Interstitial hernia( အူကျခြင်း) ဆိုတာဟာ ခန္ဓါကိုယ်အတွင်းရှိ အစိတ်အပိုင်း အတွင်းကလီစာ တစ်ခုခုက ပုံမှန်ကာကွယ်ထားတဲ့ ကြွက်သား(သို့) တစ်ရှုးတစ်ခုခုကို တွန်းပြီး ထွက်လာတာကို ခေါ်ပါတယ်။ များသောအားဖြင့် ပေါင်ခြံ ပိုင်းမှာ ဖြစ်လေ့ရှိပါတယ်။
interstitial hernia ဟာ တစ်ခါတစ်လေမှာ အရှေ့ဘက် ဝမ်းဗိုက်ပိုင်းရဲ့ အလွှာတွေကြားက ဖြတ်လာတတ်ပါတယ်။ ကျွံလာတဲ့ အစိတ်အပိုင်းအိတ်ဟာ ဝမ်းဗိုက်ကြွက်သား အလွှာတွေကြားမှာ ရှိနေလေ့ရှိပါတယ်။
ဒီရောဂါဟာ ဘယ်အသက်အရွယ်မှာ မဆို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာပို ဖြစ်လေ့ရှိပါတယ်။
ဒါပေမယ့် အဲလိုဖြစ်တာကိုအားပေးတဲ့ အချက်တွေကို လျှော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် သတင်း အချက်အလက်တွေအတွက် ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေးနိုင်ပါတယ်။
အဖြစ်များတဲ့ ရောဂါလက္ခဏာတစ်ချို့ကတော့
တစ်ချို့သော အခြေအနေတွေမှာ ရောဂါလက္ခဏာ မပြပါဘူး။ သင့်မှာ ဒီလိုရောဂါ ဖြစ်နေတယ်ဆိုတာ ပုံမှန် စစ်ဆေးခြင်း(သို့) အခြားမဆိုင်တဲ့ရောဂါ ပြသနာတစ်ခုခုကို စစ်ဆေးရင်းနဲ့မှ သိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
စောစောစီးစီး ရောဂါ အမည်တပ်နိုင်ပြီး ကုသမှုခံယူခြင်းက ပိုမဆိုးလာအောင် နဲ့ အခြားအရေးပေါ်အခြေအနေတွေ မဖြစ်လာရအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ဆိုးရွားတဲ့ အခြေအနေတွေ ဖြစ်မလာအောင် ကာကွယ်နိုင်ဖို့ ဆရာဝန်နဲ့ စောနိုင်သမျှစောစော တွေ့ပြီး ဆွေးနွေးသင့်ပါတယ်။
တကယ်လို့ သင့်မှာ အထက်ဖော်ပြပါ ရောဂါ လက္ခဏာ ရှိနေရင်(သို့) သိလိုတဲ့ အချက်တွေရှိနေရင် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။ လူတွေရဲ့ ခန္ဓါကိုယ်ဟာ တစ်ဦးနဲ့ တစ်ဦးတုံ့ပြန်မှုချင်း မတူပါဘူး။ ဒါကြောင့် သင့်အခြေအနေအတွက် ဘယ်ဟာက အကောင်းဆုံးလဲဆိုတာကို သေချာသိနိုင်ဖို့ ဆရာဝန်နဲ့ အမြဲတမ်းဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးပါပဲ။
Interstitial hernia ( အူကျခြင်း) တွေဟာ ကြွက်သားအားနည်းခြင်းနဲ့ တင်းအား၊ညှစ်အားများခြင်း တွေပေါင်းပြီး ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်း အပေါ်မူတည်ပြီး Interstitial hernia ဟာ မြန်မြန်ဖြစ်မလား (သို့) အချိန်ကြာလားဆိုတာ ကွာခြားပါတယ်။
ကြွက်သားတွေကို အားနည်းစေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေကတော့
အချို့သော အခြေအနေတွေက သင့်ရဲ့ ကြွက်သားတွေကို အားနည်းသွားစေနိုင်ပြီး hernia ကိုဖြစ်စေပါတယ်။
သင့်မှာ အောက်ပါ အခြေအနေတွေရှိနေရင် ဒီရောဂါ ဖြစ်နိုင်ချေ များလေလေ ဖြစ်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သင့်ဆရာဝန်က သင့်မှာ ဒီရောဂါဖြစ်နိုင်တယ်လို့ သံသယရှိရင် ခန္ဓါကိုယ် စမ်းသပ်စစ်ဆေးခြင်းနဲ့ အခြားစစ်ဆေးချက်တွေ လုပ်ဆောင်ရပါမယ်။ သင့်မှာintertitial hernia( အူကျခြင်း) ရှိနေပြီဆိုရင် ဆရာဝန်က barium ဓါတ်မှန် (သို့) မှန်ပြောင်းကြည့်ခြင်း (သို့) အာထရာဆောင်းကြည့်ပြီး ရောဂါအမည် သတ်မှတ်နိုင်ပါတယ်။
အဲဒီလို စစ်ဆေးချက်တွေက ဆရာဝန်တွေကို အတွင်းဘက် အစာအိမ်တည်နေရာကို မြင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
သင့်ဆရာဝန်က အကြံပေးနိုင်တဲ့ ကုသနည်းတစ်ချို့ရှိပါတယ်။
အခြား laproscopic မှန်ပြောင်းကြည့်ပြီး ခွဲစိတ်ကုသနည်းတွေနဲ့ လည်းပြုပြင်နိုင်ပါတယ်။ မှန်ပြောင်းကြည့်ပြီး ခွဲစိတ်ကုသတဲ့နည်းလမ်းဟာ သေးငယ်တဲ့ကင်မရာလေးနဲ့ အသေးငယ်ဆုံး ခွဲစိတ်ကိရိယာ များကို အသုံးပြုပြီး ခွဲစိတ်ဒဏ်ရာ အနည်းငယ်ပဲ ဖြစ်အောင် ခွဲစိတ်ကုသတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ပတ်ဝန်းကျင်က ကြွက်သား တစ်ရှုးတွေပျက်စီးမှု ကိုနည်းစေပါတယ်။
Open surgery(ဗိုက်ဖွင့်ပြီး ခွဲစိတ်ကုသခြင်း) လုပ်ပြီဆိုရင်တော့လူနာ ပြန်ကောင်းလာဖို့ အချိန်ကြာကြာပိုလိုအပ်ပါတယ်။ ၆လလောက်ထိ မလှုပ်ရှားနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ laproscopic မှန်ပြောင်းကြည့်ပြီး ခွဲစိတ်နည်းကတော့ လူနာအတွက် ပြန်လည်ကောင်းမွန်လာအောင် စောင့်ရမယ့် အချိန်တိုပါတယ်။ ဒါပေမယ့် hernia ( အူကျခြင်း) ရောဂါ ပြန်ဖြစ်နိုင်ချေ များပါတယ်။
Interstitial hernia ကို ထိန်းချုပ်ပေးနိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတွေနဲ့ အိမ်သုံးဆေးနည်းလမ်းတွေက ဘာတွေလဲ?
အောက်ပါ အကြံပြုချက်တွေကို လိုက်နာခြင်းအားဖြင့်ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။
သင့်မှာ မေးစရာမေးခွန်းတွေ ရှိနေပါက ဆရာဝန်နဲ့တွေ့ဆုံ ဆွေးနွေးပြီး သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေကိုရှာဖွေ နိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။