ထိခိုက်ဒဏ်ရာရခြင်း
ခွဲစိတ်မှုများ
စိတ်ဖိစီးမှုပြင်းထန်ခြင်း
လေဖြတ်ခြင်း
ဆီးချိုကြောင့် ကီတုန်းအက်စစ်ဓါတ်များများလာခြင်း
နှလုံးသေဆုံးခြင်း
အဆုတ်သွေးခဲပိတ်ခြင်း
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Thyroid storm (ိသိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Thyroid storm (ိသိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
သိုင်းရွိုက်ဟော်မှန်းလွန်ကဲခြင်းဖြစ်နေသောသူများတွင် သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းလက္ခဏာများခံစားရပါက အရေးပေါ်အခန်းသို့တတ်သင့်သည်။ သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းရောဂါဟုသံသယရှိသူဟုထင်ပါက ၉၁၁ သို့ချက်ချင်းခေါ်ပါ။ ထိုသို့ဖြစ်နေသူတွင် နှလုံးခုန်နှုန်းမြန်ခြင်း သွေးပေါင်ချိန်တတ်ခြင်းတို့ဖြစ်နိုင်သည်။
ဆရာဝန်မှ သိုင်းရွိုက်ဟောမှန်းအားသွေးထဲမှစမ်းသက်လိမ့်မည်။ သိုင်းရွိုက် ကိုလှုံဆော်သောဟော်မှန်း (တီအက်အိပ်) ပမာဏသည် သိုင်းရွိုက်ဟော်မှန်းလွန်ကဲသူနှင့် သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းတွင်နည်းနေတတ်သည။်
အမေရိကန်မှ ဆေးပညာဆိုင်ရာဓါတုပညာ(အေအေစီစီ) က သိုင်းရွိုက်အားလှုံဆော်သော်ဟော်မှန်း သည် ဝ.၄ မှ ၄ mIU/L ရှိသည်ဟုဆိုသည်။ တီတရီး နှင့် တီဖိုးဟော်မှန်းများသည် သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းတွင် မြင့်နေတတ်သည်။
Thyroid storm (ိသိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်း) ကို ဘယ်လိုကုသပါသလဲ
သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းသည် ရုတ်တရက်ထဖြစ်ပြီး ခန္ဓါကိုယ်စနစ်များကိုထိခိုက်စေသည်။ ကသမှုများကို ချက်ချင်းစသင့်သည်-ဓါတ်ခွဲခန်းမရခင်ထဲကစသင့်သည်။ သိုင်းရွိုက်အားဆန့်ကျင်သောဆေးများ ဥပမာ ပရိုပိုင်းတိုင်ရိုယူရာဆေး (ပီတီယူ)သို့မဟုတ် မီတီမဇော (တာပါဇော)က သိုင်းရွိုက်ဟော်မှန်းကိုလျော့ချပေးနိုင်သည်။
သိုင်းရွိုက်ဟော်မှန်းလွန်ကဲခြင်းကိုဆက်ကုသရန်လိုတတ်သည်။ ထိုသို့ဖြစ်ပါက ရေဒီယိုသတ္ထုကြွအိုင်အိုဒင်းဖြင့်ကုသသည်။ ရေဒီယိုသတ္ထုကြွသည် သိုင်းရွိုက်အားဖျက်ဆီးခြင်းလုပ်ပေးသည်။ သို့မဟုတ်ပါက သိုင်းရွိုက်လုပ်ဆောင်မှုအားနည်းအောင်လုပ်သောဆေးများလည်းသောက်နိုင်သည်။ ကိုယ်ဝန်ဆောင်မိန်းမများတွင် သိုင်းရွိုက်ဟော်မှန်းလွန်ကဲခြင်းအား ရေဒီယိုသတ္ထုကြွအိုင်အိုဒင်း အားမကုသပေ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ရှိကလေးအားထိခိုက်နိုင်သည်။ ထိုကိစ္စများတွင် ခွဲစိတ်၍သိုင်းရွိုက်အားထုတ်သင့်သည်။
အကယ်၍သိုင်းရွိုက်ဆေးသောက်နေပါက အိုင်အိုဒင်းသောက်ခြင်းကိုရှောင်သင့်သည်။ သင့် သိုင်းရွိုက်အား ရေဒီယိုသတ္ထုကြွဖြင့်ဖျက်စီးပြီးပါက သို့မဟုတ် ခွဲစိတ်ပြီးထုတ်ထားပါက ဖော်စပ်ထားသော သိုင်းရွိုက်ဟော်မှန်းအား တသက်လုံးသောက်ရန်လိုအပ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
သိုင်းရွိုက်ဟော်မှန်းအဆိပ်သင့်ခြင်းအားကာကွယ်နိုင်သောအကောင်းဆုံးနည်းလမ်းမှာ သိုင်းရွိုက်အားကျန်းမာစေအောင်ထားခြင်းဖြစ်သည်။ ဆေးအားကောင်းမွန်စွာကုသပါ။ ဆရာဝန်ရက်ချိန်းတိုင်းပြသပြီး သွေးစစ်ခြင်းမှာလိုအပ်သလိုလုပ်သင့်သည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။