဖြစ်တတ်ပါတယ်။
Vasculitis ဖြစ်နေတဲ့သူတွေဟာ necrotizing vasculitis အတွက်လည်း စစ်ဆေးသင့်ပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ နောက်ဆက်တွဲပြဿနာများ
သွေးကြောတွေ ဒါမှမဟုတ် အရည်ပြားတွေ ကြာရှည်ပျက်စီးခြင်းဟာ အမာရွတ်တွေ ထင်ကျန်စေပါလိမ့်မယ်။
သွေးကြောရောင်ယမ်းတာကလည်း အတွင်းအင်္ဂါတွေကိုထိခိုက်စေနိုင်ပါတယ်။
ကာကွယ်ခြင်း
အရင်တုန်းက ဓါတ်မတည့်တာမျိုးဖြစ်ခဲ့ဖူးတဲ့ဆေးတွေကို မသုံးစွဲပါနဲ့။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။