ကိုယ်ဝန်ရှိခြင်း၏ လက္ခဏာ (၉)ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 2, 2020 . 3 mins read
Share now

သင်သည် ကိုယ်ဝန်ရှိနေသည်ဟု တွေးထင်ပါသလား?

အမျိုးသမီးများတွင် ကိုယ်ဝန်ရှိခြင်း ဖြစ်စဉ်သည် တစ်ယောက် နှင့် တစ်ယောက်မတူညီပါ။ ပထမကိုယ်ဝန် နှင့် နောက်ကိုယ်ဝန် ပင်လျှင်ဟော်မုန်းပြောင်းလဲခြင်းကြောင့် မတူညီနိုင်ပါ။ ကိုယ်ဝန်ရှိခြင်းကို ပြသနိုင်သော လက္ခဏာ (၉) ခုရှိပါသည်။

အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ရင်သားနာကျင်ခြင်း။

ရင်သားများ ကိုက်ခဲနာကျင်တတ်ခြင်းသည် ကိုယ်ဝန်၏ ရှေ့ဦးလက္ခဏာတစ်ခုပင်ဖြစ်သည်။ ရင်သားထိပ်နားတဝိုက် ဧရိယာသည် ပိုကြီးလာခြင်း၊ ပို၍မဲလာခြင်း နှင့် ပို၍လေးလံလာခြင်းတို့ကို ခံစားရတတ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ပိရိုဂျက်စတရုန်းဟော်မုန်းပမာဏ ပိုများလာသောကြောင့်ဖြစ်သည်။

အခြားအကြောင်းရင်းတစ်ခုမှာ ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓါကိုယ်သည် ရေဓါတ်ကို ပိုမိုသိမ်းဆည်းထား တတ်သောကြောင့်ဖြစ်သည်။ ထိုအခြင်းအရာသည် လူကို မသက်မသာလဲဖြစ်စေသည်။ ထို့အတွက် ကောင်းစွာထောက်ပံ့နိုင်သော အတွင်းခံကို ဝတ်ဆင်သင့်သည်။ အထူးသဖြင့် လေ့ကျင့်ခန်းပြုလုပ်ချိန်တွင် ဖြစ်သည်။

၂။ မောပန်းခြင်း။

Progestrone ဟော်မုန်းပမာဏများခြင်းသည် ရင်သားများကို နာကျင်စေရုံသာမက အချို့သော အမျိုးသမီးများကို ပထမ ၃ လပါတ်အတွင်းတွင် လွန်စွာ မောပန်းစေတတ်သည်။ ထိုသို့ဖြစ်ခြင်းသည် သန္ဒေအောင်ပြီး တစ်ပါတ်အတွင်းတွင် ပုံမှန်မဟုတ်သည့် မောပန်းခြင်းကို ခံစားရတတ်သည်။

ထို့ကြောင့် မောပန်းခြင်းသည် ကိုယ်ဝန်ရှိခြင်း နှင့် ဆက်စပ်နေလေ့ရှိပြီး ကောင်းကောင်းအနားယူရန်လိုအပ်ပေသည်။ အသားဓါတ် နှင့် သံဓါတ်ကြွယ်ဝသော အစားအစာများသည် မောပန်းခြင်းကို သက်သာစေနိုင်သည်။

၃။ စိတ်အပြောင်းအလဲဖြစ်ခြင်း။

ကိုယ်ဝန်အစောပိုင်းတွင် စိတ်ခံစားချက်များ ပြောင်းလဲတတ်သည်။

စိတ်ဖိစီးမှုများခြင်း (သို့) အလွန်အကျွံစိတ်ခံစားတတ်ခြင်းတို့ ဖြစ်တတ်သည်။ ဟော်မုန်းပမာဏ သိသာစွာပြောင်းလဲခြင်းကြောင့်

စိတ်ခံစားချက်ကို ထိန်းချုပ်သော အာရုံကြောပိုင်းဆိုင်ရာ ဆက်သွယ်ချက်ပစ္စည်းများ၏ ပမာဏသည် ကျဆင်းသွားသောကြောင့်ဖြစ်သည်။

စိတ်အပြောင်းအလဲဖြစ်ခြင်းများသည် ကိုယ်ဝန်ဆောင်ပထမ ၃ လပါတ် နှင့် မီးဖွားရန်ပြင်ဆင်ရပြီဖြစ်သော တတိယ ၃ လပါတ်တို့တွင် ဖြစ်တတ်သည်။ အကယ်၍ ကိုယ်ဝန်ဆောင် ၁၄ ပါတ် မှ ၁၆ ပါတ်ထိ မသက်သာလျှင် သားဖွားမီးယပ်ဆရာဝန် (သို့) သူနာပြုဆရာမ နှင့်တိုင်ပင်သင့်သည်။ ထိုသူတို့သည် ကိုယ်ဝန်ဆောင်နေချိန် နှင့် မီးဖွားပြီးချိန်တို့တွင် အကူအညီပေးနိုင်မည့်သူကို အကြံပေးနိုင်သည်။

၄။ ခေါင်းကိုက်ခြင်း။

အချို့သော အမျိုးသမီးများသည် ကိုယ်ဝန်အစောပိုင်းတွင် ခေါင်းမူးခြင်း (သို့) ရီဝေဝဖြစ်ခြင်းတို့ကို ခံစားရတတ်သည်။ အချို့မှာ ဖြူဖျော့ဖျော့ပင်ဖြစ်သွားတတ်သည်။

ထိုသို့ဖြစ်ရခြင်းမှာ ဟော်မုန်း (သို့) သွေးပေါင်ကျခြင်းကြောင့်လဲ ဖြစ်နိုင်သည်။ သားဖွားမီးယပ် (သို့) သူနာပြု နှင့် ဘာဖြစ်နေသည်ကို တိုင်ပင်နိုင်သည်။ အကယ်၍ သွေးတွင်း သကြားဓါတ်လျော့နည်းနေလျှင် တစ်နေ့တာအတွင်း အစာကို နည်းနည်း နှင့် ခနခနစားသင့်သည်။

၅။ မူးဝေခြင်း။

ကိုယ်ဝန်ဆောင်ချိန် ခေါင်းမူးခြင်းသည် နေ့တစ်နေ့၏ မည်သည့်အချိန်တွင် မဆို ဖြစ်တတ်သည်။ သို့သော် မနက် အစောပိုင်းတွင် ပိုအဖြစ်များသည်။ အမျိုးသမီးတိုင်းလည်း မဖြစ်ပွားတတ်ကြပါ။ ကိုယ်ဝန်ဆောင်ချိန်မနက်အစောပိုင်း မူးဝေခြင်း၏ ဖြစ်စေသော အကြောင်းရင်းအတိအကျကို မသိရှိပါ။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင်း ထွက်ပေါ်သော ဟော်မုန်းများ ကြောင့်လည်း ဖြစ်တတ်သည်။

ထိုလက္ခဏာများသည် ကိုယ်ဝန် ၁၂ ပါတ်မှ ၁၆ ပါတ်ကြာလျှင် ပျောက်ကွယ်သွားတတ်သည်။ သက်သာစေရန် အစာကို နည်းနည်း နှင့် ခနခနစားပေးခြင်း၊ အသားဓါတ်ကြွယ်ဝသော အစားအစာများကို စားခြင်းတို့ကို ပြုလုပ်နိုင်သည်။ ရေဓါတ်ပြည့်ဝစွာနေထိုင်ခြင်းသည်လည်း သက်သာစေသည်။

၆။ အစာစားလိုစိတ်ပြောင်းလဲခြင်း။

အချို့သောအမျိုးသမီးများသည် အနံ့အာရုံကို ပြင်းထန်စွာ ခံစားတတ်ကြလာသည်။ ထို့ကြောင့် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင် ပထမ ၃ လပါတ်တွင် အချို့သော အစားအစာများကို မစားနိုင်ကြခြင်း၊ (သို့) အချို့သည် ထူးဆန်းသော အရသာများကို ရရှိတတ်သည်။ ဥပမာ- ပါးစပ်အတွင်း သတ္တုအရသာကို မရရအောင် လိုချင်တတ်ကြသည်။

ကျန်းမာသော ရင်သွေးဖြစ်လာစေရန် အစားအစာကို အလုံအလောက်စားဖို့လိုသည်။ ကိုယ်ဝန်ဆောင်ချိန် သောက်သုံးရသော ဗီတာမင်များကို သောက်သုံးခြင်းဖြင့် မွေးရာပါ ချို့ယွင်းချက်များကို ကာကွယ်နိုင်ပြီး အာဟာရလည်း ပြည့်ဝစေသည်။ ရေဓါတ်လည်း ပြည့်ဝနေရန်လိုသည်။

၇။ ဆီးခနခနသွားခြင်း။

သန္ဓေအောင်ပြီး ၆ ပါတ် (သို့) ၈ ပါတ်ဝန်းကျင်တွင် ဆီးခနခနသွားတတ်ကြသည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း ကျောက်ကပ်သည် ဆီးပို၍ ဖြစ်စေသည်။ တဖြည်းဖြည်း ကြီးလာသော သားအိမ်သည် ဆီးအိမ်ကို ဖိလာသည်။ ထို့ကြောင့် ဆီးခနခနသွားရတတ်သည်။ အမျိုးသမီးများသည် အိမ်သာသို့ ခနခနသွားရခြင်းကို ဆီးအိမ်ရောဂါပိုး ရှိနေသည်ဟု တွေးထင်တတ်သောကြောင့် ပိုးသတ်ဆေးများကို အလျင်စလို မသောက်မိဖို့လိုသည်။

၈။ သွေးတစွန်းတစဆင်းခြင်း နှင့် ဓမ္မတာကိုက်ခဲခြင်း။

ပုံမှန်ရာသီလာရက်ထက် အနည်းငယ်စော၍ ဓမ္မတာကိုက်ခဲခြင်း နှင့် သွေးတစွန်းတစဆင်းခြင်းတို့ ဖြစ်ခြင်းသည် သန္ဓေအောင်မျိုးဥသည် သားအိမ်နံရံကို ကပ်တွယ်ခြင်းကြောင့် ဖြစ်နိုင်သည်။ (သန္ဓေအောင်ပြီး ၆ ရက်မှ ၁၂ ရက်အတွင်း) သွေးဆင်းခြင်းအပြင် မိန်းမကိုယ်မှ အဖြူဆင်းခြင်းသည်လည်း ဖြစ်တတ်သည်။ စိတ်ပူရန်မလိုပါ။ အဖြူဆင်းခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တလျှောက်လုံးဖြစ်နိုင်သည်။ ဘေးအန္တရာယ်မဖြစ်ပါ၊ ကုသရန်လည်းမလိုအပ်ပါ။

သို့သော် အဖြူဆင်းခြင်းသည် အနံ့အသက်မကောင်းခြင်း၊ ပူသောခံစားချက်ရခြင်း (သို့) ယားယံခြင်းတို့နှင့် တွဲဖြစ်လျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး မှို (သို့) ဘတ်တီးရီးယားရောဂါပိုးဖြစ်နေသလားကို စစ်ဆေးသင့်သည်။

၉။ ရာသီသွေးမပေါ်ခြင်း။

ရာသီသွေးမပေါ်ခြင်းသည် ကိုယ်ဝန်၏ သိသာထင်ရှားသော အစောပိုင်းလက္ခဏာဖြစ်သည်။ သို့သော် ရာသီသွေးမပေါ်ခြင်း နှင့် ရာသီသွေးနောက်ကျခြင်းအားလုံးတို့သည် ကိုယ်ဝန်ရှိခြင်းကြောင့် ဖြစ်ရခြင်းမဟုတ်ပါ။ ကိုယ်အလေးချိန်တက်လာခြင်း (သို့) ကျသွားခြင်း၊ ဟော်မုန်းပြဿနာများ၊ မောပန်းနွမ်းနယ်ခြင်း နှင့် စိတ်ဖိစီးမှုများ ကဲ့သို့ အခြားသော ပြဿနာများသည်လည်း ရာသီသွေးမပေါ်ခြင်း နှင့် နောက်ကျခြင်းများကို ဖြစ်စေတတ်သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်သည် ထိုလက္ခဏာများအားလုံး ဖြစ်တတ်သည်၊ (သို့) တစ်ခု၊ နှစ်ခုကိုလဲ ခံစားရတတ်သည်။ အကယ်၍ ထိုလက္ခဏာများသည် စိတ်အနှောက်အယှက်ဖြစ်စေလျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး သက်သာအောင် စီစဉ်ပြုလုပ်နိုင်သည်။

သေချာစွာပြောနိုင်သော နည်းလမ်းသည် ကိုယ်ဝန်ရှိမရှိဆီးစစ်ခြင်း နှင့် ကွန်ပြူတာဓါတ်မှန် (Ultrasound) ရိုက်ခြင်းဖြစ်သည်။

အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Covid-19 ကူးစက်ခံရသူမှာ ရောဂါလက္ခဏာလုံးဝမပြတာရော ဖြစ်နိုင်လား

Covid-19 Mask Swab Test ဗိုင်းရပ်စ် ကပ်ဘေး ကပ်ရောဂါ ချောင်းဆိုး ချောင်းခြောက် အသက်ရှူကြပ် အနံ့ အရသာ ကိုယ်ခံအား ရောဂါပိုး လက္ခဏာ အဆုတ် အသက်ကြီးသူ မိသားစု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဆီးချိုကြောင့် အာရုံကြော ထိခိုက်ခြင်း

အများစုဟာ မိမိမှာ ဆီးချိုရောဂါဖြစ်နေမှန်းမသိတာကြောင့် ဘာကြောင့် တချိန်လုံးထုံကျင်ကိုက်ခဲနေရသလဲ နားမလည်နိုင်ဖြစ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အစားစားပြီးချိန် ပျို့အန်ချင်စိတ်ဖြစ်ပေါ်ခြင်း

စားသောက်ပြီးချိန်မှာ ဗိုက်ထဲမကောင်းတာ အကြောင်းအရင်းပေါင်းစုံကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိခြင်းကနေ အစာအဆိပ်သင့်ခြင်းအထိ မျိုးစုံဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

COVID-19 နဲ့ မေးခွန်းများစွာ

ကိုဗစ်က သေချာ ကာကွယ်ရင် ကြောက်ဖို့ မလိုပေမယ့် တစ်ဦးတစ်ယောက်ချင်းစီက စည်းကမ်းရှိရှိနဲ့ သေချာ သိရှိ ကာကွယ်ဖို့ လိုပါမယ်။ Covid-19 ကာကွယ်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးနီဥဆဲလ်များကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

သွေးနီဥဆဲလ်များ ကြီးမားပြီး သွေးအားနည်းခြင်း (Macrocytic Anemia)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read
စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

စိတ်ဖိစီးမှု ဆိုးဆိုးရွားရွား လွန်ကဲနေတဲ့ လက္ခဏာ ၁၀ ရပ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 3, 2020 . 2 mins read

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read
ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆိုရီရေးစစ် (psoriasis) အရေပြားပြဿနာရှိသူတွေအတွက် ကျန်းမာတဲ့ နေထိုင်နည်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 23, 2020 . 2 mins read