backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

Peptic Ulcer (အစာအိမ် (သို့) အူသိမ်မှာ အနာဖြစ်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Kaung Thar မှ ရေးသားသည်။ · 25/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Peptic Ulcer (အစာအိမ် (သို့) အူသိမ်မှာ အနာဖြစ်ခြင်း )

Peptic Ulcer ဆိုတာ အစာအိမ်နဲ့ အူသိမ်မှာ အနာဖြစ်ခြင်းကို ခေါ်ပါတယ်။ ဒီအနာက အစာအိမ်နှင့် အူနံရံတွေ ပေါက်ရာမှ အောက်ဘက်တစ်ရှူးများ ပေါ်လာပြီးဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ အစာအိမ်အနာက အူအနာထက် ၄ ဆလောက် ပိုဖြစ်ပါတယ်။

Peptic Ulcer (အစာအိမ်( သို့) အူသိမ်မှာ အနာဖြစ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါက အဖြစ်များပါတယ်။ လူလတ်ပိုင်းနဲ့ အသက်ကြီးတဲ့ လူတွေမှာ ပိုဖြစ်နိုင်ပါတယ်။

Peptic Ulcer (အစာအိမ်( သို့) အူသိမ်မှာ အနာဖြစ်ခြင်း ) ရဲ့ လက္ခဏာတွေက ဘာတွေလဲ

Peptic ulcerရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာ တွေကတော့ ဗိုက်အောင့်တာ သို့ ပူသလို ခံစားရခြင်းပဲ ဖြစ်ပါတယ်။ ချက်နေရာနဲ့ ရင်ညွန့်တို့မှာ နာလေ့ရှိပါတယ်။

  • သင့်ရဲ့ အစာအိမ်ဟာ အစာမရှိတဲ့အခါ (အထူးသဖြင့် အစာလွန်တဲ့အခါနဲ့ ညဘက် အိပ်ချိန်တွေမှာ) နာကျင်ခြင်း
  • ဗိုက်အောင့်တာက အစာစားလိုက်လျှင် သို့ ပဋိဇီဝဆေးပေးလိုက်လျှင် သက်သာသွားခြင်း
  • ဗိုက်အောင့်တာက မိနစ်အနည်းငယ်မှ နာရီပေါင်းများစွာ ကြာနေခြင်း
  • ရက်ပိုင်း၊ ရက်သတ္တပတ်အတွင်းနဲ့ လပိုင်းအတွင်း ပေါ်လာလိုက် ပျောက်လိုက် ဖြစ်ခြင်း

တခြားအဖြစ်နည်းတဲ့ လက္ခဏာတွေကတော့

  • လေပွခြင်း
  • ရင်ပြည့်ခြင်း
  • အစာအိမ်တွင်း မအီမသာ ဖြစ်ခြင်း
  • အစားအသောက်ပျက်ခြင်း
  • ပျို့ခြင်း
  • ကိုယ်အလေးချိန်ကျခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

Peptic ulcer က မကုဘဲထားရင် ပိုဆိုးလာနိုင်ပါတယ်။ သင့်မှာ အောက်ပါအချက်တွေ ရှိနေလျှင် ဆရာဝန်နဲ့ ပြပါ။

ဒီလက္ခဏာတွေက peptic ulcerရဲ့ နောက်ဆက်တွဲပြဿနာတွေပဲ ဖြစ်ပါတယ်။

Peptic Ulcer (အစာအိမ် (သို့) အူသိမ်မှာ အနာဖြစ်ခြင်း )

Peptic Ulcer(အစာအိမ်( သို့) အူ ပထမဆုံးအပိုင်းမှာ အနာဖြစ်ခြင်း ) ကို ဘာတွေက ဖြစ်စေသလဲ

Peptic ulcerကို အများဆုံးဖြစ်စေနိုင်တဲ့အကြောင်းအရာများမှာ

  • အစာအိမ်တွင်း H.pylori ပိုးဝင်ခြင်း
  • aspirin သို့ steroid မပါတဲ့ အရောင်ကျဆေးများ (NSAID) ဖြစ်တဲ့ ibuprofen
  • Zollinger-Elllison Syndrome (အစာအိမ်အက်စစ်ဓာတ်ပိုထုတ်သောရောဂါ)

Peptic Ulcer(အစာအိမ်( သို့) အူသိမ်မှာ အနာဖြစ်ခြင်း ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

Peptic ulcerဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ဆေးလိပ်သောက်ခြင်း။ ။ ဆေးလိပ်သောက်တာဟာ H.pylori ပိုးရှိနေတဲ့ လူတွေမှာ peptic ulcerဖြစ်နိုင်ချေပိုများပါတယ်။
  • အရက်။ ။ အရက်က အစာအိမ်နံရံကို တိုက်စားခြင်း ဖြစ်စေပြီး အက်စစ်ထုတ်လုပ်မှုတိုးပွားစေပါတယ်။

Peptic Ulcer(အစာအိမ်( သို့) အူသိမ်မှာ အနာဖြစ်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

Peptic ulcerကို အဖြေရှာအတည်ပြုနိုင်ရန် ဆရာဝန်တွေက ကျန်းမာရေးဆိုင်ရာ မေးခွန်းလေးတွေနဲ့ လက်တွေ့စမ်းသပ်မှုတွေ လုပ်နိုင်ပါတယ်။ ဒါ့ပြင် ဆရာဝန်က အောက်ပါ စမ်းသပ်မှုတွေလည်း လုပ်နိုင်ပါတယ်။

  • သွေးစစ်ခြင်း ။ ။ သင့်မှာ သွေးအားနည်းရောဂါရှိမရှိစစ်ဆေးခြင်း
  • ဝမ်းစစ်ခြင်း ။ ။ ဝမ်းတွင်း သွေးပါမပါ စစ်ခြင်း။
  • EGD ။ ။ ဆရာဝန်က ကင်မရာပါတဲ့ ပြွန်ကို ပါးစပ်မှ ထည့်ပြီး အစာအိမ်နှင့် အူနံရံများအား ကြည့်ရှု စစ်ဆေးခြင်း။
  • Dudenum X ray ။ ။ အူကို ဓာတ်မှန်ရိုက်ကြည့်ခြင်း ဖြစ်ပါတယ်။

Peptic Ulcer(အစာအိမ်( သို့) အူသိမ်မှာ အနာဖြစ်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုရဲ့ ရည်ရွယ်ချက်ကတော့ အနာပျောက်ကင်းပြီး ပြန်မဖြစ်နိုင်အောင်နဲ့ နောက်ဆက်တွဲတွေ မဖြစ်အောင်ဘဲ ဖြစ်ပါတယ်။ လူနာတွေက ကုသပြီးနောက် ၂ ပတ်အတွင်း ပြန်သက်သာနိုင်ပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး အချိန်အနည်းငယ်ကွာခြားနိုင်ပါတယ်။

ကူသမှုက ဖြစ်စဉ်ပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ အစာအိမ် အက်စစ်လျှော့ချပေးတဲ့ ဆေးတွေဖြစ်တဲ့ antacid ၊ histamine receptor inhibitors H2 တွေဖြစ်တဲ့ ranitidine၊ famotidine သို့ တခြား proton pump inhibitors တွေဖြစ်တဲ့ omeprazole ဆေးတွေ ပေးနိုင်ပါတယ်။ Sulcralfate ကတော့ အနာကို ကျက်စေပါတယ်။ H.pylori ပိုးဝင်ခြင်းအတွက် တော့ ပဋိဇီဝဆေးတွေ၊ proton pump inhibitors သို့ bismuth တွေ သုံးနိုင်ပါတယ်။

Peptic Ulcer (အစာအိမ် (သို့) အူသိမ်မှာ အနာဖြစ်ခြင်း )

အကယ်၍ peptic ulcerကိုဖြစ်စေတာက steroid မပါတဲ့ အရောင်ကျဆေးတွေဖြစ်နေလျှင် ဆရာဝန်က အောက်ပါတို့ကို လုပ်ခိုင်းပါလိမ့်မယ်။

  • အသုံးပြုနေတာကို ရပ်ပြီး တခြားဆေးပြောင်းသုံးတာ
  • သုံးတဲ့ ပမာဏကို လျှော့တာ
  • Proton pump inhibitor သို့ histamine receptors inhibitors တွေ သုံးတာ စတဲ့ နည်းလမ်းတွေနဲ့ ပြောင်းလဲလို့ရပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက ရောဂါကို ကုသတဲ့နေရာမှာ အကူအညီပေးနိုင်ပါတယ်။

  • အနာကို ပိုဆိုးစေတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ အပူအစပ်တွေ၊ ကြေခဲတဲ့အစားအစာတွေ၊ ဆေးလိပ်နဲ့ အရက်သောက်ခြင်းကို ရှောင်ပါ။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်၊ အစေ့အဆန်တွေကို ပိုစားပါ။
  • စိတ်ဖိစီးမှု လျှော့ချပါ။
  •  သွေးအန်ခြင်း၊ ကော်ဖီရောင် အန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်းတို့ ဖြစ်လာရင် ဆေးရုံကို အမြန်ဆုံးသွားပါ။
  •  သင်အားနည်းလျှင် သို့ ဖြူဖျော့နေလျှင် ဆရာဝန်နဲ့ ပြသပါ။

Takeaways

Peptic ulcerက အဖြစ်များတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါဖြစ်ပြီး သေသေချာချာ မကုသဘူးဆိုရင် နာတာရှည်ဖြစ်သွားနိုင်ပါတယ်။ ထိရောက်တဲ့ကုသမှု၊ စားသောက်နေထိုင်မှု ပုံစံပြောင်းလဲမှုတွေကသာ ရောဂါကို သက်သာစေပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Kaung Thar မှ ရေးသားသည်။ · 25/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement