backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း) ကဘာလဲ။

ပုံမှန်အားဖြင့် ပါးစပ်နဲ့ အစာအိမ်ကို ဆက်သွယ်ပေးထားတဲ့ အစာမျိုပြွန်ဟာ အစာတွေကို ရွေ့လျားဖို့ ပုံမှန်စည်းချက်နဲ့ ညှစ်အားဖြစ်ပေါ်စေပါတယ်။ တခါတရံ ညှစ်အားဟာ ပုံစံမမှန်တဲ့ အခြေအနေကြုံနိုင်ပါတယ်။ အံဝင်ခွင်ကျမရှိတတ်ဘဲ တခါတရံညှစ်အားဟာ ပြင်းထန်နေတတ်ပါတယ်။

ဒီအခြေအနေကို အစာမျိုပြွန်ညှစ်အားမမှန်ခြင်း (DES) လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်ရင် အစာတွေ အစာအိမ်ထဲရောက်မသွားအောင် အတားအဆီး ဖြစ်သွားစေပါတယ်။ အစာနင်တတ်ပါတယ်။

တခါတရံ ညှစ်အားဟာမှန်ပေမယ့် ပုံမှန်ထက် ပိုပြီး ပြင်းထန်နေတတ်ပါတယ်။ အစာတွေဟာ အစာမျိုပြွန်ကို ဖြတ်သန်းပြီး ဝင်ရောက်သွားနိုင်ပေမယ့် အရမ်းနာကျင်ပါတယ်။

Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

သိပ်တော့မဖြစ်တတ်ပါဘူး။ အသက် ၆၀နဲ့ ၈၀ကြားအရွယ်မှာ ပိုဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ရင်ဘတ်ထဲတွင် ညှစ်ထားသလိုအောင့်နေခြင်း။ နာကျင်မှုဟာ ပြင်းထန်ပြီး နှလုံးကြောင့် အောင့်တယ်လို့ ထင်ရနိုင်ပါတယ်။
  • အစာမျီုရခက်ခဲခြင်း။ တခါတရံမှာ အမျိုးအစားပေါ် မူတည်နေတတ်ပါတယ်။ ဥပမာ ဝိုင်နီ၊ ပူလွန်းအေးလွန်းသော အရည်များ
  • အစာနင်နေသလို ခံစားရခြင်း
  • အစာနှင့်ရေများ ပြန်လည်တက်လာခြင်း

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အကြောင်းအရင်းကိုတော့ မသိရပါဘူး။ ဆရာဝန်အများကတော့ အစာမျိုချတဲ့လုပ်ငန်းရဲ့ အာရုံကြောပြသနာလို့ ယူဆကြပါတယ်။ လူတချို့မှာတော့ ပူလွန်းအေးလွန်းတဲ့ အစာတွေကြောင့် ဖြစ်တတ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အောက်ပါအချက်တွေမှာ မြင့်မားစေပါတယ်။

  • အသက်ကြီးခြင်း
  • အစာအိမ်လေချဉ်တက်ခြင်း
  • သွေးတိုးခြင်း
  • စိတ်ပူပန်ခြင်း၊ စိတ်ကျခြင်း

ဝိုင်နီ၊ ပူလွန်းအေးလွန်းသော အစား၊ အရည်များ စားသောက်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ဟာ သင့်ကို ရောဂါရာဇဝင်မေးပြီး အောကာင်းအရင်းကို ဖော်ထုတ်ပါလိမ့်မယ်။ ဘယ်အစားအစာတွေကြောင့် ဖြစ်စေလဲ၊ အစာနင်သလို ခံစားရသလား၊ တခြားဘာတွေဖြစ်သေးလဲ၊ ဘာဆေးတွေသောက်နေလဲ စတာတွေ မေးပါလိမ့်မယ်။

ရောဂါရှာဖွေမှုဟာ အစာမျိုပြွန်ဖိအားစစ်ဆေးခြင်းနဲ့ ဘေရီယမ်မျိုခြင်း စတဲ့နည်းတွေ ပါဝင်ပါတယ်။ အစာမျိုပြွန် ဖိအားစစ်ဆေးရာမှာ ပြွန်ငယ်နဲ့ ဖိအားတိုင်းကိရိယာ ပေါင်းစပ်ထားတဲ့ ကိရိယာပါပါတယ်။ ဘေရီယမ်နည်းမှာတော့ ဓါတ်မှန်ရိုက်ပါတယ်။

Esophageal spasm (အစာမျိုပြွန်ညှစ်အားမမှန်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသခြင်းမှာ အစာမျိုပြွန် ညှစ်အားမမှန်စေတဲ့ တခြားအခြေအနေတွေ ပိုမဆိုးသွားအောင် ကုသခြင်း ပါဝင်ပါတယ်။ အစားအသောက်၊ နေထိုင်မှုပုံစံပြောင်းလဲရပြီး အစာအိမ်ထဲမှာ အက်ဆစ်ဓါတ်နည်းစေတဲ့ ဆေးဝါးတွေ သောက်သုံးခြင်း ပါဝင်ပါတယ်။

တခြားနည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • စားနေတဲ့ အစာတွေကို ပြောင်းလဲပါ။ မျိုချရလွယ်ကူတဲ့ အစားအစာတွေ အရည်တွေ စားသုံးပါ။
  • အစာမျိုပြွန်ရဲ့ ကျဉ်းနေတဲ့နေရာကို ပစ္စည်းတမျိုး ထည့်သွင်းပြီး ချဲ့ခြင်းဖြစ်ပါတယ်။ တကြိမ်ထက်ပိုပြီး ကုသရတတ်ပါတယ်။
  • အစာမျိုပြွန်အောက်ပိုင်း ကြွက်သားတွေမှာ ပြသနာရှိသူတွေအနေနဲ့ ခွဲစိတ်မှု ခံယူရတတ်ပါတယ်။
  • ပစ္စည်းထည့်ချဲ့ခြင်း၊ ခွဲစိတ်ခြင်း စတာတွေ မပြုနိုင်တဲ့ အခြေအနေမှာ အစာမျိုပြွန်ကြွက်သားကို ပြေလျော့စေတဲ့ ဆေးဝါးတွေ သုံးစွဲရတတ်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အစာမျိုပြွန်ညှစ်အားမမှန်ခြင်း အတွက် အထောက်အကူ ပြုသလဲ

အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

  • ရောဂါကို အစပျိုးစေနိုင်တဲ့ အစားအသောက်တွေကို ရှောင်ပါ။
  • နွေးတဲ့ ဒါမှမဟုတ် အေးတဲ့ အစာတွေ စားပါ။ ပူလွန်းအေးလွန်းတဲ့အစာတွေကို အနည်းငယ်စောင့်ပြီးမှစားပါ။
  • စိတ်ဖိစီးမှုကို အဖြေရှာပါ။ စိတ်ဖိစီးချိန်မှာ ရောဂါပိုဆိုးတတ်ပါတယ်။
  • ပူရှိန်းငုံဆေးများငုံပါ။ လည်ချောင်းကြွက်သားတွေကို ပြေလျော့စေပြီး အစာမျိုပြွန်ညှစ်အားမမှန်ခြင်းကို သက်သာစေပါတယ်။ ပူရှိန်းကို လျှာအောက်မှာ ထားငုံရမှာ ဖြစ်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement