နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ ဆိုတာကို မျှဝေပေးလိုက်ပါတယ်။
ထမင်းအတူစားနေရင်း ကိုယ့်မိသားစုဝင်တစ်ယောက်ယောက် ရုတ်တရက်အစာနင်ပြီးအသက်ရှူကျပ်နေရင် ဘာလုပ်ပေးရမလဲ။ရော့ရော့ရေသောက်လိုက် ဆိုပြီးရေခွက်ပဲထိုးပေးနေမှာလား။ကျောကနေပဲ တဖတ်ဖတ်ရိုက်ပေးမှာလား။ ရုတ်တရက်အခြေအနေမှာ ဒါမျိုးတွေပဲ လုပ်ပေးမိတာများပါတယ်။
ဒါမှမဟုတ် ကလေးတစ်ယောက်ပါးစပ်ထဲဆော့စရာတွေထည့်ရင်းနင်နေတယ်။ အသက်ရှူတွေကျပ်ပြီး ပြာနှမ်းလာတယ်ဆိုပါစို့။ ဘာလုပ်ပေးမှာလဲ။ ပတ်ဝန်းကျင်ကို ပြေးခေါ်မှာလား။ ဆေးရုံဆေးခန်းကိုအမြန်သွားမှာလား။
နင်ပြီး အသက်ရှူကျပ်နေတဲ့သူကို ဘယ်လိုကယ်တင်ရမလဲ ဆိုတော့ Choking ဖြစ်တယ်ဆိုတာကတော့ အသက်ရှူလမ်းကြောင်းအတွင်း အရာဝတ္ထုတစ်ခုခု တစ်ဆို့နေခြင်းဖြစ်ပါတယ်။ အစာလည်းဖြစ်နိုင်သလို တခြားအရာဝတ္ထုလည်းဖြစ်နိုင်ပါတယ်။ အစာနင်တာက လူကြီးတွေမှာအဖြစ်များပြီး ပါးစပ်ထဲတွေ့ကရာကောက်ထည့်တတ်တဲ့ ကလေးတွေမှာတော့ အရာဝတ္ထုသေးသေးလေးတွေတစ်နေတတ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့နေရင် ဦးနှောက်ကိုအောက်ဆီဂျင်ပို့လွှတ်မှုပြတ်တောက်နိုင်တဲ့အတွက် အမြန်ဆုံးအရေးပေါ်ကယ်နိုင်မှ အန္တရာယ်ကင်းနိုင်မှာပါ။ ဒီအချိန်မှာ တခြားလူတွေကိုပဲစောင့်နေရရင် ဆေးရုံဆေးခန်းသွားဖို့လုပ်နေရမယ်ဆိုရင်တော့ အသက်သေဆုံးတဲ့အထိဖြစ်သွားနိုင်ပါတယ်။
ဒီလိုဖြစ်နေပြီဆို အသက်ရှူမရတော့ဘဲ အသံလည်းမထွက်နိုင်တော့တဲ့အတွက် အကူအညီလှမ်းတောင်းနိုင်မှာမဟုတ်ပါဘူး။ ဘေးကနေ သူ့ရဲ့လက္ခဏာကိုပဲ သတိထားမိမှဖြစ်မှာပါ။ အသက်ရှူကျပ်နေသူဟာ –
တကယ်လို့ သူကချောင်းဆိုးထုတ်လို့ရနိုင်သေးတဲ့အခြေအနေဆိုရင် ဆက်တိုက်ချောင်းဆိုးရင်း တစ်နေတဲ့အစာကိုပြန်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် သူကအရေးပေါ်အခြေအနေ အသက်ရှူကျပ်နေပြီဆိုရင်တော့ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ရှေးဦးသူနာပြုစုနည်းနှစ်နည်းကို သုံးရပါမယ်။
အသက်ရှူကျပ်နေသူရဲ့အနောက်နားမှာရပ်ပါ။ သူ့ရဲ့ရင်ဘတ်ရှေ့မှာ လက်တစ်ဖက်နဲ့ထိန်းပေးထားပြီး သူ့ရဲ့ခန္ဓာကိုယ်ကို အရှေ့ဘက်ကိုင်းချပါ။ ပြီးမှ သူ့ရဲ့လက်ပြင်နှစ်ခုကြားကျောပြင်ကို နောက်လက်တစ်ဖက်ရဲ့ လက်ဖနောင့်နဲ့ ခပ်ဆတ်ဆတ် (၅) ချက်ရိုက်ပေးပါ။
Heimlich maneuver လို့ခေါ်တဲ့ အရေးပေါ်အသက်ကယ်နည်းကို သုံးပါ။ ဒီနည်းက အရေးပေါ်အတွက် ပိုမြန်ဆန်ထိရောက်တယ်လို့ ဆိုကြပါတယ်။
အရေးကြီးတဲ့ အချက်က ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် တစ်နေတာ ထွက်မလာရင် အတင်းအားမထုတ်ပါနဲ့။ ဆေးရုံကို အမြန်သွားပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။