backup og meta

အသည်းရောင်(စီ)ပိုး ကို လိင်မှတဆင့် မကူးစက်အောင် ဘယ်လိုဆင်ခြင်နိုင်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင်(စီ)ပိုး ကို လိင်မှတဆင့် မကူးစက်အောင် ဘယ်လိုဆင်ခြင်နိုင်မလဲ

    အသည်းရောင်ရောဂါ(စီ)သည် အသည်းရောင်(စီ)ပိုးကြောင့်ဖြစ်သော ကူးစက်တတ်သည့် အသည်းရောဂါ ဖြစ်ပါသည်။ ဤရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ နည်းလမ်းမျိုးစုံဖြင့် ကူးစက်နိုင်ပါသည်။ ဥပမာ-အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။ အသည်းရောင် (စီ) ပိုးနှင့် လိင်ဆက်ဆံခြင်း ဆက်နွယ်မှုများကို အောက်တွင် ဆက်လက်ဖော်ပြထားပါသည်။ ဒီတစ်ခေါက်တော့ အသည်းရောင်(စီ)ပိုး ကို လိင်မှတဆင့် မကူးစက်အောင် ဘယ်လိုဆင်ခြင်နိုင်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီအကြောင်းကို မပြောခင် အရင်ဆုံး အသည်းရောင်(စီ)ပိုး ဘယ်လိုကူးစက်တတ်သလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။

    အသည်းရောင်(စီ)ပိုး ဘယ်လိုကူးသလဲ

    အသည်းရောင်ရောဂါ(စီ)သည် နာတာရှည်ရောဂါမဖြစ်ခင်အထိ လက္ခဏာပြလေ့မရှိပါ။ လူအများစုသည် အသည်းပျက်စီးနေပြီဟု မသိမချင်း နှစ်ပေါင်းများစွာကြာတဲ့အထိ ရောဂါပိုးရှိကြောင်းမသိပါ။ ထို့ကြောင့် ပုံမှန်ရောဂါစစ်ဆေးမှုများ ပြုလုပ်သင့်သည်။

    ကူးစက်နိုင်သောနည်းလမ်းများမှာ-

  • Heroin ကဲ့သို့ မူးယစ်ဆေးအလွဲသုံးစားပြုသူများတွင် ပိုးမသတ်ထားသော အပ်များသုံးခြင်း
  • မိခင်မှကလေးသို့ မီးဖွားစဉ်ကူးခြင်း
  • ရောဂါရှိသူသုံးထားသော အပ်နှင့်ထိခိုက်မိခြင်း
  • ရောဂါရှိသူထံမှ သင်တုန်းဓားနှင့် သွားတိုက်တံများယူသုံးခြင်း
  • ရှားပါးသော်လည်း လိင်မှတဆင့် ကူးစက်ခြင်း။
  • လိင်နှင့် အသည်းရောင်(စီ)ပိုး တို့ ဆက်စပ်မှု

    အောက်ပါတို့သည် လိင်မှတဆင့် အသည်းရောင်ရောဂါ(စီ) ကူးစက်နိုင်သူများဖြစ်သည်။

    • လိင်ဆက်ဆံဖော်များခြင်း
    • အခြားလိင်မှတစ်ဆင့် ကူးစက်သောရောဂါရှိခြင်း
    • ခုခံအားကျဆင်းမှုရောဂါရှိသူများ
    • အကာအကွယ်မဲ့ လိင်ဆက်ဆံသူများ။ ဥပမာ-ကွန်ဒုံးမသုံးခြင်း
    • အကာအကွယ်ပစ္စည်းများကို မှန်ကန်စွာအသုံးမပြုခြင်း

    အသည်းရောင်(စီ)ပိုးကို သုက်ရည်ထဲတွင် တွေ့နိုင်သော်လည်း အကူးစက်နိုင်ဆုံးမှာ သွေးမှတဆင့် ကူးစက်ခြင်းဖြစ်သည်။ အရေပြားတွင် ပေါက်ပြဲခြင်း၊ ရှခြင်းတို့မှလည်း ကူးနိုင်သည်။ အရေပြားချင်း ထိစပ်လိင်ဆက်ဆံနေစဉ် သွေးထွက်ပြီးတော့လည်း ကူးစက်နိုင်ပါသည်။

    ခုခံအားကျဆင်းမှုရောဂါနှင့် အသည်းရောင်ရောဂါ(စီ) တွဲ၍လည်း ဖြစ်နိုင်ပါသည်။ HIV ပိုးရှိနေသော မူးယစ်ဆေးအကြောသွင်းထိုးသူ ၅၀ မှ ၉၀ ရာခိုင်နှုန်းသည် အသည်းရောင်ရောဂါ(စီ)လည်း တွဲ၍ ရှိနေတတ်သည်။ အကြောင်းမှာ ရောဂါနှစ်ခုလုံးတွင် ဆေးထိုးအပ်မျှသုံးခြင်းနှင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းတို့ကဲ့သို့သောတူညီသော ဖြစ်ပွားစေသော အကြောင်းရင်းများ ရှိသောကြောင့် ဖြစ်ပါသည်။

    အသည်းရောင်(စီ)ပိုး ကို လိင်မှတဆင့် မကူးစက်အောင် ဘယ်လိုဆင်ခြင်နိုင်မလဲ

    အသည်းရောင်(စီ)ပိုး ကို လိင်မှတဆင့် မကူးစက်အောင် ဘယ်လိုဆင်ခြင်နိုင်မလဲ ! အသည်းရောင်(စီ)ပိုး အတွက် ကာကွယ်ဆေး ယခုထိမရှိသေးပါ။ သို့သော် ကာကွယ်နိုင်မည့်နည်းများ ရှိပါသည်။ ဥပမာ- အကြောထဲသို့ ဆေးသွင်းခြင်း၊ ဆေးထိုးအပ်မျှသုံးခြင်းတို့ကို ရှောင်ကြဉ်သင့်သည်။ အသုံးပြုမည့်ပစ္စည်းများကို ပိုးသတ်သင့်သည်။ တက်တူးထိုးခြင်း၊ အပ်စိုက်ခြင်းတို့အတွက် အပ်ကို မျှဝေမသုံးရ။ အပ်နှင့် ဆေးပစ္စည်းများကို ပိုးသတ်ပြီးမှ အသုံးပြုလျှင် စိတ်အချရဆုံးဖြစ်သည်။

    သင်သည် ရောဂါရှိသူနှင့် လိင်ဆက်ဆံလျှင် ကာကွယ်နိုင်သည့် နည်းလမ်းများစွာရှိသည်။ ၎င်းတို့မှာ

    • လိင်ဆက်ဆံတိုင်း(ပါးစပ်နှင့် ဆက်ဆံခြင်းအပါအဝင်) ကွန်ဒုံးသုံးပါ။
    • အကာအကွယ်ပစ္စည်းများ လိင်ဆက်ဆံနေစဉ် ပေါက်ပြဲခြင်းမရှိအောင် မှန်ကန်စွာသုံးပါ။
    • လိင်ဆက်ဆံဖော်၏ အင်္ဂါတွင်ထိခိုက်ရှနာရှိလျှင် ဆက်ဆံရန်ငြင်းဆိုပါ။
    • လိင်ဆက်ဆံဖော်ကို ရောဂါရှိ၊ မရှိ စစ်ဆေးခိုင်းပါ။ မိမိကိုယ်တိုင်လည်းစစ်ထားပါ။
    • တစ်လင်တစ်မယားစနစ် ကျင့်သုံးပါ။
    • လိင်ဆက်ဆံဖော်တိုင်းကို မိမိတွင်ရောဂါရှိ၊ မရှိကို ဖွင့်ဟပြောဆိုပါ။ (ကြိုတင်ကာကွယ်နိုင်ရန်)
    • ခုခံအားကျဆင်းမှုရောဂါရှိလျှင် အပိုကာကွယ်မှုများ ယူထားခြင်းတို့ ဖြစ်သည်။ (HIV ပိုးရှိလျှင် အသည်းရောင်(စီ) ပိုးကူးစက်နိုင်ချေ ပိုများသည်။)

    အသည်းရောင်ရောဂါ(စီ) antibody test (anti-HCV test) သည် လူ၏ ခန္ဓာကိုယ်ထဲတွင် ရောဂါပိုးကိုတိုက်သည့်ဓာတ် ရှိ၊ မရှိကို စမ်းသောအရာဖြစ်သည်။ အသည်းရောင် (စီ)ပိုး ရှိပါက လူ၏ခန္ဓာကိုယ်မှ ကိုယ်ခံအားစနစ် (antibody) သည် ထွက်၍တိုက်မည် ဖြစ်သည်။ ထို့ကြောင့် antibody အပေါင်းလက္ခဏာပြနေလျှင် ဆရာဝန်က လက်တလောရောဂါရှိ၊ မရှိကို သိရန် DNA or PCR နည်းဖြင့် ထပ်မံစစ်ကြည့်နိုင်ပါသည်။

    သင်သည် တစ်လင်တစ်မယားစနစ် မကျင့်သုံးပါက လိင်မှတဆင့်ကူးစက်သောရောဂါများကို ဆရာဝန်နှင့် စစ်ဆေးသင့်ပါသည်။ အသည်းရောင်(စီ)ပိုး အပါအဝင် အခြားပိုးများသည် ရက်သတ္တပတ်အတော်ကြာသည်အထိ လက္ခဏာများ မပြနိုင်သောကြောင့် မသိလိုက်ချိန်တွင် လိင်ဆက်ဆံဖော်ကို ရောဂါကူးစက်နိုင်သောကြောင့် သတိထားရမည်ဖြစ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Kaung Thar မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement