အောက်မှာပြောပြမယ့် အဖြစ်များတဲ့အချက်တွေက သန်ကောင်ထိုးခြင်းကို ပိုဖြစ်စေတယ်
ဆိုတာ ယုံကြည်လို့ရပါတယ်
-ပူနွေး စိုစွတ်တဲ့ရာသီဥတု မှာနေထိုင်ခြင်း
-သန့်ရှင်းမှုမရှိတဲ့နေရာ သန့်သန့်ရှင်းရှင်းနေထိုင်နိုင်ခြင်းမရှိတဲ့
နေရာမှာ နေထိုင်ခြင်း
-တိရစ္ဆာန်ရဲ့ ဝမ်းတွေပါဝင်တဲ့မြေကြီးရှိတဲ့ စက်ရုံအလုပ်ရုံများမှာ အလုပ်လုပ်ခြင်း။
-တိရစ္ဆာန်ရဲ့ဝမ်းကို မြေသြဇာအဖြစ် အသုံးပြ ုပြီးစိုက်ပျိုးထားတဲ့ မြေက ဟင်းသီးဟင်းရွက်များကို အစိမ်းစားခြင်း
-ကလေးတွေက သန်ကောင်ထိုးခြင်း ဖြစ်ဖို့ အခွင့်အရေးပိုများပါ
တယ်။ သူတို့တွေက အပြင်ဘက်မှာဆော့ကြတာများပြီး အစား
မစားခင်မှာလည်း လက်ကိုသေချာစွာ မဆေးကြလို့အဖြစ်များတာပါ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Trichuriasis (သန်ကောင်ထိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
တကယ်လို့သင့်မှာ သန်ကောင်ထိုးခြင်းဖြစ်နေတယ်လို့ သင့်ဆရာဝန်က သံသယရှိပါက သင့်ကို ဝမ်းစစ်ဖို့ အကြံပေးပါလိမ့်
မယ်။ သင်က သင့်ရဲ့ ဝမ်းနမူနာကို ဓါတ်ခွဲခန်းကိုပေးပို့ပြီး စစ်ရမှာပါ။
ဝမ်းအဖြေက သင့်အူလမ်းကြောင်းနဲ့ ဝမ်းတွေထဲမှာ ကြာပွတ်သန်ကောင်ရဲ့ ဥတွေလား အကောင်တွေလားဆိုတာကို ခွဲ
ခြားပေးနိုင်မှာပါ။ ဒီလိုစစ်ဆေးနည်းဟာ နာကျင်တာ သက်တောင့်သက်သာမရှိတာတွေကို မဖြစ်စေပါဘူး။ သင့်ဆရာဝန်
က သင့်ကိုပိုးသတ်ထားတဲ့ ခွက်နဲ့ ပလတ်စတစ်အထုပ ်နောက်ပြီး အထူးပြ ုလုပ်ထားတဲ့အိမ်သာသုံးတစ်ရှူး
ကိုပေးပါလိမ့်မယ်။ ပလတ်စတစ်ထုပ်ကို အိမ်သာကာဗာပေါ်မှာ တင်လိုက်ပါ အိပ်သာထိုင်တဲ့နေရာမှာ သေချာတင်နေရဲ့လား ဆို
တာသေချာအောင်လုပ်ပါ။ သင်ဝမ်းသွားပြီးပြီဆိုတာနဲ့ အထူးပြုလုပ်
ထားတဲ့တစ်ရှုးကိုသုံးပြီး ပိုးသတ်ထားတဲ့ခွက်ထဲကိုထည့်ပါ။ မွေးကင်း
စကလေးတွေအတွက်ကတော့ သေးခံဒိုင်ပါကို ပလတ်စတစ်စနဲ့ ပတ်ပတ်လည် ကာပြီး နမူနာကိုရယူပါ။ ဒီစစ်ဆေးမှုလုပ်အပြီးမှာ လက်ကို စင်ကြယ်စွာသေချာပြောင်အောင်ဆေးပါ။ နောက်ဆုံးမှာ
ဒီနမူနာကို ဓါတ်ခွဲခန်းကိုပို့ပါလိမ့်မယ်။ အဲ့ဒါမှ ဓါတ်ခွဲခန်းထဲမှာ အဏုကြည့်မှန်ပြောင်းကိုသုံးပြီး ကြာပွတ်သန်ကောင်တွေများပါ
လား ဒါမှမဟုတ် ဥတွေလားဆိုတာကို ခွဲခြားပါလိမ့်မယ်။
Trichuriasis (သန်ကောင်ထိုးခြင်း) ကို ဘယ်လိုကုသပါသလဲ
အသုံးအများဆုံးနဲ့ အထိရောက်ဆုံးကုသမှုကတော့ albendazole, mebendazoleလို့ခေါ်တဲ့ ကပ်ပါးကောင်သေစေတဲ့ ဆေးတွေ
တိုက်ခြင်းဖြစ်ပါတယ်။ ဒီဆေးတွေဟာ ကိုယ်ခန္ဓါထဲက ကြာပွတ်သန်ကောင်တွေနဲ့ဥတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဆေး
ကိုတစ်ရက်ကနေ သုံးရက်အထိသောက်ဖို့လိုပါမယ်။ ဘေးထွက်ဆိုး
ကျိုးကတော့ တော်တော်နည်းပါတယ်။ သင့်ရဲ့ရောဂါလက္ခဏာတွေ
သက်သာတာနဲ့ သင့်ဆရာဝန်က ပိုးဝင်ခြင်း ပျောက်မပျောက်သိစေဖို့ နောက်ထပ်ဝမ်းစစ်ခြင်းကို ပြ ုလုပ်ပါလိမ့်
မယ်။
လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးများ
လူနေမှုဘဝပုံစံပြောင်းခြင်းနှင့် အိမ်တွင်းကုထုံးတွေကဘာတွေလဲ။
သန်ကောင်ထိုးခြင်းကို လျှော့ချနိုင်မယ့်အန္တရာယ်ရှိအချက်တွေကို လျှော့နိုင်ဖို့ အကြံပေးပါတယ်။ ဒီအခြေအနေတွေကို ကာကွယ်နိုင်
မယ့် အသုံးဝင်တဲ့နည်းလမ်းတွေကတော့
-လက်ကိုသေချာစွာဆေးကြောခြင်း အထူးသဖြင့် အစားအသောက်တွေမကိုင်ခင်ပေါ့
-အစားအသောက်တွေကို မစားခင် သေချာစွာဆေးခြင်း၊အခွံခွာခြင်း ၊ချက်ပြ ုတ်ခြင်း။
-ကလေးတွေကို မြေကြီးတွေမစားဖို့သင်ခြင်းနှင့် အပြင်မှာဆော့ပြီး
ပါက လက်တွေကိုသေချာစွာဆေးကြောဖို့သင်ခြင်း
-ပိုးရှိနေမယ်ထင်တဲ့ ရေကို ကျိ ုချက်သောက်ခြင်း ဒါမှမဟုတ် သောက်ရေသန့်သာသောက်ခြင်း
-ဝမ်းတွေနဲ့ထိတွေ့နေတဲ့မြေကြီးနဲ့ ထိတွေ့မှုကိုရှောင်ရှားခြင်း
-တိရစ္ဆာန် ဝမ်းများကျုံးရာ ထိတွေ့ရာတွင် သတိထားကိုင်တွယ်ခြင်း
-တိရစ္ဆာန် မွေးမြ ူရေးပြ ုလုပ်ရာမှာ ခြံခတ်ပြီးကန့်သတ်ထားခြင်း။
ပုံမှန် ဒီခြံတွေကို သန့်ရှင်းရေးပြ ုလုပ်ပေးခြင်း
-ခွေးတွေကြောင်တွေ ပုံမှန် ဝမ်းသွားတတ်တဲ့ နေရာက မြက်တွေကို ခပ်တိုတိုဖြစ်အောင်အမြဲနှုတ်ပေးခြင်း
စသည်တို့ဖြစ်ပါတယ်။
(တကယ်လို့ သင့်ဆီမှာမေးခွန်းတွေရှိသေးရင် သင့်အတွက်အကောင်းဆုံးအဖြေရရှိနိုင်ဖို့ သင့်ဆရာဝန်နဲ့ဆက်လက်ဆွေးနွေးပါ။)
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။