အူထဲက များပြားလွန်းတဲ့ ဘက်တီးရီးယားတွေကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ။
အဓိကကတော့ အပြင်က ဘယ်လောက်စားနေနေ အူက သူ့အလုပ်ဖြစ်တဲ့ အာဟာရစုပ်ယူတဲ့ အလုပ်ကို မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် တဖြည်းဖြည်း အာဟာရချို့တဲ့ လာပါတော့တယ်။
- ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီဓာတ် စုပ်ယူမှု နည်းလာတာ
နဂိုအစာတွေကို ခြေဖျက်ပေးနေတဲ့ သည်းခြေရည်တွေကို ဘက်တီးရီးယားတွေက ဖျက်ဆီးလိုက်တဲ့အတွက် အစာကောင်းကောင်း မခြေနိုင်တော့ပါဘူး။ ဒါကြောင့် စုပ်ယူလို့ ရတဲ့ ပုံစံဖြစ်မလာတော့ပါဘူး။ ဒါ့ပြင် ဘက်တီးရီးယားတွေက အူနံရံတွေကို ထိခိုက်စေတဲ့အတွက် အာဟာရစုပ်ယူမှု လျော့နည်းသွားပါတယ်။
ဒါ့ပြင် ဘက်တီးရီးယားတွေက လူစားလိုက်တဲ့ အစားအစာတွေကို သူတို့ အသက်ရှင်ဖို့ အသုံးချပစ်ပါတယ်။ ဘက်တီးရီးယားတွေက အစာတွေကို ခြေဖျက်ပစ်ပြီး ထွက်လာတဲ့ ဘေးထွက်ပစ္စည်းတွေက ဝမ်းလျှောစေပါတယ်။ ဒီအချက်တွေကြောင့် လူမှာ ဝမ်းလျှောတာ၊ အာဟာရချို့တဲ့တာ၊ ပိန်သွားတာ စတာတွေ ခံစားရပါတယ်။
အဆီတွေကို ကောင်းကောင်း မခြေဖျက်ရတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတာတွေပါ ချို့တဲ့လာပါတယ်။ ဒါ့ပြင် ဘက်တီးရီးယားတွေက သူတို့တွေ ကောင်းကောင်းပွားနိုင်ဖို့ ဗီတာမင် B12ကို ယူသုံးပါတယ်။ ဒါကြောင့် ဗီတာမင် B12ပါ ချို့တဲ့လာပြီး အာရုံကြောတွေ ထိခိုက်တာကြောင့် ထုံတာ၊ ကျဉ်တာ၊ ကြွက်သားတွေ အားနည်းတာ၊ နုံးတာ၊ နောက်ဆုံး သတိမကောင်းတော့တာအထိ ဖြစ်လာပါတယ်။
အချိန်ကြာလာတာနဲ့အမျှ အူက ကယ်လ်ဆီယမ်စုပ်ယူမှု အားနည်းလာတာကြောင့် အရိုးတွေပွလာတတ်ပါတယ်။
ကယ်လ်ဆီယမ် စုပ်ယူမှု အားနည်းတာကြောင့်ပဲ ကြာလာရင် ဆီးကျောက်တည်တဲ့အဆင့်ပါ ရောက်သွားနိုင်ပါတယ်။
SIBOကို ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ။
အရင်ဆုံးတော့ ဆရာဝန်က သင်ခံစားရတဲ့ ရောဂါရာဇဝင်ကို မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်မှာပါ။ ပြီးမှ လိုအပ်တာတွေ ဆက်ပြီး စစ်ဆေးမှာပါ။ စစ်လေ့ရှိတာတွေကတော့
သကြားရည်ကို သောက်ခိုင်းပြီး အသက်ရှူထုတ်တဲ့ထဲမှာ ဟိုက်ဒရိုဂျင် ဒါမှမဟုတ် မီသိန်း ဘယ်လောက်ပါလဲဆိုတာကို စစ်ဆေးတာပါ။ သကြားကို ဘက်တီးရီးယားက ဖြိုခွဲလိုက်တဲ့အခါ ဟိုက်ဒရိုဂျင်တွေ မီသိန်းတွေ အများကြီး ထွက်လာပါတယ်။
- အူသိမ်ထဲက အရည်ကို ထုတ်ယူစစ်ဆေးခြင်း
အကောင်းဆုံး စစ်ဆေးနည်းပါပဲ။ အူသိမ်ထဲကို မှန်ပြောင်းထည့်ပြီး အရည်ကိုယူ၊ ဓာတ်ခွဲခန်းမှာ ပိုးမွေးကြည့်တာပဲ ဖြစ်ပါတယ်။
ဒါတွေအပြင် အူပုံစံမမှန်လို့ SIBOခံစားရတာလားဆိုတာ သိနိုင်ဖို့ ဓာတ်မှန်၊ ကွန်ပျုတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် စတာတွေကို လိုအပ်ရင် စစ်ဆေးသွားမှာပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။