backup og meta

အသည်းရောင်ရောဂါဖြစ်နေသောမိသားစုဝင်ကိုဘယ်လိုအားပေးမလဲ


Dr. Kaung Thar မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင်ရောဂါဖြစ်နေသောမိသားစုဝင်ကိုဘယ်လိုအားပေးမလဲ

    အသည်းရောင်ရောဂါရှိသည့် မိသားစုဝင်သည် သူတို့ကိုယ်တိုင်သာမက မိသားစုဝင်တစ်ခုလုံးကိုပါ ကူးစက်နိုင်သည်။ ထို့ကြောင့် မိသားစုဝင်တို့ကို မည်သို့အားပေးရမည့်နည်းလမ်းကို မှန်ကန်စွာသိထားရမည်။ သို့မှာသာ မိသားစုဝင်အတွင်း နားလည်မှုရှိနိုင်မည်ဖြစ်သည်။

    သူတို့ပြောစကားကိုနားထောင်ပေးပါ။

    အသည်းရောင်ရောဂါဖြစ်နေသည့် မိသားစုဝင်တစ်ယောက်သည် သူတို့ခံစားသမျှကို နားလည်မည့်သူမရှိဟု ထင်နေတတ်သည်။ သူတို့ကိုအားပေးနိုင်မည့် အလွယ်ကူဆုံးနည်းလမ်းမှာ အနီးနားတွင်နေပေးခြင်းဖြစ်သည်။ သူတို့ကို အမြဲတမ်ဂရုစိုက်ပြီး နားထောင်လိုခြင်းကို ပြသရမည်။ ဤနည်းသည် သူတို့၏ ခက်ခဲသောနေ့ရက်ကိုကျော်ဖြတ်ရန် အားသစ်ရလိုက်ခြင်းဖြစ်သည်။

    ဆေး၏ဆိုးကျိုးများကိုကူညီဖြေရှင်းပေးပါ။

    အသည်းရောင်ရောဂါအတွက် ဆေးများတွင် ဆိုးကျိုးများစွာရှိပါသည်။ အတွေ့အများဆုံးမှာ နုံးခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို ကူညီပေးရန် ပိုခက်ခဲပါသည်။ သို့သော် ထိုဆိုးကျိုးများမှာ ယာယီသာဖြစ်ကာ ကုသမှုပြီးသည်နှင့် ပျောက်သွားမည်ဖြစ်သည်။ အကယ်၍ သင့်မိသားစုဝင်တွင် ဆေးကုနေစဉ် ခံစားရသည်များကိုမပြောဘဲ ဖုံးကွယ်ထားခြင်းသည် ပြဿနာဖြစ်စေနိုင်သည်။ ခံစားချက်များကို ပွင့်ပွင့်လင်းလင်းပြောရန် အားပေးရမည်။ သို့သော်သူတို့သည် လူမှုရေးမကောင်းပါက အများကြီးမမျှော်လင့်သင့်ပါ။ သင်နှင့်စကားပြောရန် အဆင်မပြေပါက အနီးနားရှိအကူအညီပေးသည့်အုပ်စုများနှင့် ချိတ်ဆက်၍အားပေးပါ။

    စိတ်ဓါတ်ကျနေပါကဆရာဝန်ကိုမေးမြန်းပါ။

    သင့်မိသားစုဝင်ဆေးကုသမှုယူနေစဉ်အတွင်း စိတ်ပိုင်းဆိုင်ရာအခြေအနေကိုသတိပြုမိရန် လိုပါသည်။ တစ်စုံတစ်ခုရှိခဲ့လျှင် ဆရာဝန်ကိုပြောပြပါ။ ဆရာဝန်မှ ရောဂါရှာဖွေ၍ သင့်တော်သောဆေးကုသမှု ပေးနိုင်ပါမည်။ ကုသမှုကို ထိရောက်ရန်အတွက်၂-၈ပတ်ထိ ကြာနိုင်သည်။ သင့်မိသားစုဝင်မှ အဖြေကိုမစောင့်နိုင်ပါလျှင် ဆေးဝါးများ စအလုပ်လုပ်နိုင်မည့်အချိန်ထိ ရောက်အောင်စောင့်ရန်အားပေးပါ (သို့) တိုးတက်မှုသိပ်မရှိဟုထင်လျှင် အခြားတစ်နည်းပြောင်းပေးရန် ဆရာဝန်နှင့်ဆွေးနွေးပါ။

    အစားအစာပြင်ဆင်ခြင်း

    သင်၏မိသားစုဝင်သည် အသည်းရောဂါကိုယ်တိုင် (သို့) ဆေးဝါးများကြောင့် အစာသိပ်မစားနိုင်ပါ။ အကယ်၍ သူ၏အလေးချိန်နှင့် ခွန်အားအတွက် လုံလောက်အောင်မစားနိုင်လျှင် ကျန်းမာရေးဆိုးရွားလာနိုင်သည်။ ထို့ကြောင့် နေ့စဉ်လိုအပ်သည့် ကယ်လိုရီအများစုအတွက် ကာဗွန်ဟိုက်ဒြိတ်ဓါတ်ပေးရန် လိုအပ်သည်။ သင့်မိသားစုဝင်မှ လွယ်ကူစွာချေဖျက်နိုင်သည့် အစာဖြစ်သည့် ပေါင်မုန့်ကင်နှင့် ပန်းသီးချဉ်ရေများ စားချင်သည့်အခါ ပေး၍စားပါ။ အစာစားချင်စိတ်ဖြစ်အောင် သူတို့ကြိုက်တာစားဖို့ အားပေးပါ။ အစာများလက်ထဲတွင် အဆင်သင့်ရှိနေအောင် စီမံထားပါ။

    သင့်မိသားစုဝင်ကို ဂရုစိုက်သည့်အပြင် မှန်ကန်သောနည်းလမ်းဖြင့် အားပေးရမည်ကို သိရမည်။ အထက်ပါအချက်များကေ ဆးကုသမှုခံနေစဉ်နှင့် ကုသမှုပြီးသည့်နောက်ေ နထိုင်၍ပိုကောင်းအောင်၊ မကောင်းသောခံစားချက်များ၊ အတွေးများတိုက်ထုတ်နိုင်အောင်နှင့် ကျန်းမာစွာနေထိုင်နိုင်ရန် ကူညီပေးပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement