backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Proctitis (စအိုရောင်ခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Proctitis (စအိုရောင်ခြင်း) ကဘာလဲ။

စအိုရောင်ခြင်းဆိုတာ စအိုဝနဲ့ အစာဟောင်းအိမ်နံရံများ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ အစာဟောင်းအိမ်ဆိုတာ အူမကြီးရဲ့ အစွန်ပိုင်းဖြစ်ပါတယ်။ မစင်များဟာ အစာဟောင်းအိမ်ကနေတဆင့် အပြင်ကိုထွက်ပါတယ်။

စအိုရောင်ခြင်းဟာ အစာဟောင်းအိမ်နာကျင်ခြင်းနဲ့ ဝမ်းသွားချင်သလို ခံစားရခြင်းကို ဖြစ်စေပါတယ်။

ယာယီခံစားရသလို ရေရှည်လည်း ဖြစ်နိုင်ပါတယ်။

Proctitis (စအိုရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Proctitis (စအိုရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • စအိုမှသွေးထွက်ခြင်း
  • အချွဲများဆင်းခြင်း
  • အစာဟောင်းအိမ်နာကျင်ခြင်း
  • ဝမ်းဗိုက်ဘယ်ဘက်ခြမ်းအောင့်ခြင်း
  • အစာဟေင်းအိမ်ထဲတွင် ပြည့်နေသလို ခံစားရခြင်း
  • ဝမ်းလျှောခြင်း
  • အူများလှုပ်ရှားလျှင်နာခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Proctitis (စအိုရောင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အစာအိမ်အူလမ်းကြောင်းများ ရောင်ရမ်းတဲ့ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီရောဂါရှိသူရဲ့ ၃၀%ခန့်ဟာ အစာဟောင်းအိမ်ရောင်ခြင်း ဖြစ်နိုင်ပါတယ်။ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါများ ကူးစက်ရင် အထူးသဖြင့် စအိုမှလိင်ဆက်ဆံရင် စအိုရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ဆီးပူညောင်းကျ၊ လိင်အင်္ဂါရေယြန်၊ ကလမိုင်းဒီးယားရောဂါ စတာတွေဟာ စအိုရောင်ခြင်း ဖြစ်စေနိုင်ပါတယ်။ HIV ပိုးနဲ့လည်း ဆက်စပ်နေပါတယ်။

အစာမှတဆင့် ကူးစက်တဲ့ရောဂါပိုးတွေကြောင်ပလည်း ဖြစ်နိုင်ပါတယ်။

ကင်ဆာကို ဓါတ်ရောင်ခြည်နဲ့ ကုသရာမှာလည်း အစာဟောင်းအိမ်ဝန်းကျင်ကို ထိခိုက်မိရင် စအိုရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ကုသမှုစတင်တာနဲ့ ဖြစ်တတ်ပြီး ကုသမှုအပြီး လအနည်းငယ်ကြာတဲ့အထိ ရှိနေတတ်ပါတယ်။ တခါတရံ နှစ်နဲ့ချီတဲ့အထိ ရှိတတ်ပါတယ်။

တခါတရံမှာ ပဋိဇီဝဆေးတွေကြောင့် အူလမ်းကြောင်းက အကျိုးပြုဘက်တီးရီးယားတွေပါ ထိခိုက်ပြီး အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို အစာဟောင်းအိမ်နားမှာ ဖြစ်ပေါ်လာစေပါတယ်။

အူမကြီးကိုခွဲစိတ်ပြီး မစင်လမ်းကြောင်းပြောင်းထားတဲ့အခါ စအိုရောင်ခြင်းဖြစ်တတ်ပါတယ်။

နွားနို့ ဒါမှမဟုတ် ပဲနို့သောက်တဲ့ ကလေးငယ်များ၊ မိခင်က နို့ထွက်ပစ္စည်းစားသုံးတဲ့ ကလေးငယ်များမှာလည်း ပရိုတိန်းကြောင့် ဖြစ်တတ်တဲ့ စအိုရောင်ခြင်းကို တွေ့ရတတ်ပါတယ်။

အသက် ၂နှစ်အောက် ကလေးများမှာ အစာဟောင်းအိမ်ပတ်လည် သွေးဖြူဥတွေ စုဝေးလာရာက စအိုရောင်ခြင်း ဖြစ်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Proctitis (စအိုရောင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအခြေအနေတွေမှာ မြင့်တက်စေနိုင်ပါတယ်။

  • ဘေးကင်းမှုမရှိသော လိင်ဆက်ဆံခြင်း။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများဟာ စအိုရောင်နိုင်ခြေ မြင့်တက်စေပါတယ်။ ရောဂါကူးစက်နိုင်ခြေဟာလည်း ဆက်ဆံဖော်များရင်၊ အကာအကွယ်မသုံးရင်၊ ရောဂါရှိသူနဲ့ ဆက်ဆံမိရင် ဖြစ်တတ်ပါတယ်။
  • အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါ။ ဒီရောဂါရှိရင် စအိုရောင်နိုင်ခြေ မြင့်တက်စေပါတယ်။
  • ကင်ဆာကို ဓါတ်ရောင်ခြည်ကုသခြင်း။ အစာဟောင်းအိမ်ဝန်းကျင်ကို ဓါတ်ရောင်ခြည်ထိတွေ့ရင် ဖြစ်နိုငခြေ မြင့်တက်စေပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Proctitis (စအိုရောင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အောက်ပါစစ်ဆေးမှုတွေ ပါဝင်ပါတယ်။

  • သွေးစစ်ဆေးခြင်း။ သွေးဆုံးရှုံးခြင်း၊ ရောဂါပိုးဝင်ခြင်း စတာတွေကို သိနိုင်ပါတယ်။
  • ဝမ်းစစ်ဆေးခြင်း။ ဘက်တီးရီးယားကြောင့် ဖြစ်ပွားရင် သိနိုင်ပါတယ်။
  • အူမကြီးအောက်ပိုင်း မှန်ပြောင်းကြည့်ခြင်း။ အူမကြီးအတွင်းကို အလင်းရောင်ပါပြီး ပျော့ပြောင်းတဲ့ ပြွန်ထည့်ပြီး စစ်ဆေးပါတယ်။ တလက်စတည်း အသားစယူပြီး စစ်ဆေးနိုင်ပါတယ်။
  • အူမကြီးတခုလုံး မှန်ပြောင်းကြည့်ခြင်း။ အူမကြီးတခုလုံးကို ကင်မရာပါတဲ့ ပြွန်နဲ့ စစ်ဆေးပြီး တလက်စတည်း အသားစယူ စစ်ဆေးနိုင်ပါတယ်။
  • လိင်မှတဆင့်ကူးစက်ရောဂါများ စစ်ဆေးခြင်း။ အစာဟောင်းအိမ်နဲ့ ဆီးပြျွန်က နမူနာယူ စစ်ဆေးပါတယ်။ စအိုရောင်ခြင်းဟာ လိင်မှတဆင့်ကူးစက်ရောဂါကြောင့် ဖြစ်နိုင်ခြေရှိရင် ဆီးပြွန်အဝနဲ့ စအိုကနေ ဂွမ်းတံနဲ့ နမူနာယူပြီး ရောဂါပိုးရှိမရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။

Proctitis (စအိုရောင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

စအိုရောင်ခြင်းကုသမှုဟာ နောက်ခံအကြောင်းပေါ် မူတည်ပါတယ်။

ကူးစက်ရောဂါပိုးကြောင့်ဆိုရင် ဆေးဝါးများ ပေးပါတယ်။ ဘက်တီးရီးယားပိုးဆိုရင် doxycycline (Periostat, Vibramycin) စတဲ့ဆေးတွေပေးပြီး ဗိုင်းရပ်စ်ကြောင့်ဆိုရင် acyclovir (Sitavig, Zoviraxနဲ့ တခြား) ဆေးတွေ ပေးပါတယ်။

ဓါတ်ရောင်ခြည်ကုသမုကြောင့် သိပ်မပြင်းထန်တဲ့ စအိုရောင်ခြင်းဖြစ်ရင် ကုသမှုမလိုပါဘူး။ နာကျင်ပြီး သွေးထွက်တဲ့ စအိုရောင်ခြင်းမှာတော့ ကုသမှုလိုပါတယ်။

သောက်ဆေးတွေ၊ စအိုထည့်ဆေးတွေ စတဲ့ပု့စံတွေ ရှိပါတယ်။

sucralfate (Carafate), mesalamine (Asacol, Canasa, နဲ့အခြားဆေးများ sulfasalazine (Azulfidine), နဲ့ metronidazole (Flagyl) စတာတွေ ပါဝင်ပါတယ်။ ဒီဆေးတွေဟာ ရောင်ရမ်းမှုနဲ့ သွေးထွက်ခြင်းကို သက်သာစေပါတယ်။

ဝမ်းပျော့ပြီး စအိုလမ်းကြောင်းကျယ်စေတဲ့ အရာများဟာ အူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

သွေးထွက်စေတဲ့ ပျက်စီးနေတဲ့ တစ်သျှူးတွေကို လျှပ်စစ်၊ ဒါမှမဟုတ် တခြားနည်းများနဲ့ အေးခဲဖျက်ဆီးနိုင်ပါတယ်။

အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းလို့ ဖြစ်တဲ့ပြသနာကို သက်ဆိုင်ရာဆေးဝါးများနဲ့ ကုသနိုင်ပါတယ်။

mesalamine (Asacol, Canasa, နဲ့အခြား) — ဒါမှမဟုတ် corticosteroids — prednisone (Rayos) ဒါမှမဟုတ် budesonide (Entocort EC, Uceris) စတဲ့ ဆေးတွေ ဖြစ်ပါတယ်။

ခရွမ်းရောဂါကြောင့်ဖြစ်တဲ့ အူရောင်ခြင်းမှာ ကိုယ်ခံအားကို နှိမ့်ချပေးတဲ့ ဆေးဝါးကုသမှုတွေ ပါဝင်ပါတယ်။ azathioprine (Azasan, Imuran) ဒါမှမဟုတ် infliximab (Remicade) စတဲ့ဆေးတွေ ဖြစ်ပါတယ်။

ဆေးဝါးများနဲ့ မသက်သာရင် ပျက်စီးနေတဲ့အပိုင်းကို ခွဲစိတ်ဖယ်ရှားပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက စအိုရောင်ခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

ဆရာဝန်ညွှန်းစာမလိုဘဲ သောက်သုံးနိုင်တဲ့ဆေးတွေမှာ ဝမ်းပိတ်ဆေးတွေကို သတိထားပါ။ loperamide (Imodium A-D) လို ဆေးတွေကို ဆရာဝန်က မညွှန်ဘဲ မသောက်ပါနဲ့။

အိပ်ရာဝင်ခါနီး အစာမစားပါနဲ့။ အိပ်ရာဝင်ခါနီး အစားစားခြင်းဟာ အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကိုဖြစ်စေပြီး ညအခါမှာ မအီမသာ ဖြစ်စေနိုင်ပါတယ်။ နာကျင်မှုသက်သာစေတဲ့ဆေးတွေ သောက်နိုင်ပါတယ်။ Acetaminophen (Tylenol,) may ကိုသောက်နိုင်ပါတယ်။ ဒါပေမယ့် aspirin နဲ့ ibuprofen (Advil, Motrin IB) စတာတွေ သောက်မယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ တခါတရံ စအိုကိုပိုရောင်စေပါတယ်။

စအိုကို ရေနွေးနွေးမှာ ဖန်ရေစိမ်နိုင်ပါတယ်။ ရောင်ရမ်းမုကို သက်သာစေပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 07/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement