ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ကတော့ သန်ကောင်ဝင်ခြင်း အဖြစ်များတဲ့ နေရာ (သို့) သန်ကောင်ကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ အဖြစ်များတဲ့ နေရာတွေမှာ နေထိုင်တယ်ဆိုရင်တော့ Albendazole (400mg) (သို့မဟုတ်) Mebendazole (500mg) တစ်ကြိမ်ကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကိုယ်ဝန် ပထမ၃လ နောက်ပိုင်းမှာ သောက်နိုင်ပါတယ်။
ပုံမှန်သံချပေးတာအပြင် သန်ကောင်မဝင်လာအောင် ကြိုတင်ကာကွယ်ခြင်းကလည်း အရေးကြီးတာကြောင့်
- အသားစိမ်း၊ ငါးစိမ်းတွေကို စားသောက်တာ ရှောင်ကြဉ်ပါ။
- အသား၊ ငါးတွေကို သေသေချာချာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားပါ။
- သေသေချာချာ သန့်စင်ထားတဲ့ ရေသန့်ကိုသောက်ပါ။ ရေသန့်မရှိတဲ့နေရာတွေမှာ ဆိုရင်လည်း ရေကို ကျိုချက်ပြီး သောက်ပါ။
- အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း သေသေချာချာ ဆေးကြော သန့်စင်ပေးပါ။
- အစားအစာတွေ မကိုင်တွယ်ခင်၊ ကိုင်တွယ်ပြီး ၊ ကလေးကို အစားအစာမကျွေးခင် နဲ့ အိမ်သာအသုံးပြုပြီး၊ ညစ်ပတ်တဲ့အရာတွေကို ကိုင်တွယ်အပြီး စတဲ့ အချိန်တွေမှာ လက်ကို စင်ကြယ်အောင်ဆေးဖို့ မမေ့ပါနဲ့။
- မိမိ ကိုယ်ခန္ဓာသန့်ရှင်းရေးအပြင် မိမိကလေးငယ်ရဲ့ သန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။
- ဗွက်တွေ၊ ရွှံ့တွေရှိတဲ့နေရာတွေကို သွားတဲ့အခါ ဖိနပ်သေသေချာချာစီးပါ။
စတဲ့ ကြိုတင်ကာကွယ်မှုတွေကိုလည်း လိုက်နာဖို့ လိုအပ်ပါတယ်။
ဒီဆောင်းပါးလေးဖတ်ပြီးတဲ့အခါမှာ သန်ကောင်တွေရဲ့ ရန်ကနေ ကင်းဝေးစေဖို့အတွက် သန့်ရှင်းအောင် နေထိုင် စားသောက်ဖို့ရော၊ သန်ချဖို့ရော မမေ့ကြပါနဲ့နော်။
ရေးသားသူ- Khine Phoo Ngon
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။