အသည်းရောင် အသားဝါဘီပိုးကို ကုသနိုင်ပါသလား။
အမြစ်ပြတ်ပျောက်ကင်းနိုင်တော့ မကုသနိုင်သေးပါဘူး။ လောလောလတ်လတ် ကူးစက်ခံထားရသူတချို့မှာတော့ အလိုလို ပျောက်ကင်းတတ်ပါတယ်။ နာတာရှည်ဖြစ်သွားရင်တော့ ဆေးဝါးများနဲ့ ထိန်းထားနိုင်ပါတယ်။
သင့်မှာ အသည်းရောင် အသားဝါဘီပိုး ရှိပါက ဘာလုပ်သင့်ပါသလဲ။
၆လနဲ့ အထက် ဘီပိုးရှိပါက နာတာရှည် အသည်းရောင် အသားဝါဘီပိုး ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒီအခါမှာ အသည်းအထူးကုနဲ့ ပြသပြီး အသည်းအခြေအနေကို သိရှိရန် သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းများ ပြုလုပ်သင့်ပါတယ်။ နာတာရှည် အသည်းရောင်အသားဝါဘီပိုးရှိတဲ့သူတွေက သေချာကုသမှု ခံယူရင် သက်တမ်းစေ့နေနိုင်ပါတယ်။
နာတာရှည် အသည်းရောင်အသားဝါဘီပိုး ရှိပါက ပိုးသည် သွေးနဲ့ အသည်းမှာ အချိန်အကြာကြီးတသက်လုံးရှိနေမှာ ဖြစ်ပါတယ်။ သင့်မှာ ရောဂါလက္ခဏာမပြရင်တောင်မှ အခြားသူများကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် မိမိနဲ့ အတူနေသူများနဲ့ လိင်ဆက်ဆံဖော်များကို ဘီပိုးရှိမရှိစစ်ဆေးပြီး ကာကွယ်ဆေးထိုးထားသင့်ပါတယ်။
နာတာရှည် အသည်းရောင် အသားဝါဘီပိုးရှိသူအတွက် ဘာအကြံဉာဏ်များ ပေးသင့်ပါသလဲ။
အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ ကတော့ အရက်က အသည်းကို ဘေးဖြစ်စေနိုင်တာကြောင့် အရက်သောက်ခြင်းမှ လုံးဝရှောင်ကြဉ်ပါ။ ဒီလိုပဲ ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဆေးဝါးများ၊ အားဆေးများ၊ သဘာ၀ ဆေးဖက်ဝင်ဆေးများ မသောက်မီ ဆရာဝန်နဲ့ အရင်ဆွေးနွေးသင့်ပါတယ်။
နာတာရှည်အသည်းရောင်အသားဝါဘီပိုးရှိသူများအတွက် စားသောက်မှုပုံစံသက်သက်မရှိပေမယ့် သင့်တင့်မျှတတဲ့ အစားအသောက်၊ အဆီနည်းပြီး အသီးအရွက်များတဲ့ စားသောက်မှု ပုံစံများ မှီဝဲသင့်ပါတယ်။ ပင်လယ်စာအစိမ်းမှာ အသည်းကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားပိုးများ ပါဝင်တာကြောင့် ပင်လယ်စာအစိမ်းစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
အားကစားများပုံမှန်လုပ်တာက ကျန်းမာသောဘဝကို ရရှိစေနိုင်ပါတယ်။ ဒါက ဆေးကုသမှုမဟုတ်ပေမယ့် သင့်ရောဂါကို သက်သာစေရန် ကူညီပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။